BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ကင်မ်ဂျုံအန်ရဲ့ဈာပနအခမ်းအနား...
Top Block

ကင်မ်ဂျုံအန်ရဲ့ဈာပနအခမ်းအနား ဆိုတဲ့ဗီဒီယိုအတု

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်းတွေထွက်ပေါ်နေစဉ်မှာပဲ သူ့ရဲ့အသုဘအခမ်းအနားဆိုပြီး ဖြန့်ဝေကြတဲ့ Video တွေ ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  28 April 2020 8:46 PM IST
  • ကင်မ်ဂျုံအန်ရဲ့ဈာပနအခမ်းအနား ဆိုတဲ့ဗီဒီယိုအတု

    ဒီလိုပျံ့နှံ့မယ်ဆိုလည်း ပျံ့နှံ့ချင်စရာကောင်းပါတယ်။ ဘာဖြစ်လို့ဆို ကင်မ်ဂျုံအန်ဟာ လူထုရှေ့မထွက်တာ နှစ်ပတ်ကျော်ကြာပြီ ဖြစ်ပါတယ်။ လက်ရှိ ကင်မ်ဂျုံအန် ရဲ့အခြေအနေအကြောင်းကို မပြောခင် ဒီပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်ဟာ အတုဖြစ်တယ်ဆိုတာကို အရင်ပြောပါရစေ။

    အမှန်တကယ်တော့ ကင်မ်ဂျုံအန်ရဲ့အသုဘမြင်ကွင်းဆိုပြီး ဖြန့်ဝေနေတဲ့ ဒီဗွီဒီယိုဖိုင်ဟာ သူ့ရဲ့ဖခင် ယခင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီ ရဲ့ ဈာပန မြင်ကွင်းဖြစ်ပြီး ဒီပုံတွေကို ၂၀၁၁ ခုနှစ်က ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။

    ပုံတွေကို ကြည့်ရင် မှန်နဲ့လုပ်ထားတဲ့ ခေါင်းတလားထဲမှာ လဲလျောင်းနေတဲ့ ယခင်မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီကို အနီရောင်စောင်လွှမ်းလျက်သား နဲ့တွေရမှာပါ။ ပုံထဲမှာပါတဲ့ ခေါင်းအုံးပုံ၊ ပန်းတွေ အလှဆင်ထားတဲ့ ပုံ တွေကို ယှဉ်ကြည့်ရင် ဒီဗွီဒီယိုရဲ့ မူရင်းကို သိနိုင်မှာပါ။ ဒီပုံတွေဟာ ကမ္ဘာ့မီဒီယာ အတော်များများမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။



    ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘီဘီစီသတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။


    ကင်မ်ဂျုံအန် ဘယ်မှာလဲ

    ဒါကိုတော့ ဘယ်သူမှာ သေချာမပြောနိုင်သေးပါဘူး။ ကမ္ဘာ့မီဒီယာတွေမှာ အမျိုးမျိုးဖော်ပြနေကြပါတယ်။ မီဒီယာတွေက မြောက်ကိုရီးယားအရေးကျွမ်းကျင်သူတွေ၊ အိမ်နီးချင်း တောင်ကိုရီးယားက သတင်းတွေကိုးကားပြီး ကင်မ်ဂျုံအန် သေပြီလို့ ပြောသူရှိသလို တစ်ချို့က အပြင်းအထန်ဖျားနေတယ်လို့ပြောနေပါတယ်။ တချို့ကလည်း သူ့ရဲ့အားလပ်ရက် ဖြစ်တယ်လို့ ပြောနေသလို တစ်ချို့ကျပြန်တော့ COVID-19 ကြောင့် အိမ်မှာပဲ နေနေတာ ဖြစ်မယ်လို့ ပြောဆိုနေတာပါ။

    DW သတင်းဌာနမှာ ဖော်ပြထားတာက ကင်မ်ဂျုံအန်း သတင်းနဲ့ပါတ်သတ်ပြီး မြောက်ကိုရီးယားမီဒီယာတွေကိုယ်တိုင်က သူတို့ခေါင်းဆောင်ရဲ့ သတင်းနဲ့ပါတ်သတ်ပြီး ငြိမ်ချက်သားကောင်းနေတဲ့အကြောင်း၊ ရိုက်တာသတင်းဌာန ဖော်ပြချက် အရ တရုတ်နိုင်ငံအနေနဲ့ ကင်မ်ရဲ့နှလုံးခွဲစိတ်မှုအပြီးမှာ ကျန်းမာရေးကို အကူအညီပေးဘို့ ဆရာဝန်တွေေ စလွှတ်ပေးခဲ့ကြောင်း၊ ဂြိုလ်တုသတင်းတွေအရ ကင်မ်ရဲ့ သီးသန့်ရထားကို Wonsan ရဲ့ ကမ်းရိုးတန်းအပန်းဖြေစခန်းမှာ တွေ့ရှိကြောင်း သတင်း တင်ဆက်ထားပါတယ်။

    FOX news သတင်းဌာနရဲ့ သတင်း တစ်ခုမှာတော့ တောင်ကိုရီးယားသမ္မတ Moon Jae-in ရဲ့ နိုင်ငံခြားရေး မူဝါဒအကြံပေး ချောင်အင်မွန်းက "ကင်မ်ဂျုံအန်း က ကျန်းကျန်းမာမာရှိနေပါတယ်။ သူက ဝမ်ဆင် မှာ ဧပြီ ၁၃ ရက်နေ့ကတည်းက ရောက်နေတာပါ" လို့ ြပောကြားထားတာ တွေ့ရပါတယ်။









    Tags

    Kim Jong-unKim Jong-ilNorth Korea
    Read Full Article
    Claim :   ယခင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီရဲ့ ဈာပနအခမ်းအနား ဗွီဒီယိုဖိုင်ကို အသုံးပြုပြီး လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအန် ရဲ့ အသုဘအခမ်းအနားလို့ ဆိုပြီ ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ကို BOOM Myanmar က အချက်အလက် စုဆောင်းတင်ပြထားပါတယ်။
    Claimed By :  Fcaebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!