BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကင်ဂျုံအန်း အတု၊ အစစ်ပြဿနာ
သတင်းအတု

ကင်ဂျုံအန်း အတု၊ အစစ်ပြဿနာ

မေလ အစောပိုင်းက လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင် ကင်ဂျုံအန်းဟာ အစစ်မဟုတ်ပဲ လူတူအစားထိုးထားတယ်ဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်တင်မက ကမ္ဘာ့မီဒီယာတွေပေါ်မှာပါ ထင်မြင်ယူဆချက်အမျိုးမျိုးပေးနေတာ တွေ့ရပါတယ်။

By - Boom Live Myanmar |
Published -  16 May 2020 2:13 PM IST
  • ကင်ဂျုံအန်း အတု၊ အစစ်ပြဿနာ

    လူမြင်ကွင်းက အတန်ကြာပျောက်ဆုံးနေတဲ့ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ဟာ မေလ ၂ ရက်နေ့မှာ ဓာတ်မြေသြဇာစက်ရုံဖွင့်ပွဲတစ်ခုကို တက်ရောက်ဖွင့်လှစ်တဲ့ သတင်းတွေနဲ့အတူ ကမ္ဘာ့မီဒီယာတွေ ရှေ့ကိုပြန်လည်ရောက်ရှိလာပါတယ်။

    လူမြင်ကွင်းက ပျောက်ဆုံးနေစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း သေဆုံးပြီဆိုတဲ့ ကောလဟလ သတင်းတွေထွေက်ပေါ်ခဲ့သလို သူပြန်လည်ထွက်ပေါ်လာချိန်မှာလည်း ကင်ဂျုံအန်း အတု၊ အစစ် ပြဿနာက လူမှုကွန်ယက်တွေပေါ်မှာတင်မကပဲ ကမ္ဘာ့မီဒီယာတွေပေါ်မှာပါ ပျံ့နှံ့နေတဲ့အတွက် BOOM အနေနဲ့ သတင်းဆန်းစစ်ချက်ပြုလုပ်ပေးလိုက်ပါတယ်။

    ကင်ဂျုံအန်းဟာ သူ့အဘိုးဖြစ်သူ ကင်အီဆွန်းရဲ့ဧပြီလ ၁၅ရက်နေ့မှာကျရောက်တဲ့ မွေးနေ့ နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခြင်းမရှိခဲ့ဘဲ လူမြင်ကွင်းက ပျောက်ဆုံးနေခဲ့ရာကစပြီး ကောလဟလ တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

    ဒီကောလဟလ သတင်းကို India Today၊ News 18 နဲ့ Daily Mail စတဲ့ သတင်းဌာနတွေကရေးသားခဲ့ရာကနေ အဲ့ဒီရေးသားချက်တွေကို ဘာသာပြန်ပြီး သတင်းစုံ၊ Apann Pyay စတဲ့ ဖေ့ဘွတ်ပေချ့်တွေ အပြင် CELE CRAZY NEWS၊ MYANMAR UPDATE NEWS နဲ့ ဗမာ့ခေတ် တို့လို သတင်းဌာန အေယာင်ဆောင် ဝက်ဘ်ဆိုက်တွေက ပြန်လည်ဖော်ပြထားတာ တွေ့ရပါတယ်။

    ဒီဖြန့်ဝေနေတဲ့ သတင်းတွေထဲမှာ "သီအိုရီသမားတွေက ကင်ဂျုံအန်အစစ် တကယ်သေတယ်ဆိုတာ မှန်ကန်ကြောင်း ထောက်ပြခဲ့ပြီး၊ အခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ ကင်ဂျုံအန်ဟာ ကင်ဂျုံအန်မဟုတ်ဘဲ၊ ကင်ဂျုံအန်အတုသာဖြစ်တယ်လို့ ဆိုပါတယ်။ ကင်ဂျုံအန်အတုဆိုတာ ခေါင်းဆောင်ကင်နဲ့ ရုပ်ချင်းဆင်တူသူတစ်ယောက်ယောက်ကို အစားထိုးပြီး လူလုံးပြစေတာလို့ သီအိုရီသမားတွေက ဆိုလိုတဲ့သဘောပါ။" ဆိုပြီး ရေးထားပါတယ်။


    သတင်းဆန်းစစ်ချက်

    ဒီကောလဟလ စတင်ပြန့်နှံ့မှုကတော့ ဗြိတိန်နိုင်ငံက ကွန်ဆာဗေးတစ်ပါတီ (Conservative and Unionist Party) အမတ်ဟောင်း Louise Mensch ရဲ့ တွစ်တာမှာရေးသားခဲ့တဲ့ ပိုစ့်ကပဲဖြစ်ပါတယ်။ သူမက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ပုံကိုအသုံးပြုကာ သွားတွေကို နှိုင်းယှဉ်ပြီး တွစ်တာမှာရေးခဲ့တာက "သွားတွေ၊ မေးရိုးနဲ့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ လုံးဝကို ကွဲပြားခြားနားနေပါတယ် … ရှင်တို့လည်း အဲဒီခြားနားချက်ကို အရှင်းသား မြင်ရပါလိမ့်မယ် "လို့ သူမရဲ့ တွစ်တာမှာ ရေးခဲ့ပါတယ်။


    သူမရဲ့ တွစ်တာမှာ ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

    ယခုလူမြင်ကွင်းကို ပြန်လည်ထွက်လာတဲ့ ကင်ရဲ့ပုံနဲ့ ယခင်က ပုံကို နှိုင်းယှဉ်ပြသထားတယ်ဆိုတဲ့ သူမရဲ့ ပုံတွေကိုကြည့်ရင် ညာဘက်က ပုံကတော့ ၂၀၁၆ ခုနှစ် မေလ ၁၂ ရက်က The Guardian သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ပုံဖြစ်ပဲဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့ပေးပါ။


    ဒါပေမဲ့ ဘယ်ဘက်မှာ ပြထားတဲ့ ပုံကတော့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA (Korean Central News Agency) က ဖော်ပြခဲ့တဲ့ ပုံဖြစ်နေရမယ့်အစား အခြားတစ်ယောက်ယောက်ရဲ့ ပုံ ဒါမှမဟုတ် ပြန်လည်ပြုပြင်ထားတဲ့ ပုံဆိုတာ တွေ့ရမှာပါ။ The New York Times သတင်းဌာနနဲ့ The Guardian သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ KCNA က ထုတ်ပြန်တဲ့ ပုံတွေကို အောက်မှာ ကြည့်ရှု့ပေးပါ။


    The New York Times သတင်းဌာနမှာ မေလ ၁ ရက်နေ့က ဖော်ပြခဲ့တဲ့ ပုံဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    အောက်ဖော်ပြပါ အနီးကပ်ပုံတွေကို သေချာ ကြည့်ပါ။ အနီရောင် ဝိုင်းပြထားတဲ့ နေရာတွေရဲ့ နောက်ခံဟာ တူနေပြီး မျက်နှာသွင်ပြင် အထူးသဖြင့် သွားတွေက တူမနေတာ တွေ့ရမှာပါ။ ညာဘက်ပုံမှာ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က ထုတ်ပြန်ထားတဲ့ ပုံဖြစ်ပြီး ဘယ်ဘက်က ပုံကတော့ ဗြိတိန်အမတ်ဟောင်း Louise Mensch ရဲ့တွစ်တာမှာ ဖြန့်ဝေခဲ့တဲ့ ပုံဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်က သူမဟာ ပုံကိုဖြန့်ဝေခြင်းမပြုမီ ပြုပြင်ထားတယ်လို့ ယူဆရပါတယ်။ဒါမှမဟုတ်လည်း တစုံတစ်ယောက်က ပြုပြင်ထားတဲ့ပုံကို ကူးယုပြီး ဖြန့်ဝေတာလည်းဖြစ်နိုင်ပါတယ်။



    ဒီနေရာမှာ ဗြိတိသျှဘလော့ဂါ၊ ဗြိတိန်အမတ်ဟောင်း Louise Mensch ရဲ့ အကြောင်းကို အနည်းငယ်ပြောရရင် သူမဟာ ၂၀၁၀ ခုနှစ်ယူကေအထွေထွေရွေးကောက်ပွဲမှာ Corby မဲဆန္ဒနယ်အတွက် ကွန်ဆာဗေးတစ် ပါတီရဲ့ အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ သူမရဲ့ ဒုတိယယောက်ျားနဲ့ အတူ နယူးယောက်ကို ပြောင်းဘို့အတွက် လွှတ်တော်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ နယူးယောက်က သတင်းကော်ပိုရေးရှင်းတစ်ခုမှာ အလုပ်လုပ်ပြီး ၂၀၁၆ မှာတော့ Heat Street ဆိုတဲ့ ဝက်ဆိုက်ကို ပူးတွဲတည်ထောင်ခဲ့ပါတယ် ။

    သူမ အပါအဝင် သူမ တည်ထောင်ထားတဲ့ Heat Street ဝက်ဘ်ဆိုက်ဟာ အချက်အလက် အတိအကျမရှိတဲ့ စွပ်ဆွဲချက်တွေနဲ့ အမေရိကန်သမ္မတ ထရန့်ရဲ့ အုပ်ချုပ်ရေးနဲ့ ရုရှားဖက်ဒရေးရှင်းရဲ့ ဆက်ဆံမှုအကြောင်းတွေကို ဖော်ပြလေ့ရှိပါတယ်။ ဒီစွပ်စွဲချက်တွေကြောင့် သူမကို အမှန်အမှားရောနှောရေးလေ့ရှိတဲ့ ဘလော့ဂါ တစ်ယောက်အဖြစ် မီဒီယာတွေက ဖော်ပြလေ့ရှိပြီး သူမကိုယ်တိုင်လည်း ပြန်တောင်းပန်ရတဲ့ အဖြစ်တွေ မကြာခနကြုံရပါတယ်။ အောက်ပါပုံကတော့ ၂၀၁၆ ခုနှစ် မေလ ၁၆ ရက်က The Guardian သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သူမအကြောင်းပဲ ဖြစ်ပါတယ်။


    ဖော်ပြပါပုံက အစိမ်းရောင်ခြယ်ထားတဲ့ နေရာမှာ ရေးထားတာက "Louise Mensch ဟာ အမှန်ရောနှောထားပြီး တိကျမှုမရှိတဲ့ဇာတ်လမ်းတွေနဲ့ စာဖတ်သူတွေကိုယ်တိုင် အမှန်ကိုရှာဖွေခိုင်းတဲ့ ဘလော့ဂါတွေထဲ့က တစ်ယောက်လို့" ရေးထားတာ ဖြစ်ပါတယ်။ ပုံအောက်မှာ ရေးထားတာက "Louise Mensch ဟာ သတင်းဦးအမှန်တွေထုတ်ဝေခဲ့ပါတယ်။ ဒါပမေ့ သူမရဲ့ သတင်းတွေက မယုံကြည်ရဘူး" လို့ ဆိုထားတာပါ။ ဒီသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ဒီလောက်ဆိုရင် သူမဘယ်လိုလူလဲ ဆိုတာနဲ့ သူမအခုဖြန့်ဝေခဲ့တဲ့ သတင်းဟာ ယုံကြည်စိတ်ချရရဲ့လား ဆိုတာ မှန်းဆနိုင်မယ်ထင်ပါတယ်။

    ပြီးခဲ့တဲ့လအတွင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း သေဆုံးပြီ ဆိုတဲ့ ဗွီဒိုယိုဖိုင် ဖြန့်ဝေမှုကိုလည်း BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ခဲ့ပါပြီး အဆိုပါ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    Kim Jong-unNorth KoreaDoublebodyConservative and Unionist PartyLouise MenschKCNAHeat Street
    Read Full Article
    Claim :   ဒီသတင်းတွေရဲ့ အဓိက ဇစ်မြစ်ဟာ သတင်းအမှားတွေဖြန့်လေ့ရှိတဲ့ ဗြိတိန်အမတ်ဟောင်း တစ်ဦးရဲ့ Twitter ပို့စ်ကနေစတင်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
    Claimed By :  ၤFacebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!