BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲရုံတာဝန်ကျ ဆရာမ ၁၆...
သတင်းအတု

မဲရုံတာဝန်ကျ ဆရာမ ၁၆ ဦးကိုဖမ်းဆီးတယ်ဆိုတဲ့သတင်းအမှား

မဲရုံတာဝန်ကျ ဆရာမ ၁၆ ယောက်ကို တပ်မတော်က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှားတွေလူမှုကွန်ရက်ပေါ်မှာပျံ့နှံခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  16 Dec 2020 11:21 AM IST
  • မဲရုံတာဝန်ကျ ဆရာမ ၁၆ ဦးကိုဖမ်းဆီးတယ်ဆိုတဲ့သတင်းအမှား

    ဒီဇင်ဘာလ ၅ ရက်နေ့ကစတင်ပြီး ဖြန့်ဝေနေတဲ့ ဒီပိုစ့်တွေမှာ ရေးသားထားတာက "မဲရုံမှာ တာဝန်ပေးထားတဲ့ ဆရာမ ၁၆ ယောက်ကို ဒီနေ့ (ဒီဇင်ဘာ ၅) နေ့လည်မှာ စတင်ဖမ်းစီးလိုက်ကြောင်း၊ နောက်ထက် ၄၈ ယောက်ကျန်နေသေးကြောင်း၊ အချို့ဆရာမတွေက ထွက်ပြေးတိမ်းရှောင်နေပြီး အမတ်အချို့လဲ မျက်ခုံးလှုပ်နေရပြီဖြစ်ကြောင်းနဲ့ တပ်မတော်က လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း" တွေ ပါဝင်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မဲရုံတာဝန်ကျ ဆရာမ ၁၆ ယောက်ဖမ်းဆီးခံရတယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေဟာ သတင်းမှားသာ ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေနဲ့ တရားစွဲခံရသူ ဆရာ၊ ဆရာမ ခြောက်ဦးရှိပြီး ယင်းအနက် ၂ ဦးမှာ အမှုရင်ဆိုင်နေရဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ဖမ်းဆီးခံထားရခြင်း မရှိပါဘူး။

    ဒါနဲ့ ပတ်သကပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာပဲ မြန်မာတိုင်းမ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    ပြီးခဲ့တဲ့ ၂၀၂၀ အထွေထေ ွရွေးကောက်ပွဲမှာ နိုင်ငံတဝန်းက မဲရုံတွေမှာ တာဝန်ယူခဲ့တဲ့ ဆရာ၊ ဆရာမပေါင်း၂ သိန်းခန့်ရှိပြီး တရားစွဲဆိုခံရသူတွေကို ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ဖို့ အခြေခံပညာ ပညာရေး လုပ်သားများ သမဂ္ဂ(BEWU)၊ MTF နှင့် တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ် ဆရာသမဂ္ဂများကွန်ရက် (UTA-Network) တို့ ပူးပေါင်းပြီး အရေးပေါ်တုံ့ပြန်ဖြေရှင်းရေး ကော်မတီကို နိုဝင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားပါတယ်။

    Tags

    16 teacher arrestedpolling station teachersElectionတပ်မတော်ရွေးကောက်ပွဲဥပဒေ
    Read Full Article
    Claim :   မဲရုံတာဝန်ကျ ဆရာမ ၁၆ ယောက်ကို တပ်မတော်က ဖမ်းဆီးလိုက်တယ်ဆိုပြီး လူမှုကွန်ရက်ပေါ် ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!