BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြန်လည်ခေါင်းထောင်လာတဲ့...
သတင်းအတု

ပြန်လည်ခေါင်းထောင်လာတဲ့ အွန်လိုင်းချေးငွေဝန်ဆောင်မှုပေးတယ်ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

ဖေစ့်ဘွတ်ပေချ့်အတုတွေ အသုံးပြုကာ အွန်လိုင်းချေးငွေဝန်ဆောင်မှုပေးတယ်ဆိုပြီး လာရောက်ဆက်သွယ်သူတွေဆီက ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းခံကာ အကြိမ်ကြိမ်လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ ပြန်လည်များပြားလာတာ တွေ့နေရပါတယ်။

By - Boom Live Myanmar |
Published -  20 Nov 2023 3:54 PM IST
  • ပြန်လည်ခေါင်းထောင်လာတဲ့ အွန်လိုင်းချေးငွေဝန်ဆောင်မှုပေးတယ်ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ

    လူမှုမီဒီယာတွေပေါ်မှာ ငွေချေးဝန်ဆောင်မှု ပေးတယ်ဆိုတဲ့ ပေချ့်တွေ၊ ဂရုတွေကို နာမည်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ တွေ့နေရတာဖြစ်ပြီး နာမည်ရ ဘဏ်တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဓါတ်ပုံတွေ၊ စာရွက်စာတမ်းတွေနဲ့ နာမည်တွေ အမျိုးမျိုး ပါဝင်နိုင်ပါတယ်။

    ပိုစ့်တွေမှာ အချို့က နာမည်ကြီး ဘဏ်လုပ်ငန်းရှင်တွေရဲ့ ပုံကို အသုံးပြုကာ ‘ဦးဇော်ဇော် အာမခံ ချေးငွေ လုပ်ငန်း’၊ 'ဦးဇော်ဇော်နှင့် ညီကိုများ အွန်လိုင်းအရစ်ကျ ချေးငွေလုပ်ငန်း' ဆိုတဲ့ ပေချ့်တွေဖွင့်ပြီး လိမ်လည်သလို အချို့က နာမည်ကြီး ရွှေနှင့် ရတနာပစ္စည်း အရောင်းဆိုင်တွေနာမည် အသုံးပြုကာ 'အောင်သမာဓိ ချေးငွေ' ၊ 'ဇွဲထက် ချေးငွေလုပ်ငန်း' ဆိုတဲ့ နာမည်တွေနဲ့ လိမ်လည်နေတာပါ။ တချို့ လိမ်လည်မှုတွေမှာတော့ နာမည်ရ ဘဏ်တွေရဲ့ နာမည်တွေ အသုံးပြုထားပါတယ်။

    လိမ်လည်ရာမှာ 'နိင်ငံရေးအခက်ခဲတွေကြောင့် ပြည်သူအားလုံး အဆင်ပြေစေရန် Online မှ ငွေသွင်းငွေထုပ်ကို လွယ်ကူစေရန် စီစဉ် ဆောင်ရွက် ပေးထားကြောင်း၊ လိုသလောက်အရင်းငွေကို Online မှ တစ်ဆင့် လွယ်ကူစွာ ချေးယူနိင်ကြောင်း၊ လိုအပ်တဲ့ အချက်လက်တွေကို Page Messenger မှ ပေးပို့ရမှာ ဖြစ်ကြောင်း၊ အတိုးနှုန်း တစ်ကျပ်နှုန်းဖြစ်ကြောင်း' ရေးသား ထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အွန်လိုင်း ချေးငွေဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေအကြောင်းကို BOOM က မကြာခန သတင်း ဆန်းစစ်ပေးနေပေမယ့် လူမှုမီဒီယာတွေပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက်လိမ်လည် နေတာ တွေ့ရပါတယ်။

    ဒီဖေစ့်ဘွတ်ပေချ့်အတုတွေက မကြာခင်ပြန်ပေါ်လာသလို အသစ်အသစ်တွေ ထွက်ပေါ်လာပြီး ထပ်မံလိမ်လည်မှုတွေ လုပ်နေတာပါ။

    ဒီပေချ့်တွေမှာ ဖော်ပြထားတဲ့ ဖုန်းတွေကို ဆက်သွယ်ကြည့်ရာမှာ အများစုက ပိတ်ထားတာ တွေ့ရပြီး အချို့ ပြန်လည်ဖြေကြားတဲ့ ဖုန်းတွေကလည်း သတင်းမီဒီယာက ဆက်သွယ်ကြောင်း သိရှိတာနဲ့ ဖုန်းချပစ်ခြင်း၊ ဖုန်းနံပါတ်တွေကို ဘလော့ခြင်းတွေ ပြုလုပ်တာ တွေ့ရပါတယ်။

    လိမ်လည်ရာမှာ တရားဝင်လိုင်စင်ရ ချေးငွေလုပ်ငန်းတွေရဲ့ လုပ်ငန်းသုံး ဖေစ့်ဘွတ်ပေချ့်တွေ၊ ဝက်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ ဓါတ်ပုံတွေ၊ စာရွက်စာတမ်းတွေကို အသုံးပြုပြီး လိမ်လည်နေတာဖြစ်ပါတယ်။


    အွန်လိုင်း ချေးငွေဝန်ဆောင်မှုပေးတဲ့ ဖေစ့်ဘွတ်အတုတွေအကြောင်းကို BOOM က သတင်းဆန်းစစ်ထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိအွန်လိုင်းမှာ ချေးငွေဝန်ဆောင်မှုလုပ်ငန်းဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့မှာ ဦးဇော်ဇော်နှင့်ညီကိုများ အွန်လိုင်းအရစ်ကျ ချေးငွေလုပ်ငန်း၊ ရွှေဇင်ယော်လိုင်စင်ရချေးငွေလုပ်ငန်း၊ SME online မလေးရှားရင်းဂစ် အာမခံချေးငွေ ဝန့ဆောင်မှု၊ SME ဧရာဝတီ ချေးငွေလုပ်ငန်း၊ SME၊ ဇွဲထက်၊ မြစိမ်းရောင်၊ Kbz agent ချေးငွေ၊ ဦးမောင်မောင်၊ ကမ္ဘာရတနာ၊ ချေးငွေလုပ်ငန်း အမှန်အကန်၊ ရွှေမြန်မာ၊ အောင်ရတနာ၊ မိုင်မီတာ၊ အောင်သမာဓိ၊ မြရတနာ၊ အောင်ရတနာ၊ Kbz bank online ချေးငွေ၊ ပြည့်ဖြိုးစံ၊ စိန်သရဖူ၊ ထိုင်း မြန်မာ ချေးငွေ၊ ဦးသိန်းထွန်း၊ စိန်မိသားစုနဲ့ ဦးသိန်းထွန်း ဆိုတဲ့ ပေချ့်တွေ ဖြစ်ပါတယ်။

    Tags

    LoanOnline Loan ServiceFake facebook pageFake serviceငွေချေးလုပ်ငန်းအွန်လိုင်းငွေချေးလုပ်ငန်းFakenews
    Read Full Article
    Claim :   နိင်ငံရေးအခက်ခဲတွေကြောင့် ပြည်သူတွေ အဆင်ပြေစေဖို့ အွန်လိုင်းက ငွေချေးပေးနေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!