BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တန်ဘိုးကြီးဖုန်းနဲ့...
သတင်းအတု

တန်ဘိုးကြီးဖုန်းနဲ့ ငွေသားကံစမ်းမဲတွေနဲ့ လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

နာမည်ကြီးသရုပ်ဆောင်နဲ့ အွန်လိုင်းပေါ်က ထင်ပေါ်သူအချို့ရဲ့ နာမည်တွေ အသုံးချကာ တန်ဖိုးကြီးဖုန်းနဲ့ ငွေသားတွေပေးမယ်လို့ သွေးဆောင်ပြီး ပိုစ့်တွေဖြန့်ဝေခိုင်းနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  30 Jan 2024 2:47 PM IST
  • တန်ဘိုးကြီးဖုန်းနဲ့ ငွေသားကံစမ်းမဲတွေနဲ့ လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

    ဒီလို အကြောင်းအရာတွေကို 𝐄𝐚𝐢𝐧𝐝𝐫𝐚𝐚𝐊𝐲𝐚𝐰𝐙𝐢𝐢𝐧၊ 𝐏𝐡𝐘𝐮 𝐩𝐡𝐘𝐮 𝐡𝐓𝐰၊ 𝗡𝗮𝘆 𝗡𝗮𝘆𝗦𝗮𝗻𝗻𝗻 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အမြောက်အများလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်လို နာမည်ကြီးသရုပ်ဆောင်နဲ့ အွန်လိုင်းပေါ်က ထင်ပေါ်သူအချို့ရဲ့ နာမည်တွေ အသုံးချကာ နံပါတ်တွေ ခန့်မှန်းခိုင်းခြင်း၊ ပိုစ့်တွေကို ဖြန့်ဝေခိုင်းခြင်းနဲ့ မွေးနေ့ ရက်တွေလိုမျိုး အချက်အလက်တွေ ရေးစေပြီး ကံထူးသူကို iphone 14 pro max နဲ့ ငွေသားဆုတွေ ပေးမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

    အချို့ပိုစ့်တွေရဲ့ အောက်မှာ မှတ်ချက်ပေးမှုပေါင်း တစ်သောင်းနီးပါးထိ ရှိပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ထောင်ကျော်ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင်လိမ်ညာရေးသားထားပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ သရုပ်ဆောင်တွေ၊ ဆိုရှယ်မီဒီယာပေါ်က နာမည်ထင်ပေါ်သူတွေရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်တွေ မဟုတ်ပါဘူး။ ဒီဖေစ့်ဘွတ်ပေချ့်တွေမှာ ကံစမ်းမဲပေးမယ်ဆိုပြီး ဖြန့်ဝေထားတဲ့ ပိုစ့်အနည်းငယ်ကလွဲရင် တခြားပိုစ့်တွေ ဖြန့်ဝေထားတာ မတွေ့ရပါဘူး။

    ပိုစ့်အောက်က မှတ်ချက်ပေးသူတွေကို အလိုအလျောက်ပြန်လည် ဖြေကြားတဲ့ မှတ်ချက်မှာလည်း ‘ဤသည်မှာ ဆုရရှိသူများထဲမှ အချို့ဖြစ်သည်။ ဆုရရှိရန် အခွင့်အရေးမှာ ဆုရရှိရန် ဝင်ခွင့်ဖောင်ကိုဖြည့်ပြီး ယခုပင် စာရင်းပေးသွင်းလိုက်ပါ’ လို့ ရေးသားပြီး ဝင်ရောက်ရမယ့် လင့်တစ်ခု ချပေးထားပါတယ်။ ဒါဟာ ဆိုရှယ်မီဒီယာတွေပေါ်က လိမ်နည်း တမျိုးဖြစ်ပြီး ပေချ့် follower များလာ ချိန်မှာ တခြားစီးပွားရေး တခုခုပြုလုပ်ခြင်း (သို့) တခြားသူတစ်ဦးကို ပြန်လည်ရောင်းချခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

    ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း အခုလိုဖြစ်စဉ်နဲ့ ပုံစံတူ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ဖေစ့်ဘွတ် live တစ်ခုကို အသုံးပြုပြီး လိမ်လည်ခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါသေးတယ်။

    ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ အခုဖြန့်ဝေနေတာ ဖေစ့်ဘွတ်ပေချ့် like များအောင်နဲ့ follower တိုးအောင် လိမ်ညာထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

    Tags

    donateiphonesFake donationကံစမ်းမဲအတုFake Facebook livefake lucky drawActress
    Read Full Article
    Claim :   ပိုစ့်တွေ ဖြန့်ဝေရုံနဲ့ တန်ဘိုးကြီးဖုန်းနဲ့ ငွေသားတွေပေးမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!