BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မကြာခဏ ဖြန့်ဝေနေတဲ့ ကိုကာကိုလာ...
      သတင်းအတု

      မကြာခဏ ဖြန့်ဝေနေတဲ့ ကိုကာကိုလာ ကံစမ်းမဲ Page အတု

      ကိုကာကိုလာ အချိုရည်က ကံစမ်းမဲ ဖောက်ကာ ကားလက်ဆောင်ပေးမယ်ဆိုပြီး ဖြန့်ထားတဲ့ Page အတုတစ်ခု ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  16 Aug 2023 5:11 PM IST
    • မကြာခဏ ဖြန့်ဝေနေတဲ့ ကိုကာကိုလာ ကံစမ်းမဲ Page အတု

      အဆိုပါ Pgae အတုဟာ ဩဂုတ်လ ၁၄ ရက်နေ့ကမှ အသစ်စတင်ပြုလုပ်ထားတာ ၁ ရက်ထဲကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ ပိုစ့် ၂ ခု တင်ထားပါတယ်။ ပထမပိုစ့်မှာ “ယနေ့အထိ၊ 69 မှလွဲ၍ အခြားနံပါတ်တစ်ခုကိုမျှမတွေ့ရသေးပါ။ အနိုင်ရသူမရှိသေးပါ။ 2 Toyota Fortuner သည် လက်လှမ်းမီဆဲဖြစ်သည်” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားကာ ကားတစ်စီးကို လက်ဆောင်ပေးတော့မယ့်ပုံစံ ဓါတ်ပုံတစ်ပုံကို ဖော်ပြထားပါတယ်။ နောက်ထပ်ပိုစ့်တစ်ခုမှာတော့ ကားတစ်စီးကို ရိုက်ကူးထားတဲ့ Video တစ်ပုဒ်ကို ပြထားကာ “Toyota Fortuner Legender 2023 အသစ်၏ အောင်နိုင်သူကို ရှာဖွေနေဆဲဖြစ်သည်။ ပါဝင်ရန် ကျွန်ုပ်တို့၏တရားဝင်စာမျက်နှာကို ဝင်ရောက်ကြည့်ရှုပါ၊ ပါဝင်ရန် ကျွန်ုပ်တို့၏ ပို့စ်အားလုံးကို Like ၊ comment နှင့် share ပါ” လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ ကံစမ်းမဲ ပေးမယ်ဆိုတဲ့ ပိုစ့် ၂ ခုကို လူပေါင်း ထောင်ကျော်က ထပ်ဆင့်ဖြန့်ဝေနေကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ကိုကာကိုလာ နာမည်အသုံးပြုထားတဲ့ Page တစ်ခုက Toyota Fortuner တံဆိပ်ကားအသစ်တစ်စီး ကံစမ်းမဲဖောက်ပေးမယ်လို့ ဖြန့်ထားတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ လိမ်ညာလှည့်ဖျားထားတဲ့ Page အတု ဖြစ်တာကို တွေ့ရပါတယ်။

      ဒီလို Page တွေဟာ ကိုကာကိုလာ နာမည်နဲ့ မကြာခဏ ဖြန့်ဝေလေ့ရှိပြီး ကိုကာကိုလာ မြန်မာကလည်း ၎င်းတို့ရဲ့ Page မဟုတ်ကြောင်း ယခင်အချိန်တွေထဲက ပြောထားဖူးသလို ယခင် သတင်းအမှားတွေ ထွက်ပေါ်စဉ်က Boom Myanmar ကလည်း အချက်အလက် စစ်ဆေးခဲ့ဖူးပါတယ်။

      ယခင် သတင်းအမှား ထွက်ပေါ်ခဲ့စဉ်က Boom Myanmar က အချက်အလက် စစ်ဆေးခဲ့ဖူးတဲ့ သတင်းကို အောက်ပါ link မှာ ဖတ်ပါ။

      ကိုကာကိုလာ ကံစမ်းမဲအတု

      ဒီ Page ဟာ ဩဂုတ်လ ၁၄ ရက်နေ့ကမှ အသစ်ပြုလုပ်ထားကာ ၎င်းတို့ရဲ့ Page မှာ Like လုပ်ထားသူ ထောင်ချီပြီးရလာတဲ့အထိ နည်းလမ်းမျိုးစုံနဲ့ လိမ်ညာသတင်းတွေ ဖြန့်ဝေလေ့ရှိပါတယ်။ Like အရေအတွက် အရမ်းများလာတဲ့အခါ ဒီ Page တွေကို Online မှာ စီးပွားရှာသူတွေထံ ပြန်လည်ရောင်းချလေ့ရှိပါတယ်။



      Tags

      Fake newsFake PageCoca ColaLucky drawသတင်းအတုကိုကာကိုလာကံစမ်းမဲLottery
      Read Full Article
      Claim :   ယနေ့အထိ၊ 69 မှလွဲ၍ အခြားနံပါတ်တစ်ခုကိုမျှမတွေ့ရသေးပါ။ အနိုင်ရသူမရှိသေးပါ။ 2 Toyota Fortuner သည် လက်လှမ်းမီဆဲဖြစ်သည်
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!