BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နာမည်ကြီး ကုန်ပစ္စည်းနာမည်နဲ့...
သတင်းအတု

နာမည်ကြီး ကုန်ပစ္စည်းနာမည်နဲ့ လိမ်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုများ

နာမည်ကြီး ကုန်ပစ္စည်းတွေရဲ့ နာမည်တွေအသုံးပြုကာ ဖေစ့်ဘွတ်ပေချ့်တွေ ပြုလုပ်ပြီး ငွေသားနဲ့ စျေးဝယ်ဘောက်ချာတွေ ပေးနေတယ်ဆိုတဲ့ လိမ်လည်မှုပုံစံတွေ များပြားလာပါတယ်။

By - Boom Live Myanmar |
Published -  24 Nov 2023 8:07 PM IST
  • နာမည်ကြီး ကုန်ပစ္စည်းနာမည်နဲ့ လိမ်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုများ

    လပိုင်းအတွင်းမှာ နာမည်ကြီး ကုန်ပစ္စည်းတွေရဲ့ နာမည်နဲ့ Fans ပေချ့် ဆိုပြီး ဖေစ့်ဘွတ်ပေချ့်အတုတွေ ဖွင့်ပြီး ကံစမ်းမဲ၊ ငွေသားနဲ့ အခမဲ့ စျေးဝယ်ဘောက်ချာတွေ ပေးတယ်ဆိုပြီး လိမ်လည်နေတာတွေ အများအပြား ရှိလာပါတယ်။

    ပထမ တစ်ခုအနေနဲ့ ပေချ့်ထောင်ပြီး ၂ ရက်အတွင်း follower တစ်သောင်းနှစ်ထောင်ကျော်နဲ့ like လုပ်ထားသူ ခုနှစ်ထောင်ကျော် ရှိနေတဲ့ Makro Fans ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ‘Happy Birthday’ ရေးသူတိုင်းကို လက်ဆောင်ပေးမယ်ဆိုပြီး လိမ်လည်နေတဲ့ ပိုစ့်ကို နိုဝင်ဘာလ ၂၀ ရက်နေ့က ဖြန့်ဝေထားပါတယ်။

    ပိုစ့်တင်ပြီး ၂ ရက်အတွင်း ထပ်ဆင့်ဖြန့်ဝေမှု ၂ သောင်း နီးပါး ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ‘Makro ၏ မွေးနေ့ကို ဂုဏ်ပြုရန်အတွက် 2023 ခုနှစ် နိုဝင်ဘာလ 23 ရက်နေ့ မတိုင်မီ ကျွန်ုပ်တို့၏ PAGE တွင် "Happy Birthday" ရေးသူတိုင်း အိတ်လှလှလေးများ ရရှိမည်ဖြစ်ပြီး သီးသန့်ဆုများကို ငွေသားနှင့် ဈေးဝယ်ဘောက်ချာပုံစံဖြင့် လက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ကံကောင်းပါစေ’ လို့ ရေးသားဖြန့်ဝေနေတာပါ။

    အလားတူ နောက်ထပ် City Mart Fans ဆိုတဲ့ ပေချ့်ကလည်း အထက်ကအတိုင်း ရေးသားပြီး နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေခဲ့ရာမှာ ထပ်ဆင်ဖြန့်ဝေမှု ခြောက်ရာကျော် ရှိနေပါတယ်။

    City Mart Fans ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို နိုဝင်ဘာ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ထားတာ တွေ့ရပြီး like နဲ့ follower ရာဂဏန်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီလို ကံစမ်းမဲ စမ်းလို့ရပြီ၊ လက်ဆောင်ပေးမယ် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ ပက်သက်ပြီး BOOM က စုံစမ်းရေးသားမှုတွေ လုပ်ခဲ့ပေမယ့် ဒီဖေစ့်ဘွတ်ပေချ့်အတုတွေက မကြာခင်ပြန်ပေါ်လာပြီး ထပ်မံလိမ်လည်မှုတွေ လုပ်နေတာပါ။

    အခု ဖြန့်ဝေနေတဲ့ Makro Fans ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ရဲ့ မွေးနေ့ဆုတောင်းပေးသူတိုင်း ငွေသားနဲ့ စျေးဝယ်ဘောက်ချာ ပေးမယ်ဆိုတဲ့ ဖြန့်ဝေမှုဟာ သတင်းအမှားသာ ဖြစ်ကြောင်းနဲ့ ပေချ့်အတုနဲ့ ဆက်စပ်ပြီး ပြဿနာ ဖြစ်ပေါ်ပါက တာဝန်ယူမည် မဟုတ်ကြောင်း Makro Myanmar ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ပြန်လည် ဖြေရှင်းထားပါတယ်။


    Makro Myanmar ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယခုလိမ်လည်နည်းနဲ့ ပုံစံတူ KFC FANS ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုနဲ့ လိမ်လည်ခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါသေးတယ်။


    BOOM ရဲ့ သတင်းဆန်းစစ်ထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီလို လက်ဆောင်ပေး၊ ကံစမ်းမဲ အစီအစဉ်တွေ လူမှုမီဒီယာတွေပေါ်မှာ တွေ့ရင် အမှန်တကယ် ရှိ၊ မရှိကို သက်ဆိုင်ရာ တရားဝင် အဖွဲ့အစည်းတွေရဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ဝက်ဆိုက်တွေမှာ အလွယ်တကူ ဝင်ရောက် ကြည့်ရှု့ပြီး ဖြစ်နိုင်၊ မဖြစ်နိုင် ဆုံးဖြတ်နိုင်ပါတယ်။

    Makro Myanmar နဲ့ City Mart Supermarket Myanmar ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ဒီလို ငွေသားရမယ်၊ အခမဲ့ စျေးဝယ် ဘောက်ချာ လက်ဆောင်ပေးမယ်ဆိုပြီး လူတွေကို မက်လုံးပေးကာ ပေချ့်တွေကို like ပေးခိုင်း ပိုစ့်တွေကို ဖြန့်ဝေခိုင်းကာ လိမ်လည်နေတာတွေကို သတိထားဖို့ လိုပါတယ်။

    Tags

    free voucherFake lucky drawFake facebook pages. KFC FANSMakro FansCity Mart Fansသတင်းအမှား
    Read Full Article
    Claim :   နာမည်ကြီး ကုပစ္စည်း Fans ပေချ့် တွေကနေ ကံစမ်းမဲ၊ ငွေသားနဲ့ အခမဲ့ စျေးဝယ်ဘောက်ချာတွေ ပေးနေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!