BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆမ်ဆောင်းဖုန်းအသစ်နဲ့...
သတင်းအတု

ဆမ်ဆောင်းဖုန်းအသစ်နဲ့ ငွေပေးမယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

ဆမ်ဆောင်းဖုန်း ပရိတ်သတ် (Samsung Fans) ဖေစ့်ဘွတ်ပေချ့်ပုံစံ ပြုလုပ်ကာ ပေချ့်ကို like နဲ့ share ပြုလုပ်ခိုင်းကာ ဆမ်ဆောင်းဖုန်းအသစ်နဲ့ ငွေပေးမယ်ဆိုပြီး လိမ်လည်နေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 July 2023 4:45 PM IST
  • ဆမ်ဆောင်းဖုန်းအသစ်နဲ့ ငွေပေးမယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

    ဇူလိုင်၂၀ ရက်နေ့ကမှ ပေချ့်စတင်ထောင်ထားတဲ့ 𝘚𝘢𝘮𝘴𝘴𝘶𝘯𝘨-𝘍𝘢𝘯𝘴 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုကနေ 'SAMSUNG ၏ မွေးနေ့ကို ဂုဏ်ပြုရန်အတွက် ဇူလိုင်လ 25 ရက်နေ့အထိ "ပျော်ရွှင်ပါစေ" ဟု မှတ်ချက်ပေးသူတိုင်း Samsung ဖုန်းအသစ်နှင့် ငွေသားရရှိမည်ဖြစ်သည်။ ကံကောင်းပါစေ! မှတ်ချက်- ဆုရရှိသူကို သီးသန့်စာတိုဖြင့် ဆက်သွယ်ပေးပါမည်' လို့ ရေးသား ဖြန့်ဝေနေတာပါ။

    ဒီဖေစ့်ဘွတ်ပေချ့်က ဖြန့်ဝေတဲ့ အခြားပိုစ့်တွေမှာတော့ ဆမ်ဆောင်းဖုန်းပုံနဲ့ နံပါတ်တွေအများကြီးရေးထားတဲ့ ပုံကို ပြထားကာ 'ယခုအချိန်အထိ 89 မှလွဲ၍ အခြားနံပါတ်ကို မည်သူမျှမတွေ့ရသေးဘဲ Samsung 2023 ဆုရှင်အသစ်လည်း မတွေ့ရသေးပါ။ နောက်ထပ် နံပါတ် 1 ခုကျန်သေးသည်' လို့ ရေးသားဖြန့်ဝေထားပါတယ်။

    ရက်ပိုင်းသာရှိသေးတဲ့ 𝘚𝘢𝘮𝘴𝘴𝘶𝘯𝘨-𝘍𝘢𝘯𝘴 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို like လုပ်ထားသူ ၂၅၀၀ ကျော်နဲ့ follow လုပ်ထားသူ ၂၉၀၀ ကျော် ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖုန်းပေးမယ်၊ ငွေပေးမယ်နဲ့ ကံစမ်းမဲလက်ဆောင်ပေးမယ်ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ ပက်သက်ပြီး BOOM က စုံစမ်းရေးသားမှုတွေ လုပ်ခဲ့ပေမယ့် ဒီဖေစ့်ဘွတ်ပေချ့်အတုတွေက မကြာခင်ပြန်ပေါ်လာပြီး ထပ်မံလိမ်လည်မှုတွေ လုပ်နေတာပါ။ ဒီပေချ့်တွေမှာ ဖော်ပြထားတဲ့ ဖုန်းတွေကို ဆက်သွယ်ကြည့်ရာမှာ အများစုက ပိတ်ထားတာ တွေ့ရပါတယ်။ ပြန်လည်ဖြေကြားတဲ့ ဖုန်းအချို့ကလည်း သတင်းမီဒီယာက ဆက်သွယ်ကြောင်း သိရှိတာနဲ့ ဖုန်းချပစ်ခြင်း၊ ဘလော့ခြင်းတွေ ပြုလုပ်တာ တွေ့ရပါတယ်။

    အခုပေါ်နေတဲ့ 𝘚𝘢𝘮𝘴𝘴𝘶𝘯𝘨-𝘍𝘢𝘯𝘴 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ လိမ်ပုံ လိမ်နည်းတူတဲ့ 𝘚𝘢𝘮𝘴𝘶𝘯𝘨 𝘍𝘢𝘯𝘴' တစ်ခုဟာလည်း ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ပေါ်ခဲ့ပါသေးတယ်။ အဆိုပါ ပေချ့်ကလည်း ဆမ်ဆောင်းရဲ့ ၈၄ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ မွေးနေ့ဆုတောင်းပေးသူတိုင်းကို ဆမ်ဆောင်း ဖုန်းအသစ် ပေးပို့ခဲ့တယ်ဆိုပြီး လုပ်ကြံဖြန့်ဝေခဲ့ပါသေးတယ်။


    ဒီဖေစ့်ဘွတ်ပေချ့်က ဆမ်ဆောင်ဖုန်း အသစ်ပေးတယ်ဆိုတဲ့ အထောက်အထား တစ်ခုမှ ယနေ့ချိန်အထိ ရှိမနေပါဘူး။

    အခုချိန်မှာတော့ ဒီဖေစ့်ဘွတ်ပေချ့်မှာ ပိုစ့်တွေ ထပ်တင်ထားတာ မတွေ့ရတော့ပါဘူး။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဖြန့်ဝေထားတဲ့ ပိုစ့်တွေရဲ့အောက်မှာ ပေချ့်က မှတ်ချက်ပေးထားတာမှာ 'ကျွန်ုပ်တို့၏ တရားဝင် ကြိုဆိုပါတယ်။ အနိုင်ရရန် အောက်ပါအဆင့်များကို လိုက်နာပါ။ ကျွန်ုပ်တို့၏ page ကို Like လုပ်ပါ။ ဤပို့စ်ကို သင့်အဖွဲ့များ သို့မဟုတ် သူငယ်ချင်းများနှင့် မျှဝေပါ။ ဒီမှာ တစ်ခုခုရှိလား။ သင်ကံကောင်းပါက ကျွန်ုပ်တို့အဖွဲ့မှ သင့်အား သီးသန့်စာတိုတစ်စောင်ပေးပို့ပါမည်။ ဒီ​နေ့ ကျွန်​​တော်​တို့ရဲ့ message ကို ကြည့်​လိုက်​ပါ' စတဲ့ အစီအစဉ်မကျတဲ့ မြန်မာစာအရေးအသားနဲ့ မှတ်ချက်တွေ ပေးထားပါတယ်။

    ဒီလို အရေးအသားတွေဟာ တခြားဘာသာစကား တစ်ခုခုကနေ Google translate အသုံးပြုပြီး မြန်မာဘာသာကို တိုက်ရိုက် ပြောင်းလဲ ထားတဲ့ ပုံစံတွေ ဖြစ်နေပါတယ်။

    ဒါကြောင့် ဒီလို ဖုန်းပေးမယ်၊ ငွေပေးမယ်ဆိုပြီး လူတွေကို မက်လုံးပေးကာ ပေချ့်တွေကို like ပေးခိုင်း ပိုစ့်တွေကို ဖြန့်ဝေခိုင်းကာ လိမ်လည်နေတာတွေကို သတိထားဖို့ လိုပါတယ်။

    Tags

    fake Facebook pageSamsung FanSamsungဆမ်ဆောင်းဖုန်းGive away moneyLucky draw
    Read Full Article
    Claim :   ပေချ့်ကို like နဲ့ share ပြုလုပ်ပေးပါက ဆမ်ဆောင်းဖုန်းအသစ်နဲ့ ငွေပေးမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!