BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ချေးငွေဝန်ဆောင်မှု...
သတင်းအတု

ချေးငွေဝန်ဆောင်မှု အယောင်ဆောင်ပေ့ချ်တွေ ငွေလိမ်နေ

ချေးငွေထုတ်ချေးတဲ့လုပ်ငန်းအယောင်ဆောင်ထားတဲ့ပေ့ချ်တွေကနေ အွန်လိုင်းကနေငွေထုတ်ချေးယောင်ဆေင်ပြီး ငွေကြေးလိမ်လည်နေတဲ့အဖွဲ့့တွေယခုရက်ပိုင်းအတွင်းပေါ်ပေါက်လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  15 Dec 2021 7:22 PM IST
  • ချေးငွေဝန်ဆောင်မှု အယောင်ဆောင်ပေ့ချ်တွေ ငွေလိမ်နေ

    လက်ရှိမှာ အမည်အမျိုးမျိုးနဲ့ ဖွင့်ထားတဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအယောင်ဆောင်ပေ့ချ်တွေကနေ လှုပ်ရှားလာတာဖြစ်ပြီးတချို့ပေ့ချ်တွေမှာတော့ တရားဝင်လိုင်စင်ရ လုပ်ငန်းတွေရဲ့ ပေချ့်တွေ ဝက်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီးပြုလုပ်လာကြတာတွေ့ရပါတယ်။

    ဒီလိုအဆောင်ဆောင်ထားတဲ့ ပေ့ချ်တစ်ခုကတင်တဲ့ ပို့စ်တစ်ခုမှာတော့ "အမှန်တစ်ကယ် လိုအပ်နေသူများသာ လာရောက်ချေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။ မယုံကြည်ရင် လာမချေးကြပါနဲ့ရှင့်။ နေရာမရွေး အချိန်မရွေး လူကြီးလူငယ်မရွေး ချေးငွေ ချေးနိုင်ပါပြီ။ အတိုးသက်သာစွာဖြစ်။ အတိုးနုန်းက 2ကျပ်တိုးပါ။ ယခုတလောပျံ့ ပွားနေသော Covid 19ဗိုင်းရပ်တွေ ဖြစ်ပွားနေလို့ ရုံးကိုတော့ပိတ်ထားပါတယ်ရှင့်။ အွန်လိုင်း ဝန်ဆောင်မှု ချေးငွေပဲရယူချေးနိုင်ပါတယ်ရှင့်။" လို့‌ ရေးသားကာ ရုံးပိတ်ထားကြောင်းနဲ့ အွန်လိုင်းမှသာ ချေးငွေရယူနိုင်ကြောင်း တွေ ရေးသားထားပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာတော့ "ငွေလိုပါက ချေးယူနိုင်ကြောင်း၊ လူကိုယ်တိုင်လာစရာ မလိုပဲ wave money ဆိုင်မှ ငွေထုတ် ငွေသွင်းလုပ်ပေးကြောင်း၊ တစ်သိန်းမှ သိန်းနှစ်ရာအထိ ချေးယူနိုင်ကြောင်း၊ အတိုးမှာ တစ်သိန်းကို ငါးထောင်ကျပ်ဖြစ်ကြောင်းနဲ့ တစ်လအတိုးသွင်းနိုင်မှ ငွေချေးပေးတာ ဖြစ်ကြောင်း" တွေ ရေးသားထားပါတယ်။


    အောက်ဆုံးမှာ ရေးသားထားတဲ့ တစ်လအတိုးသွင်းနိုင်မှ ငွေချေးပေးတာပါ ဆိုတဲ့ အဓိပ္ပါယ်က သတ်မှတ်ထားတဲ့ တစ်လစာအတိုးနှုန်းကို ပထမဆုံး ငွေမချေးမီ ပေးနိုင်မှ ငွေချေးပေးမယ်ဆိုတာပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အွန်လိုင်းချေးငွေ ဝန်ဆောင်မှုဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ပါတ်သတ်ပြီး BOOM က စုံစမ်းကြည့်ဖို့ ဖြန့်ဝေရာမှာ ဖော်ပြထားတဲ့ ဖုန်းတွေကို ဆက်သွယ်ကြည့်ရာမှာ အများစုက ပိတ်ထားတာ တွေ့ရပါတယ်။ ပြန်လည်ဖြေကြားတဲ့ ဖုန်းအချို့ကလည်း သတင်းမီဒီယာက ဆက်သွယ်ကြောင်း သိရှိတာနဲ့ ဖုန်းချပစ်ခြင်း၊ ဘလော့ခြင်းတွေ ပြုလုပ်တာ တွေ့ရပါတယ်။ မြစိမ်းရောင် ချေးငွေလုပ်ငန်းဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက တင်ထားတဲ့ ပုံတွေရဲ့ မူရင်းကို ရှာဖွေရာမှာ Lut Myauk Lann Microfinance ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ ပုံတွေကို ယူသုံးထားခြင်းသာ ဖြစ်ပါတယ်။ လိမ်လည်ဖြန့်ဝေနေမှုတွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    မြစိမ်းရောင် ချေးငွေလုပ်ငန်းဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာလည်း လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကသာ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ မူရင်း ဓါတ်ပုံတွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    LoanOnline Loan ServiceFake facebook pageFake serviceငွေချေးလုပ်ငန်းအွန်လိုင်းငွေချေးလုပ်ငန်းFakenews
    Read Full Article
    Claim :   လူမှုမီဒီယာတွေပေါ်မှာ ငွေးကြေးဝန်ဆောင်မှုပေးတယ်ဆိုပြီး အွန်လိုင်းချေးငွေအဖြစ် ငွေလိုသလောက်ချေယူရနိုင်တယ်လို့ ရေးသားဖြန့်ဝေကာ အတိုးနှုန်းကိုကြိုတင်ကောက်ခံပြီး ငွေလိမ်နေသူတွေအကြောင်း BOOM က သတင်းဆန်းစစ်တင်ဆက်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!