BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သရုပ်ဆောင် မေတိုးခိုင်ရဲ့ ...
သတင်းအတု

သရုပ်ဆောင် မေတိုးခိုင်ရဲ့ ဖေစ့်ဘွတ် live အဟောင်းကို အသုံးပြုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်

သရုပ်ဆောင် မေတိုးခိုင် ဖေစ့်ဘွတ် live လွှင့်ပြီး ကံစမ်းမဲ ငွေသားနဲ့ iPhone 13 တွေ ပေးမယ်ဆိုပြီး လိမ်လည်ဖြန့်ဝေ ခိုင်းနေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  30 Jun 2023 1:04 PM IST
  • သရုပ်ဆောင် မေတိုးခိုင်ရဲ့  ဖေစ့်ဘွတ် live အဟောင်းကို အသုံးပြုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်

    ဒီအကြောင်းအရာကို 𝐌𝐚𝐚𝐲_𝐓𝐨𝐞_𝐊𝐡𝐢𝐢𝐧𝐞 ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇွန်လ ၁၀ ရက်နေ့က စပြီး ပိုစ့် ၅ ခုထက်မနည်း ဖြန့်ဝေနေတာဖြစ်ပြီး ပြန်လည်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ အချို့ပိုစ့်တွေရဲ့ အောက်မှာ မှတ်ချက်ပေးမှုပေါင်း တစ်သောင်းနီးပါးထိ ရှိပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ထောင်ကျော်ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ သရုပ်ဆောင် မေတိုးခိုင်ရဲ့ ဖေစ့်ဘွတ် live အဟောင်း တစ်ခုကို အသုံးပြုပြီး 'ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13 တစ်လုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဤသည်မှာ ဆုရရှိသူများထဲမှ အချို့ဖြစ်သည်။ ဆုရရှိရန် အခွင့်အရေးမှာ ဆုရရှိရန် ဝင်ခွင့်ဖောင်ကိုဖြည့်ပြီး ယခုပင် စာရင်းပေးသွင်းလိုက်ပါ' လို့ ရေးသားကာ အောက်မှာ ဝင်ရောက်ရမယ့် လင့်တစ်ခုပေးထားတာပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင် လိမ်ညာရေးသားထားတဲ့ ဖေစ့်ဘွတ် live ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ သရုပ်ဆောင် မေတိုးခိုင်ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့် မဟုတ်သလို ပေချ့်ဖွင့်ထားတာ ရက်ပိုင်းမျှသာ ရှိသေးကြောင်း တွေ့ရပါတယ်။

    ပိုစ့်အောက်က မှတ်ချက်ပေးသူတွေကို အလိုအလျောက်ပြန်လည် ဖြေကြားတဲ့ မှတ်ချက်မှာလည်း ‘ဤသည်မှာ ဆုရရှိသူများထဲမှ အချို့ဖြစ်သည်။ ဆုရရှိရန် အခွင့်အရေးမှာ ဆုရရှိရန် ဝင်ခွင့်ဖောင်ကိုဖြည့်ပြီး ယခုပင် စာရင်းပေးသွင်းလိုက်ပါ’ လို့ ရေးသားပြီး ဝင်ရောက်ရမယ့် လင့်တစ်ခု ချပေးထားပါတယ်။

    ဒါဟာ ဆိုရှယ်မီဒီယာတွေပေါ်က လိမ်နည်း တမျိုးဖြစ်ပြီး ပေချ့် follower များလာ ချိန်မှာ တခြားစီးပွားရေး တခုခုပြုလုပ်ခြင်း (သို့) တခြားသူတစ်ဦးကို ပြန်လည်ရောင်းချခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အခုလိုဖြစ်စဉ်နဲ့ ပုံစံတူ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ဖေစ့်ဘွတ် live တစ်ခုကို အသုံးပြုပြီး လိမ်လည်ခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါသေးတယ်။ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့က သရုပ်ဆောင် မေတိုးခိုင် လွှင့်ခဲ့တဲ့ ဖေစ့်ဘွတ် live ကို ရယူပြီး ပြန်လည် ကူးယူဖြန့်ဝေနေတာသာ ဖြစ်ပါတယ်။


    ဒီ ၂၀၂၀ ခုနှစ်က လွှင့်ခဲ့တဲ့ ဖေစ့်ဘွတ် live ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အခုဖြန့်ဝေနေတာ ဖေစ့်ဘွတ်ပေချ့် like များအောင်နဲ့ follower တိုးအောင် လိမ်ညာထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

    Tags

    old Facebook livecheatingဖေစ့်ဘွတ် livedonate iphonesFake donationကံစမ်းမဲအတုFake Facebook livefake lucky drawActorActress
    Read Full Article
    Claim :   သရုပ်ဆောင် မေတိုးခိုင် ဖေစ့်ဘွတ် live လွှင့်ပြီး ကံစမ်းမဲ ငွေသားနဲ့ iPhone 13 တွေ ပေးမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!