BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KFC နှစ်ပတ်လည်နေ့အထိမ်အမှတ်...
သတင်းအတု

KFC နှစ်ပတ်လည်နေ့အထိမ်အမှတ် လက်ဆောင်ပေးမယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

KFC FANS ဖေစ့်ဘွတ်ပေချ့်ပုံစံ ပြုလုပ်ကာ ပိုစ့်အောက်မှ မှတ်ချက်ပေးသူတွေကို ကြက်သားကြော် ပုံးသုံးပုံး အခမဲ့ ရယူနိုင်တဲ့ ဘောက်ချာတွေ ပေးနေပြီဆိုပြီး လိမ်လည်နေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  17 Nov 2023 11:30 AM IST
  • KFC နှစ်ပတ်လည်နေ့အထိမ်အမှတ် လက်ဆောင်ပေးမယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကမှ ပေချ့်စတင်ထောင်ထားတဲ့ KFC FANS ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုကနေKFC ရဲ့ 71 နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပိုစ့်အောက်မှာ 'မျှဝေ ပြီးပြီ' လို့ ရေးသူတိုင်း ကြက်သားကြော် သုံးပုံးအခမဲ့ ရယူနိုင်တဲ့ ဘောက်ချာတွေ ပေးပို့နေတယ်လို့ ရေးသားဖြန့်ဝေနေတာပါ။

    KFC FANS ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့် မှာ ဒီလို အခမဲ့ ဘောက်ချာပေးမယ်ဆိုတဲ့ ပိုစ့်တွေ ၄ ခုနီးပါး ဖြန့်ဝေထားတာ တွေ့ရပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ရက်ပိုင်းသာရှိသေးတဲ့ KFC FANS ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို like လုပ်ထားသူ တစ်သောင်းကျော်နဲ့ follow လုပ်ထားသူ တစ်သောင်းခြောက်ထောင် ကျော် ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီလို ကံစမ်းမဲ စမ်းလို့ရပြီ၊ လက်ဆောင်ပေးမယ် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ ပက်သက်ပြီး BOOM က စုံစမ်းရေးသားမှုတွေ လုပ်ခဲ့ပေမယ့် ဒီဖေစ့်ဘွတ်ပေချ့်အတုတွေက မကြာခင်ပြန်ပေါ်လာပြီး ထပ်မံလိမ်လည်မှုတွေ လုပ်နေတာပါ။

    အခု ဖြန့်ဝေနေတဲ့ အခမဲ့ ကြက်သားကြော်ရမယ်ဆိုတဲ့ ဘောက်ချာနဲ့ ပတ်သက်ပြီး လိမ်လည်ဖြန့်ဝေနေတဲ့ သတင်းအမှားသာ ဖြစ်ကြောင်း KFC Myanmar ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၁၄ ရက်နေ့က ပြန်လည်ဖြေရှင်းထားပါတယ်။


    KFC FANS ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ KFC Myanmar နဲ့ ပတ်သက်မှု မရှိကြောင်းနဲ့ စားသုံးသူတွေကို အထင်အမြင်လွဲမှားစေတဲ့ Page အတု သာဖြစ်ကြောင်း ပြန်လည်ရေးသား ထားပါတယ်။

    KFC Myanmar ရဲ့ ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အခုပေါ်နေတဲ့ KFC FANS ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ လိမ်ပုံ လိမ်နည်းတူတဲ့ 𝘚𝘢𝘮𝘴𝘶𝘯𝘨 𝘍𝘢𝘯𝘴 ပေချ့်ဆိုတဲ့ တစ်ခုဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ပေါ်ခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ်ခဲ့ပါသေးတယ်။


    သတင်းကို ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ဒီလို ဖုန်းပေးမယ်၊ ငွေပေးမယ်ဆိုပြီး လူတွေကို မက်လုံးပေးကာ ပေချ့်တွေကို like ပေးခိုင်း ပိုစ့်တွေကို ဖြန့်ဝေခိုင်းကာ လိမ်လည်နေတာတွေကို သတိထားဖို့ လိုပါတယ်။

    Tags

    fried chickenfree voucherFake lucky drawFake facebook pageKFC FANSသတင်းအမှား
    Read Full Article
    Claim :   KFC နှစ်ပတ်လည်နေ့အထိမ်အမှတ် ကြက်ကြော်အလကား ရမယ့် ကူပွန်တွေ ပေးမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!