BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တိုင်းရင်း...
သတင်းအတု

တိုင်းရင်း ကိုဗစ်ဆေးရောင်းချသူများအား တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း ကန့်ကွက်

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ လတ်တလော ရေးသားဖြန့်ဝေ ကြော်ငြာနေတဲ့ COVID-19 ကပ်ရောဂါကို တိုင်းရင်းဆေးနဲ့ ပျောက်ကင်းအောင် ကာကွယ်ကုသ နိုင်တယ်ဆိုပြီးဆေးရောင်းချတာနဲ့ပတ်သက်လို့ တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA) က ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ကြေငြာပါတယ်။

By - Boom Live Myanmar |
Published -  26 Nov 2020 5:20 PM IST
  • တိုင်းရင်း ကိုဗစ်ဆေးရောင်းချသူများအား တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း ကန့်ကွက်

    မကြာသေးခင်က U Hla Naing Oo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသနိုင်တဲ့ မြန်မာတိုင်းရင်းဆေး ရောဂါအခံမရှိတဲ့ positive လူနာတွေ ခုနှစ်ရက်အတွင်း ရောဂါပျောက်ကင်းဘို့ အာမခံတယ်ဆိုပြီး နိုဝင်ဘာလ အစောပိုင်းမှ စတင်ပြီး ပိုစ့်အမြောက်အများ ရေးသားဖြန့်ဝေထားပါတယ်။

    ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် အောက်တိုဘာလအတွင်းမှာလည်း ကိုဗစ်နိုင် ဆေးလျှက်ဆား (KOBITNAI Medical Salt) ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေရောင်းချနေပြီး တချို့က နိုင်ငံတော်ကမှတ်ပုံတင်ပြီးဖြစ်သောဆေးများ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရှိ မည်သည့် ဘယဆေးဆိုင်တွင်မဆို ဝယ်ယူရရှိနိုင်တယ်လို့ ကြော်ငြာရေးသားထားတာ တွေလည်းရှိပါတယ်။


    ပုံမှာ တွေ့ရတဲ့အတိုင်း Chit San U ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ပြည်သူများသို့ အစီရင်ခံတင်ပြခြင်း ဆိုပြီး ကိုဗစ်နိုင်ဆေးလျှက်ဆား မြန်မာတိုင်းရင်းဆေးမှာ နိုင်ငံတော်တွင် မှတ်ပုံတင်ထားပြီး တိုင်းရင်းဆေးမှတ်ပုံတင် အမှတ် ၁၊ ၂ နှင့် ၂၉ တို့ကို အဆင့်မြှင့်တင်ထားတဲ့ ဆေးဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရှိ မည်သည့်ဘယဆေးဆိုင်တိုင်းတွင် မဆိုဝယ်ယူရရှိကြောင်း ရေးသားထားပါတယ်။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ COVID-19 ကပ်ရောဂါကို တိုင်းရင်းဆေးနဲ့ ပျောက်ကင်းအောင် ကုသနိုင်ခြင်းများ၊ ကာကွယ်နိုင်ခြင်းများ ပြုလုပ်နိုင်တယ်ဆိုပြီး ဆေးတွေ ရောင်းချ ဖြန့်ဝေကာ ကာကွယ်ကုသနိုင်ပြီလို့ ဖြေကြားခြင်းတွေနဲ့ ပါတ်သတ်ပြီး တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA) က လုံးဝအယုံအကြည် မရှိပါကြောင်းနှင့် ပြင်းထန်စွာ ရှုံ့ချကြောင်း နိုင်ဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက အသင်းရဲ့တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ကြေငြာခဲ့ပါတယ်။


    တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA) ရဲ့ ကြေငြာချက်ထဲမှာ "ဆေးဆရာများသည် ဆေးပညာ သင်ယူတတ်မြောက်ပြီးချိန်မှစပြီး ဆေးဆရာများစောင့်ထိန်းရမည့် နဝရတ်ကတိသစ္စာ၊ လိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို အစဉ်အမြဲ လိုက်နာဆောင်ရွက်ရမည်ဟု လေးနက်စွာ ယုံကြည်ပါကြောင်း။

    COVID-19 ကပ်ရောဂါကို တိုင်းရင်းဆေးပညာဖြင့် ကာကွယ်ကုသမှုပေးနိုင်ရန် သုတေသန လုပ်ငန်းအဆင့်များစွာ လိုအပ်နေသေးကြောင်း။

    ထို့ကြောင့် ဆေးဆရာတို့ လိုက်နာရမည့် ကျင့်ဝတ်ကို ဖောက်ဖျက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထုတ်ဖော် ရောင်းချနေသော COVID-19 ကာကွယ်ဆေးဆိုများကို မိမိတို့ တိုင်းရင်းဆေးတက္ကသိုကျောင်းသားဟောင်းများ အသင်း အနေဖြင့် လုံးဝအယုံအကြည်မရှိပါကြောင်းနှင့် ထိုသူများအား အသင်းအနေဖြင့် ပြင်းထန်စွာ ရှုံ့ချကြောင်း။

    ပြည်သူများအနေဖြင့်လည်း ထိုသို့ တိကျခိုင်မာသော အထောက်အထားမရှိဘဲ ရောင်းချနေသော ဆေးများကို ဝယ်ယူသုံးစွဲခြင်းများ မပြုကြရန်နဲ့ ထိုသို့ရောင်းချနေသူများအား တာဝန်ရှိသူများမှ ပြည်သူများရဲ့ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှုအတွက် လိုအပ်သလို တားဆီးအရေးယူဆောင်ရွက်ပေးပါရန်" စတဲ့ အချက်တွေပါဝင်တဲ့ အချက် ၆ ချက်ထည့်သွင်းရေးသားထားတာပါ။

    UTMAA ရဲ့ ကြေငြာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    U Hla Naing Oo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဖြန့်ဝေနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသနိုင်တဲ့ မြန်မာတိုင်းရင်းဆေးနဲ့ ရောဂါအခံမရှိတဲ့ positive လူနာတွေ ခုနှစ်ရက်အတွင်း ရောဂါပျောက်ကင်းဘို့ အာမခံတယ်ဆိုတဲ့ ဖြန့်ဝေမှု အကြောင်းကို BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပြီးဖြစ်ပါတယ်။


    BOOM သတင်းဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ကိုဗစ်နိုင် ဆေးလျှက်ဆား (KOBITNAI Medical Salt) ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေရောင်းချနေတဲ့ ဆေးနဲ့ ပါတ်သတ်ပြီး တိုင်းရင်းဆေးပညာ ဦးစီးဌာနက သုံးစွဲရန်မသင့်ဆေးအဖြစ် အသိပေးကြေငြာထားပါတယ်။


    ကြေငြာချက်ထဲမှာ "လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်တွင် ရောင်းချလျက်ရှိသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါးသည် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။

    သို့ဖြစ်ပါ၍ ၎င်းဆေးဝါးကို Online တွင် တရားမဝင်ရောင်းချခြင်းများရှိပါက ပြည်သူများ အနေဖြင့် အဆိုပါဆေးဝါး၏ စစ်မှန် အစွမ်းထက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် အာမခံချက် မရှိပါ၍ ဝယ်ယူသုံးစွဲမှုမပြုရန် အသိပေးကြေညာအပ်ပါသည်" ဆိုပြီး ရေးသားထားပါတယ်။

    တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြေငြာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    COVID-19vaccinetraditional vaccineကန့်ကွက်ရှုံ့ချကြောင်း ကြေငြာKOBITNAI Medical Saltတိုင်းရင်းဆေးမှတ်ပုံတင်တိုင်းရင်းဆေးဝါး
    Read Full Article
    Claim :   လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ လတ်တလော ရေးသားဖြန့်ဝေ ကြော်ငြာနေတဲ့ COVID-19 ကပ်ရောဂါကို တိုင်းရင်းဆေးနဲ့ ပျောက်ကင်းအောင် ကာကွယ်ကုသ နိုင်တယ်ဆိုပြီး ဆေးတွေ ရောင်းချ ဖြန့်ဝေ နေတာတွေကို BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!