BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဝိဇ္ဇာဓရပညာနဲ့ ဖော်စပ်တယ်ဆိုတဲ့...
သတင်းအတု

ဝိဇ္ဇာဓရပညာနဲ့ ဖော်စပ်တယ်ဆိုတဲ့ ကိုဗစ်ကုသဆေးတွေ ဖေါ်စပ်ရောင်းချမှုရှိနေ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသနိုင်တဲ့ မြန်မာတိုင်းရင်းဆေးနဲ့ ရောဂါအခံမရှိတဲ့ positive လူနာတွေ ခုနှစ်ရက်အတွင်း ရောဂါပျောက်ကင်းဘို့ အာမခံတယ်ဆိုပြီးရေးသားဖြန့်မှုတစ်ခုလူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  26 Nov 2020 8:16 AM IST
  • ဝိဇ္ဇာဓရပညာနဲ့ ဖော်စပ်တယ်ဆိုတဲ့ ကိုဗစ်ကုသဆေးတွေ ဖေါ်စပ်ရောင်းချမှုရှိနေ

    ဒီကြော်ငြာတွေကို U Hla Naing Oo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ သူဖော်စပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးလို့ဆိုကာ ပိုစ့်အမြောက်အများ ရေးသားဖြန့်ဝေ ထားတာဖြစ်ပြီး သူ့ဆေးဟာ တိုင်းရင်းဆေးနည်း ဝိဇ္ဇာဓရပညာ ဆိုတဲ့ သတ္ထုတွေကို သေအောင်သတ်ပြီးမှ ပြာလုပ်ပြီး သုံးစွဲရတဲ့ နည်းနဲ့ ဖော်စပ်ထားကြောင်း၊ အနံမရသူများ သုံးရက်နဲ့ အနံ့ပြန်ရမည်ဖြစ်ကြောင်း၊ လက်တွေ့ သက်သေပြနိုင်ကြောင်း၊ ရောဂါခံမရှိသော အောက်စီဂျင် အသုံးပြုကုသဘို့ မလိုသေးတဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ တွေ အနေနဲ့ ဆေးခုနှစ်ရက်သောက်ပါက ရောဂါပျောက်ကင်းဘို့ ၉၀ ရာခိုင်နှုန်း တာဝန်ယူကြောင်း၊ ကာကွယ်ဆေး သောက်သုံးမည် ဆိုပါက မကူးစက် ဖို့ တိတိကျကျတာဝန်ယူနိုင်ကြောင်း၊ နိုင်ငံတော်က လက်ခံမယ်ဆို ကာကွယ်ဆေးကို လှူဒါန်းပေးမှဖြစ်ပြီး လက်ရှိမှာ ဆေးတစ်ခါသောက် ငါးရာကျပ်နဲ့ ရောင်းချပေးနေကြောင်း၊ အိမ်မှာနေလျှင် တနေ့ တစ်ကြီမ် သောက်သုံးပါက ကာကွယ်ပေးပြီး အပြင်ထွက်ရတဲ့ သူများအတွက် တနေ့နှစ်ကြိမ် သောက်သုံးပါက COVID 19 ကပ်ရောဂါ မကူးစက်ဖို့ ၁၀၀ အပြည့် အထောက်ထား ရှိကြောင်း၊ အနံမရသူ တွေကတော့ လူနှစ်ဆယ်ကျော် အထောက်အထား ပြနိုင်ကြောင်း နဲ့ တင်ပြချက်တွေကို တာဝန်ယူမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ပိုစ့်အောက်မှာတော့ ဒီဆေးနဲ့ ပါတ်သတ်ပြီး ဝေဖန်ပြောဆိုမှုတွေနဲ့ အကြံပြုမှုတွေ လည်း ရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းနဲ့ ပါတ်သတ်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်မိုးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ လူမှုကွန်ရက်ပေါ်မှာ ဒီလိုဖြန့်ဝေမှုတွေ အများအပြားဖြစ်နေတဲ့ အတွက် တိတိကျကျ သိရှိခြင်းမရှိကြောင်းနဲ့ တိုင်းရင်းဆေးဥပဒေမှာ တိုင်းရင်းဆေးသုံးပြီး ကပ်ရောဂါကုသတာကို တားမြစ်ထားတာ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

    ဒီကြော်ငြာနေတဲ့ ကိုဗစ်ကာကွယ်တဲ့ မြန်မာတိုင်းရင်းဆေးဆိုတာကို သတင်းဆန်းစစ်ကြည့်ရာမှာ ဒီဆေးဟာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဖြစ်တယ်ဆိုတာ ပိုစ့်အောက်မှာ ပေးထားတဲ့ မှတ်ချက်တွေကို ဖြန့်ဝေသူကိုယ်တိုင် ပြန်လည်ဖြေရှင်းချက်တွေအရ သိရပါတယ်။


    အထက်ပါပုံမှာ တွေ့ရတဲ့အတိုင်း မှတ်ချက်ပေးသူတစ်ဦးက ဆေးနာမည်နဲ့ ဝယ်လို့ရနိုင်တဲ့ဆိုင်တွေကို မေးမြန်းရာမှာ ပိုစ့်တင်ထားသူ U Hla Naing Oo က ပြန်လည်ဖြေကြားထားတာမှာ သူ့ရဲ့ဆေးခန်းမှာ သုံးနေတဲ့ ဆေးတွေကိုစပ်ပြီး ကုသပေးနေတာဖြစ်ကြောင်းနဲ့ ဆေးထုတ်လုပ် ရောင်းနေတာ မဟုတ်ကြောင်း ပြန်လည်ရှင်းထားပါတယ်။

    ဒါပေမယ့် သူရေးသားထားတဲ့ ပိုစ့်ထဲမှာ ဒီဆေးကို တစ်ခါသောက် ငါးရာနဲ့ ရောင်းပေးနေတယ်လို့ ရေးထားပြန်ပါတယ်။

    ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ထားတဲ့ တိုင်းရင်းဆေးဝါးဥပဒေရဲ့ ပုဒ်မ ၂၇ (က) နဲ့ ၂၈ (က) မှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါးတွေကို မည်သူမှ ထုတ်လုပ်ရောင်းချခြင်း မပြုလုပ်ဘို့ ပြဌာန်းထားပြီး ဖောက်ဖျက်ကျူးလွန်သူကို ပြစ်မှုထင်ရှားပါက ဒဏ်ငွေ သုံးသိန်းဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ ဖော်ပြထားပါတယ်။


    တိုင်းရင်းဆေးပညာဦးဌာနက ဖော်ပြထားတဲ့ တိုင်းရင်းဆေးဥပဒေကို ဒီနေရာ မှာ ရယူဖတ်ရှု့နိုင်ပါတယ်။

    လက်ရှိအချိန် ကမ္ဘာတဝှမ်းက ဆေးပညာကျွမ်းကျင်သူတွေနဲ့ ဆေးကုမ္ပဏီတွေ အနေနဲ့ ကိုဗစ်ကာကွယ် ကုသဆေးတွေ ရရှိဘို့ အင်တိုက်အားတိုက်လုပ်ဆောင်နေကြတာဖြစ်ပေမယ့် အားလုံးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါတယ်။ ဆေးတစ်ခု ထုတ်လုပ်ဖို့ ဆိုရာမှာ Phase သုံးခု (အဆင့် သုံးဆင့်) ကျော်ဖြတ်ရမှာဖြစ်ပြီး ဆေးသုတေသနပြုရာမှာ လူသောင်းနဲ့ချီစမ်းသပ်ကာ အချိန်ယူ လေ့လာရတာဖြစ်ပါတယ်။

    Businessinsider သတင်းဌာနမှာ စက်တင်ဘာလ ၂၃ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းအရ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ကမ္ဘာတဝှမ်းက အဆင့် ၃ အဖြစ် နောက်ဆုံးစမ်းသပ်မှုပြုလုပ်နေတဲ့ ဆေး ၉ မျိုးရှိတယ်လို့ ဆိုထားပါတယ်။


    ဒီဆိုလိုရင်းက ဒီဆေးတွေကို ကာကွယ်ဆေးအဖြစ် ပြောလို့မရသေးပဲ စမ်းသပ်မှုအဖြေအောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာကို ဆက်လက်စောင့်ကြည့်ဖို့ လိုဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ အဆင့် ၃ အဖြစ် နောက်ဆုံးစမ်းသပ်မှု ပြုလုပ်နေတယ်ဆိုတဲ့ ဆေးတွေဟာ သုသေတနပေါင်းများစွာကို ပြုလုပ်ပြီး အဆင့် ၁ နဲ့ ၂ ကို အောင်မြင်ကျော်ဖြတ်လာတဲ့ ဆေးတွေဖြစ်ပါတယ်။ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ယခုကြော်ငြာနေတဲ့ တိုင်းရင်းဆေးသည် အနံ့ပျောက်လူနာတွေကို သုံးရက်နဲ့ အနံ့ပြန်ရတယ်လို့ ရေးသားမှုမှာလည်း နားလည်မှုလွဲစေနိုင်ပါတယ်။ တကယ်တော့ ကိုဗစ်ဖြစ်လို့ အနံ့ပျောက်ခြင်းမှာ ခဏတာပဲဖြစ်ပြီး မည်သည့်ဆေးမျှ သောက်စရာမလိုပဲ ရက်အနည်းငယ်အတွင်း ပြန်ကောင်းလာတတ်ပါတယ်။ ဒီအကြောင်းကို ဆေးပညာဆောင်းပါးတွေဖော်ပြနေတဲ့ Med Info Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာလည်း ဖော်ပြထားပါတယ်။


    ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိအခြေအနေအရ ကိုဗစ်ကာကွယ်ကုသဆေးတွေဟာ သုတေသနအဆင့်ဆင့်နဲ့၊ ဆေးပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့လနဲ့ချီတဲ့ သုတေသနစမ်းသပ်မှုတွေပြုလုပ်ပြီးမှအချိန်ယူရတာဖြစ်တာကြောင့် အခုအွန်လိုင်းမှာရောင်းချနေတဲ့ ကိုဗစ်ပျောက်ဖို့ဆိုတဲ့တိုင်းရင်ဆေးထုတ်လုပ်မှုဟာ လုံလောက်တဲ့ သုတေသနမရှိထားသလို၊ တရားဝင်အသိအမှတ်ပြု ထုတ်လုပ်ဖြန့်ချိခွင့်ရထားတဲ့ဆေးလည်းမဟုတ်တာကြောင့် သတိထားဖို့လိုပါတယ်။

    Tags

    Myanmar Traditional Medicinetraditional vaccineCOVID-19 Vaccineကိုဗစ်ကာကွယ်ဆေးတိုင်းရင်းဆေးနည်းတိုင်းရင်းဆေးဆရာPhase 3အနံ့ပျောက်လူနာ
    Read Full Article
    Claim :   ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသနိုင်တဲ့ မြန်မာတိုင်းရင်းဆေး ရောဂါအခံမရှိတဲ့ positive လူနာတွေ ခုနှစ်ရက်အတွင်း ရောဂါပျောက်ကင်းဘို့ အာမခံတယ်ဆိုပြီး လူမှုမီဒီယာပေါ်မှာ ကြော်ငြာနေတဲ့ အကြောင်းအရာကို BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!