BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုကာကိုလာ ကံစမ်းမဲအတု
သတင်းအတု

ကိုကာကိုလာ ကံစမ်းမဲအတု

Coca-Cola Myanmar က ပြုလုပ်တဲ့ ကံစမ်းမဲပုံစံနဲ့ လိမ်ညာပြီး ဖေစ့်ဘွတ်ဂရုတွေမှာ ဖြန့်ဝေခိုင်းကာ သူတို့ရဲ့ ‌ြဖေစ့်ဘွတ်ပေချ့် ကို like နဲ့ follow လုပ်ခိုင်းနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 April 2023 6:44 PM IST
  • ကိုကာကိုလာ ကံစမ်းမဲအတု

    ကိုကာကိုလာ ကံစမ်းမဲအစီအစဉ်အတုကို Coca Cola Fans MM ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုကနေ ဧပြီလ ၂၁ ရက်နေ့က စတင်ပြီး ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေရာမှာ မော်ဒယ်မြင့် ကားတစ်စီးပုံနဲ့အတူ ‘684 မှလွဲ၍ အခြားကိန်းဂဏန်းများကို ရှာဖွေပြီး ဆုလက်ဆောင်များရယူပါ။

    ယခု Post ကို Group သုံးခုတွင် Share ရန် လိုအပ်သည်။ ကံထူးရှင်များကို သိနိုင်ဖို့ ကျွန်ုပ်တို့၏ Page ကို Follow လုပ်ခဲ့ပါ’ လို့ ရေးသား ဖြန့်ဝေထားတာပါ။

    အချို့ပိုစ့်တွေမှာလည်း ‘Coca Cola ၏ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းမှာ ပါဝင်လိုက်ပါ’ လို့ အများပြည်သူ ယုံကြည်အောင် ပြောဆို ဖြန့်ဝေထားပါသေးတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ မသမာသူတွေက အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးပြီး သူတို့ ဖေစ့်ဘွတ်ပေချ့်တွေ follower တိုးအောင် like လုပ်သူတိုးအောင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

    Coca-Cola Myanmar ရဲ့ တရားဝင်‌ ဖေစ့်ဘွတ်ပေချ့်မှာ အခုလိုပြုလုပ်နေတဲ့ ပရိုမိုးရှင်းအစီအစဉ်ရှိမနေပါဘူး။ ဒါ့အပြင် Coca Cola Fans MM ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အတုကို Coca-Cola Myanmar ရဲ့ ပိုစ့်တစ်ခုအောက်မှာ မှတ်ချက်ပေးမေးမြန်းထားတာကိုလည်း မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းထားတာ တွေ့ရမှာပါ။


    Coca Cola Fans MM ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ရဲ့ အစောဆုံးပိုစ့်ကို ဧပြီလ ၂၀ ရက်နေ့မှာ စပြီးတင်ထားတာ တွေ့ရပေမယ့် ဒီပေချ့်ကို like လုပ်ထားသူ သုံးထောင်နီးပါးနဲ့ Follow လုပ်ထားသူ လေးထောင်ကျော်ရှိနေပါတယ်။ သူတို့ရဲ့ ပိုစ့်တွေမှာ reaction တွေ ထောင်ကျော်ရှိနေပြီး ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဒီလိုဖေစ့်ဘွတ်ပေချ့်တွေဟာ follower နဲ့ like ပြုလုပ်ပြီး သတ်မှတ်ချက်အရေအတွက်ကို ရောက်ရှိတာနဲ့ ပေချ့်နာမည်ပြောင်းပြီး အခြားသူထံ လက်လွှဲရောင်းချတာမျိုး သို့မဟုတ် အခြားအကျိုးစီးပွားတစ်ခုခုအတွက် အသုံးပြုတာမျိုးတွေ ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်။

    Coca-Cola Myanmar ရဲ့ တရားဝင်‌ ဖေစ့်ဘွတ်ပေချ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Fake Promotionကံစမ်းမဲအတုFake LoteryFake Facebook pagesClickbaitsPromotion
    Read Full Article
    Claim :   Coca-Cola Myanmar က ပြုလုပ်တဲ့ ကံစမ်းမဲပုံစံနဲ့ လိမ်ညာပြီး ဖေစ့်ဘွတ်ဂရုတွေမှာ ဖြန့်ဝေခိုင်းနေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!