BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ငွေစက္ကူတွေကတဆင့်...
သတင်းအတု

ငွေစက္ကူတွေကတဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သလား

COVID – 19 ဟာငွေစက္ကူတွေဆီကတဆင့် ကူးစက်နိုင်ချေများတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေနဲ့ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  6 Sept 2020 12:44 PM IST
  • ငွေစက္ကူတွေကတဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သလား

    ဒီသတင်းကို ဆူး နှင်းဆီ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ မန်းလေး သတင်းများ စုစည်းရာ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁ ရက်က ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူအများအပြားလည်း ရှိနေပါတယ်။ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ငွေစက္ကူတွေကနေ Coronavirus ကို ပျံ့နှံ့စေနိုင်လားဆိုတာနဲ့ ပါတ်သတ်ပြီး နိုင်ငံတကာ အချက်အလက်ဆန်းစစ်တဲ့အဖွဲ့တွေမှာ ကိုဗစ်ဖြစ်ပွားတဲ့အစောပိုင်းကာလတွေကတည်းက ဆန်းစစ်ကြပြီးဖြစ်သလို အိန္ဒိယ BOOM အဖွဲ့ကရေးသားထားတဲ့ဆောင်းပါးကိုလည်း Boom Myanmar မှာ ဘာသာပြန်ဆိုဖေါ်ပြထားပြီးဖြစ်ပါတယ်။


    ငွေစက္ကူတွေမှာကိုရိုနာဗိုင်းရပ်စ်ကပ်တွယ်ပြီးလူတွေကို ကူးစက်နိုင်တဲ့ မှန်းဆရေးသားချက်တွေများစွာကြောင့် လူတွေအနေနဲ့ထိတ်လန့်ရသလိုပြည်တွင်းမှာလည်း ငွေစက္ကူတွေကို ပြန်လည်လျှော်ဖွတ်ဆေးကြောတာ၊ မီးပူတိုက်ပြီးသုံးစွဲတာစတဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်။

    တကယ်တော့ လေ့လာမှုတွေအရ ဒီနေ့အထိ COVID – 19 ဟာ ငွေစက္ကူတွေဆီမှာ ကြီးထွားအသက်ရှင်နိုင်ခြင်းနဲ့ ပျံ့နှံ့ကူးစက်နိုင်ခြင်း ရှိ၊ မရှိ ဆိုတာကို သက်သေပြနိုင်တဲ့အချက် မရှိသေးပါဘူး။

    ဒီရောဂါပိုးဟာ ငွေစက္ကူတွေဆီကနေ ပျံ့နှံ့ကူးစက်နိုင်တာနဲ့ပါတ်သတ်ပြီးယခင်ဆောင်းပါးမှာဖေါ်ပြထားတဲ့အထဲ ကထုတ်နုတ်တင်ပြရရင် "တိကျသေချာတဲ့ သိပ္ပံစမ်းသပ်ချက်တွေအရ Coronavirus ဟာ ငွေစက္ကူတွေကနေတဆင့် ပျံ့နှံ့ကူးစက်နိုင်တယ်လို့ ဆိုထားခြင်း မရှိကြာင်းနဲ့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ကတော့ ငွေစက္ကူတွေကိုင်တွယ်မယ်ဆိုရင် သန့်ရှင်းမှုရှိဖို့သာ အကြံပြုထားကြောင်း၊ အိန္ဒိယဗဟိုဘဏ်ဖြစ်တဲ့ Rerserve Bank of India (RBI) ကတောင်မှ ငွေစက္ကူအသုံးပြုမှုကို ရှောင်ကြဉ်ကြဖို့ ထုတ်ပြန်ချက်မရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးက အဖွဲ့အစည်းတွေကတော့ ငွေစက္ကူသုံးစွဲခြင်းကို ခဏလောက် ရှောင်ဖို့၊ လျှော့ဖို့လည်း အကြံပြုထားကြောင်းနဲ့ ငွေစက္ကူသုံးစွဲရာမှာ လိုက်နာဘို့ အကြံပြုချက်တွေ ထည့်သွင်းရေးသားထားပါတယ်။

    BOOM ကဖော်ပြခဲ့တဲ့ မူရင်းဆောင်းပါးကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ရိုက်တာသတင်းဌာနကလည်း ကိုရိုနာဗိုင်းရပ်စ်က ငွေစက္ကူတွေမှာမှ ထူးပြီးအန္တရယ်ရှိနေတာ မဟုတ်ဘူးလို့ ဂျာမန်ရောဂါကျွမ်းကျင်သူတွေက ပြောဆိုထားတယ်ဆိုတဲ့ သတင်းကို မတ်လ ၁၂ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသေးတယ်။ ရိုက်တာမှာ ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်း ICA (International Currency Association) ကလည်း ငွေစက္ကူတွေဆီကနေ ပျံ့နှံ့ကူးစက်နိုင်တာနဲ့ ပါတ်သတ်ပြီး WHO ရဲ့အကြံပေးချက်ကို ကိုးကားကာ ဧပြီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ "ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO အနေနဲ့ ငွေစက္ကူကိုင်တွယ် တားမြစ်ထားတာမျိုးမရှိပေးမယ့် လက်များကို မကြာခဏေ ဆးကြောဖို့နဲ့ အခြေခံသန့်ရှင်းရေးပြုလုပ်ခြင်းကို လိုက်နာဖို့လိုအပ်တယ်လို့ ပြောဆိုထားကြောင်း ရေးသားဖော်ပြထားပါတယ်။ ICA ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    ကျန်းမာရေးဝန်ကြီးဌာနက သတိပေးဆိုတဲ့ အချက်ကို ဆန်းစစ်ရာမှာတော့ ဒီသတင်းကိုရေးသားနေချိန် စက်တင်ဘာလ ၄ ရက်နေ့အထိ COVID – 19 ဟာ ငွေစက္ကူတွေဆီကတဆင့် ကူးစက်နိုင်ချေများလို့ ကြေငြာထားခြင်း မရှိသေးပါဘူး။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကထုတ်ပြန်ထားတဲ့ အသေးစိတ်ေကြေငြာချက်တွေကို ဒီနေရာ မှာ သွားရောက်လေ့လာ နိုင်ပါတယ်။

    Tags

    transmit coronavirusBanknotesavoid cash paymentsငွေစက္ကူCOVID-19#Corona Myanmar
    Read Full Article
    Claim :   COVID – 19 ဟာငွေစက္ကူတွေဆီကတဆင့် ကူးစက်နိုင်ချေများတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေနဲ့ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!