BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • Covid-19
      • ငွေစက္ကူတွေကနေ Coronavirus ကို...
      Covid-19

      ငွေစက္ကူတွေကနေ Coronavirus ကို ပျံ့နှံ့စေလားနဲ့ သင်သိထားသင့်တဲ့အချက်တွေ

      COVID – 19 ဟာ ငွေစက္ကူတွေဆီမှာ ကြီးထွားအသက်ရှင်နိုင်ခြင်းနဲ့ ပျံ့နှံ့ကူးစက်နိုင်ခြင်း ရှိ၊ မရှိ ဆိုတာကို သက်သေပြနိုင်တဲ့အချက် မရှိသေးပါဘူး

      By - Boom Live Myanmar | 29 March 2020 4:32 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ငွေစက္ကူတွေကနေ Coronavirus ကို ပျံ့နှံ့စေလားနဲ့ သင်သိထားသင့်တဲ့အချက်တွေ

      အိန္ဒိယနိုင်ငံကုန်သည်ကြီးများအဖွဲ့အစည်း (CAIT) ကနေ ငွေကြေးနဲ့ ဘဏ်ဝန်ကြီးချုပ် Nirmala Sitharaman ဆီ လောလောလတ်လတ် ရေးသားထားတဲ့စာတစ်စောင်ထဲမှာတော့ အခုလို ကပ်ရောဂါကြားထဲမှာ ငွေစက္ကူကိုင်ဆောင်အသုံးပြုခြင်းဟာ Coronavirus ကို ကူးစက်ပျံ့ပွားစေဖို့ ဖြစ်နိုင်ချေများတဲ့အချက်ဖြစ်တယ်လို့ ပါဝင်ပါတယ်။ ဒီစာထဲမှာ အသေးစားကုန်သည်များက Prime Minister Narendra Modi ထံ မတ် ၁၁ရက်က အိန္ဒိယနိုင်ငံအတွက် Polymer ငွေကြေးအဖြစ် ပြောင်းလဲပေးဖို့ ရေးသားထားတဲ့ စာတွေကိုပါ ထည့်သွင်းဖော်ပြထားပါသေးတယ်။

      ဒါပေမယ့်လည်း လက်တွေ့မှာတော့ တိကျသေချာတဲ့ သိပ္ပံစမ်းသပ်ချက်တွေအရ Coronavirus ဟာ ငွေစက္ကူတွေကနေတဆင့် ပျံ့နှံ့ကူးစက်နိုင်တယ်လို့ ဆိုထားခြင်း မရှိသေးပါဘူး။ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ကတော့ ငွေစက္ကူတွေကိုင်တွယ်မယ်ဆိုရင် သန့်ရှင်းမှုရှိဖို့သာ အကြံပြုထားပါတယ်။

      အိန္ဒိယဗဟိုဘဏ်ဖြစ်တဲ့ Rerserve Bank of India (RBI) ကတောင်မှ ငွေစက္ကူအသုံးပြုမှုကို ရှောင်ကြဉ်ကြဖို့ ထုတ်ပြန်ချက်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ CAIT ကတော့ ငွေစက္ကူအသုံးပြုခြင်းဟာ လူအမျိုးမျိုးရဲ့လက်ထဲကို ရောက်ရှိပျံ့နှံ့နေတာမျိုးဖြစ်လို့ ရောဂါပိုးမျိုးစုံနဲ့ ကူးစက်မှုတွေကို သယ်ဆောင်မှုတွေဖြစ်စေတယ်လို့ Prime Minister Narendra Modi ထံပို့တဲ့ စာထဲထည့်ရေးထားပါသေးတယ်။ စာထဲမှာ Polymer ငွေကြေးဟာ စိတ်ချရတာဖြစ်လို့ နိုင်ငံပေါင်း ၁၃နိုင်ငံဟာ စက္ကူအသုံးပြုမှုကို စွန့်လွှတ်ပြီး ဒီငွေကြေးကို လဲလှယ်အသုံးပြုနေပြီး နိုင်ငံပေါင်း ၁၅နိုင်ငံကျော်ကတော့ အခုလိုလုပ်ဖို့ တာဆူနေကြပြီလို့ ထည့်ရေးထားပါသေးတယ်။

      RBI က ထုတ်ပြန်တဲ့အချက်အလက်ကတော့ မတ် ၃၁ရက်၊ ၂၀၁၉ အထိ ငွေစက္ကူ ၁၀၈၇၅ ရွက်လောက်ဟာ လူတွေလက်ထဲမှာ လည်ပတ်နေတယ်လို့ သြဂုတ် ၂၉ရက်၊ ၂၀၁၉က ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီလိုပဲ ၁၂၀၀၀ သော အကြွေစေ့တွေဟာလည်း လည်ပတ်နေပါတယ်။

      ဒီထုတ်ပြန်ချက်ဟာ ဗဟိုဘဏ်ရဲ့ စုံစမ်းမှုတွေဖြစ်ပြီး မတ် ၁ရရက်နေ့မှာ Ecowrap ဆိုတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး ထုတ်ပြန်ပေးခဲ့တာပါ။

      CAIT ရဲ့ စာအရ Polymer အခြေခံထားတဲ့ငွေကြေးသုံစွဲဖို့ဆိုတာ အရင်က အိန္ဒိယမှာ စုံစမ်းလေ့လာခဲ့တဲ့ အိန္ဒိယငွေစက္ကူတွေမှာ ရောဂါပိုးမွှားကပ်တွယ်တာမျိုး တွေ့ရှိခဲ့ဖူးလားဆိုတဲ့ဖြစ်စဉ်များစွာအပေါ်အခြေခံသွားမှာပဲဖြစ်ပါတယ်။

      ၂၀၁၅ခုနှစ်တုန်းက King George's Medical University ရဲ့ လေ့လာမှုတွေအရ ရှိသမျှ ငွေစက္ကူ (၉၆)မျိုးစလုံးနဲ့ အကြွေစေ့ (၄၈)မျိုးစလုံးဟာ ဗိုင်းရပ်စ်၊ ကူးစက်ရောဂါပိုးနဲ့ ဘတ်တီးရီးယားတွေနဲ့ ပြည့်နှက်ညစ်ညမ်းနေတယ်လို့ တွေ့ရှိခဲ့ရပြီး ၂၀၁၆ခုနှစ်တုန်းက Tamil Nadu မှာ လေ့လာတုန်းက ငွေစက္ကူပေါင်း (၁၂၀)ရဲ့ ၈၆.၄ ရာခိုင်နှုန်းကို ဆရာဝန်တွေ၊ ဘဏ်တွေ၊ ဈေးတွေ၊ သားသတ်သမားတွေ၊ ကျောင်းသားတွေနဲ့ အိမ်ရှင်မတွေဆီကနေ ယူဆောင်စစ်ဆေးလိုက်တဲ့အခါမှာ ရောဂါမျိုးစုံဖြစ်စေတဲ့ ရောဂါပိုးတွေပါဝင်နေတာကို တွေ့ရှိရခဲ့ဖူးပါတယ်။ ဒီလိုပဲ ၂၀၁၆ခုနှစ်ရဲ့ Karnataka က လေ့လာမှုမှာတော့ ၁ဝဝတန်၊ ၅ဝတန်၊ ၂ဝတန်နဲ့ ၁ဝတန် ငွေစက္ကူ အရွက် (၁၀၀) မှာ (၅၈)ရွက်ဟာ ရောဂါပိုးတွေကူးစက်ပျံ့ပွားနိုင်တယ်လို့ ဆိုပါတယ်။

      ဒီအချက်ဟာ ငွေစက္ကူတွေဆီကနေ ကူးစက်နိုင်တယ်ဆိုတာကို တခြားနိုင်ငံတွေလည်း သိရှိပျံ့နှံ့သွားစေပါတယ်။ တရုတ်လူမျိုးများဘဏ်ကတော့ ငွေစက္ကူတွေကတဆင့် ကူးစက်မှုမဖြစ်စေအောင် သူတိုဆီမှာ ထိန်းသိမ်းထားတဲ့ငွေစက္ကူတွေကို ဓာတ်ရောင်ခြည်ဖြတ်တာတွေ၊ အပူချိန်မြင့်ပြီးထားတာတွေကို (၁၄)ရက်တိတိ ထိတွေ့ကိုင်တွယ်မှုမလုပ်ဘဲ ကန့်သတ်ထားခဲ့ပြီး ကျန်ခဲ့တဲ့ငွေတွေကိုတော့ ဖျက်စီးစေခဲ့ပါတယ်။

      အမေရိကန်နိုင်ငံမှာကတော့ တချို့သောဘဏ်တွေဟာ Federation Reserve and the Treasury ထံကို ငွေကြေးကို စိတ်ချလုံခြုံမှုရှိရလေအောင် ဒီကိစ္စတွေကို အတည်ပြုပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ WHO ကတော့ COVID – 19 ဟာ မျက်နှာပြင်တွေမှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလဲဆိုတာ မသေချာဘဲ စာထဲမှာကတော့ …

      လေ့လာမှုတွေအရ Coronavirus (COVID – 19 Virus) ဟာ မျက်နှာပြင်တွေပေါ်မှာ နာရီအနည်းငယ်မှ စတင်ကာ ရက်အနည်းငယ်အထိ နေနိုင်တယ်လို့ ပြောပါတယ်။ အခြေအနေမျိုးစုံအပေါ်မှာမူတည်နေပြီး အထူးသဖြင့် ပတ်ဝန်းကျင်ရှိ မျက်နှာပြင်အနေအထား၊ အပူချိန်၊ ရေငွေ့အခြေအနေတို့အပေါ်မှာ အများကြီး မူတည်နေပါတယ်။

      တခြား ဂျာမန်တက္ကသိုလ် (၂)ခုက လေ့လာတွေ့ရှိမှုတွေကိုလည်း "Journal of Hospital Infections" မှာ ကြေညာထားပြီး အချိန်အတိုင်းအတာပေါ်မူတည်ပြီး Coronavirus အစုအဖွဲ့ထဲက Virus တွေဟာ ( COVID -–19 Virus ကို မဆိုလိုပါ။) အမျိုးမျိုးသော မျက်နှာပြင်တွေမှာ ရှင်သန်နိုင်ပါတယ်။

      ဒီတော့ ဒီဂျစ်တယ်ငွေကြေးစနစ်ဘက်ကို တွန်းအားပေးရတော့မှာလား။

      ကမ္ဘာတစ်ဝှမ်းလုံးက အဖွဲ့အစည်းတွေကတော့ ငွေစက္ကူသုံးစွဲခြင်းကို ခဏလောက် ရှောင်ဖို့၊ လျှော့ဖို့လည်း အကြံပြုထားပါသေးတယ်။ Telegraph ကို WHO က မတ် ၂ရက်နေ့မှာတော့ အခုလို ပြောသွားပါသေးတယ်။

      "ဟုတ်ကဲ့။ ဖြစ်နိုင်ပါတယ်။ မေးသင့်တဲ့မေးခွန်းတစ်ခုပါပဲ။ ကျွန်တော်တွေအကုန်လုံး သိကြတယ်။ ငွေဆိုတာ လူတကာလက်ထဲကို အမြန်ဆုံးနည်းနဲ့ ရောက်နေတဲ့အရာဖြစ်ပြီး ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပေါင်းများစွာက ဒီလိုအရာတွေကနေ ကူးစက်နှုန်းပိုမြင့်ပါတယ်။ ကျွန်တော်တို့ကတော့ လူတွေကို ငွေစက္ကူတွေကိုင်တွယ်ပြီးသွားရင် လက်သေချာဆေးကြောဖို့၊ မျက်နှာကို မကိုင်တွယ်ဖို့တွေ အကြံပြုချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ငွေစက္ကူမကိုင်ရဘဲ ငွေကြေးဖလှယ်ကြတဲ့နည်းက အကောင်းဆုံးပေါ့။

      ဘယ်လိုပဲဖြစ်ဖြစ် အချက်အလက်တွေစုံစမ်းစစ်ဆေးတဲ့ Website ဖြစ်တဲ့ Snopes က ဘယ်လိုပြောလဲဆိုရင် WHO ဟာ COVID -–19 ရောဂါပိုးကူးစက်ပျံ့ပွားမှုကို ငွေစက္ကူမကိုင်ရတဲ့ငွေကြေးအသုံးပြုနည်းတွေ ပြောင်းလဲအသုံးပြုလိုက်ရုံနဲ့ တားဆီးနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ငွေစက္ကူနဲ့ပတ်သက်ပြီးတော့လည်း တိကျတဲ့လမ်းညွှန်ချက်တွေ ချမှတ်ပေးထားတာမျိုးလည်း မရှိဘူး။

      RBI ကတော့ အကြံပြုချက်တစ်စောင်ကို မတ် ၁၆ရက်က ထုတ်ပြန်ခဲ့ပြီး ပြည်သူလူစုကို ဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေကို ပြောင်းလဲအသုံးပြုဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

      RBI က အမည်မဖော်ပြလိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ ငွေစက္ကူကနေ ဗိုင်းရပ်စ်ပျံ့ပွားမှုက ရှိနေပမယ့် တရားလွှတ်တော်တွေကတော့ ဝင်မပါသေးဘူး။ ဒီတော့ ကျွန်တော်တို့က ငွေစက္ကူတွေမသုံးပါနဲ့လို့ သွားပြောလို့မရဘူး။ လူတွေကို လူထူထပ်ပြီး လူအများသွားတဲ့နေရာတွေ မသွားဖို့ပဲ ပြောလို့ရမှာ။

      အကြံပြုစာမှာတော့

      Coronavirus ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့ဆိုရင် လူတွေနဲ့ ထိတွေ့ဆက်ဆံတာတွေ၊ အများပြည်သူသုံးနေရာတွေကို သွားလာလည်ပတ်တာမျိုးတွေ ရှောင်ကြဉ်ပေးပါ။ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကိုလည်း အိမ်ကနေပဲ သက်သောင့်သက်သာ သုံးစွဲလို့ရပြီး အွန်လိုင်းအသုံးပြုမှုတွေဖြစ်တဲ့ Mobile Banking တို့၊ Card တို့ကနေတဆင့် သုံးစွဲပါ။ လူထူထပ်တဲ့နေရာတွေ မသွားမဖြစ်သွားရတဲ့အခါမှာလည်း ငွေစက္ကူကိုင်တွယ်ပြီး ငွေပို့တာမျိုးတွေ၊ ငွေပေးတာမျိုးတွေရှောင်ကြဉ်ပါ။

      COVID – 19 ဟာ နောက်ဆုံးဖြစ်ပွားနေတဲ့ Coronavirus ရောဂါရဲ့ ကူးစက်ရောဂါဖြစ်ပြီး တကမ္ဘာလုံးမှာ လူပေါင်း ၂၀၀၀၀၀ ကျော်လောက် ကူစက်ခံနေရတဲ့အပြင် ၉၂၀၀ ကျော် သေဆုံးနေပါတယ်။ ထိတွေ့ဆက်ဆံမှုကနေတဆင့် ရောဂါဟာ ကူးစက်ပျံ့နှံ့သွားပြီး နိုင်ငံတကာရော၊ ပြည်တွင်းရောက အဖွဲ့အစည်းများဟာ ဒီရောဂါပိုးကို ဆက်လက်မပျံ့ပွားဖို့ လူအများနဲ့ ထိတွေ့ဆက်ဆံခြင်းမပြုဖို့၊ တစ်ဦးတည်းသီးသန့်ခွဲခြားနေထိုင်ကြဖို့ အကြံပြုပြောကြားထားပါတယ်။

      Tags

      COVID-19Currenciesfake newsCashMyanmar Currencies
      Read Full Article
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!