BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင္းမွား
      • လူပေါင်းသန်းနဲ့ချီကြည့်ရှူခဲ့ကြတဲ့...
      သတင္းမွား

      လူပေါင်းသန်းနဲ့ချီကြည့်ရှူခဲ့ကြတဲ့ သတင်းအမှား ဗီဒီယို

      လက်ရှိအွန်လိုင်းပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားတာနဲ့ ပါတ်သတ်လို့ ထင်ကြေးးပေးပြောဆိုမှူတွေ၊ သတင်းမှားဖြန့်ဝေတာတွေ ကြုံခဲ့ရပြီးဖြစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေတွေကြားထဲမှာ လတ်တလောပျံ့နေတဲ့ သတင်းအမှားဗီဒီယိုအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး Boom ကလေ့လာဆန်းစစ်ထားတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

      By - Boom Live Myanmar | 4 May 2020 2:42 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • လူပေါင်းသန်းနဲ့ချီကြည့်ရှူခဲ့ကြတဲ့ သတင်းအမှား ဗီဒီယို

      ပြည်တွင်းက Youtuber တစ်ယောက်ဖန်တီးထားတဲ့ ဒီသတင်းတုဟာ ဧပြီလ ၁၆ က YouTube ပေါ်မှာ ဖြန့်ဝေခဲ့တဲ့အပြင် ဖေ့စ်ဘွတ်လူမှူကွန်ရက်ပေါ်မှာလည်းသန်းနဲ့ချီတဲ့ကြည့်ရှူနှူန်းတွေရှိခဲ့ပါတယ်။ Khun Zaw Ye Maung ဆိုတဲ့အမည်နဲ့ အဲ့ဒီ သတင်းတစ်ပုဒ်ကို Martin Swe's Page ဆိုတဲ့ပေချ့်ကနေ ဖေ့စ်ဘွတ်ပေါ်မှာ ယင်းနေ့မှာပဲ ပြန်လည်ဖြန့်ဝေခဲ့ပြီး လူပေါင်းများစွာဆီ မရေရာတဲ့အချက်အလက်နဲ့ ထင်ကြေးပေးပြောဆိုထားတာတွေပျံနှံ့ခဲ့တာဖြစ်ပါတယ်။

      "WHO နဲ့ တရုတ်အစိုးရပူးပေါင်းပြီး တစ်ကမ္ဘာလုံးကိုတစ်ကယ်ပဲကြံစည်လိုက်ကြတာလား" လို့ ရေးသားဖြန့်ဝေခဲ့တဲ့ ဒီပိုစ့်ဟာ အခုချိန်မှာတော့ ပြန်လည်ဖြန့်ဝေသူ ရှစ်သောင်းတစ်ထောင်ကျော်လာပြီလည်း ဖြစ်ပါတယ်။ အဲ့ဒီအပြင် ဗီဒီယိုကိုတင်ထားတဲ့ သူ့ရဲ့မူရင်း Page မှာတော့ လူပေါင်း နှစ်သိန်းနီးပါးက ထပ်ဆင့်ဝေမျှထားတာဖြစ်ပါတယ်။ဒီပမာဏဟာ လူပေါင်းဘယ်လောက်များများကို အချက်အလက်အမှားတွေပျံ့နှံ့နေသလဲဆိုတာကို မှန်းဆနိုင်မှာဖြစ်ပါတယ်။


      Video ထဲမှာဘာတွေပါသလဲ

      ဒီဗွီဒီယိုထဲမှာ အဓိက ပြောဆိုထားတာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ သဘာဝအလျှောက်ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပဲ WHO နဲ့တရုတ်အစိုးရက အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို တိုက်ခိုက်ဖို့ တမင်ဖန်တီးခဲ့တာဆိုပြီး ပြောဆိုထားပါတယ်။ ဒီလို ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်အစိုးရရဲ့ တမင်ဖန်တီးမှုတစ်ခုဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းတွေဟာဆို ပုံစံအမျိုးမျိုးနဲ့ ထွက်ပေါ် နေခဲ့တာမှာ ပြီးခဲ့တဲ့ ရက်ကလည်း BOOM အနေနဲ့ ဂျပန်နိုင်ဘယ်ဆုရှင် ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို ရေးသားတင်ပြပြီးဖြစ်ပါတယ်။ဒီသတင်းကိုတော့ ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။

      ဒီဗွီဒီယိုမှာပါတဲ့ ပြောဆိုချက်တစ်ချို့ကို ဖော်ပြရမယ်ဆိုရင် - ယခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ သဘာဝမဟုတ်ပဲ တရုတ်အစိုးရက တမင်ထုတ်လုပ်ထားဆိုတာ ကမ္ဘာ့လူဦးရေ ငါးဆယ်ရာခိုင်နှုန်းလောက်က ယုံကြည်နေကြောင်း၊ WHO ကဝန်ထမ်းတွေကလည်း စာရိတ္တတွေ ပျက်စီးနေပြီး တရုတ်အစိုးရနဲ့ ပူးပေါင်းကာ တစ်ကမ္ဘာလုံးကို ကြံစည်လိုက်တာပဲလို့ ယုံကြည်ကြောင်း၊ ဒီရောဂါ စဖြစ်ကာစ ရက်သတ္တပါတ်ခြောက်ပတ်အတွင်းမှာ တရုတ်အစိုးရက မသိချင်ဟန်ဆောင်ပြီး ဖုံးကွယ်ထားခြင်းသည် ရိုးသားမှုမရှိကြောင်း၊ WHO က တရုတ်အစိုးရရဲ့ Plan ကိုကာကွယ်ဖို့ မရရအောင် ကူညီနေတာဖြစ်ကြောင်း စတဲ့ အချက်တွေကို တပိုင်းတစ ဗွီဒိုယိုကဒ်တွေ သုံးပြီး တင်ပြသွားတာ တွေ့ရပါတယ်။

      ဒီလိုတင်ပြရာမှာ ပိုစ့်ပိုင်ရှင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ WHO အဖွဲ့အစည်းအပေါ် ရံပုံငွေ ဆိုင်းငံ့ကြောင်း ပြောကြားခဲ့တဲ့ သတင်းဗွီဒီယိုဖိုင်ကို ကိုင်စွဲကာ အထပ်ထပ်ပြသပြောဆိုခဲ့သလို၊ ကမ္ဘာ့မီဒီယာတွေမှာ ဝေဖန်နေတဲ့ WHO အဖွဲ့ရဲ့ ထိုင်ဝမ်နိုင်ငံ အပေါ်ရပ်တည်ချက်၊ COVID-19 ဖြစ်ပွားမှု ကနဦးအချိန်က ခရီးသွားလာမှုကန့်သတ်ခြင်းအပေါ် WHO ရဲ့ မှားယွင်းအကြံပေးမှုတွေ ကို ကိုင်ကာပြောဆိုထားတာတွေပါဝင်ပါတယ်။


      သတင်းဆန်းစစ်ချက်

      BOOM အနေနဲ့ ဒီဖြန့်ဝေမှုထဲက ပြောဆိုချက်တွေကို ဆန်းစစ်ရာမှာ ပထမဆုံးအနေနဲ့ ဒီဗွီယိုရဲ့ 02:35 မိနစ်နေရာမှာ သူပြောသွားတဲ့ အချက်ကို ဆန်းစစ်ခဲ့ပါတယ်။ ဒီနေရာမှာ သူပြောတာက "January 23, 2020 မှာ တရုတ်အစိုးရက ဝူဟန်မြို့ကို လုံးဝပိတ်လိုက်ပါတယ်။ သူတို့ရဲ့ တရုတ်နိုင်ငံကို ဘယ်ဘက်ကမှ သွားလာခွင့် မရှိတော့ပါဘူး။ ဒါပေမဲ့ ထူးထူးဆန်းဆန်း တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံပေါင်းစုံကို တော့ ဒီဝူဟန်မြို့ကနေ သွားလာခွင့်တွေ ရရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒါက မဆန်းဘူးလားခင်ဗျ။" ဆိုပြီး ပြောသွားပါတယ်။

      ဒါနဲ့ပတ်သက်ပြီး ဒီရောဂါဖြစ်ပွားတဲ့ အချက်အလက်တွေကို အချိန်နဲ့အမျှထုတ်ပြန်ဖော်ပြနေတဲ့ Worldometers မှ ဖော်ပြထားတဲ့ အချက်တစ်ချို့ကို ပုံအဖြစ်အောက်မှာ ကြည့်ရှု့ရအောင်ပါ။


      ပုံမှာမြင်နေရတဲ့ အစိမ်းရောင်မျဉ်းသားထားတဲ့ နေရာတွေမှာ ရေးသားထားတာက ဇန်နဝါရီ ၂၃ ရက်နေ့မှာ မြို့ရဲ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ပိတ်ပင်ထားကြောင်း၊ နောက်တစ်ခုက ဒီလိုပိတ်ထားတဲ့ အဓိပ္ပါယ်က လူ ၁၈ သန်းကျော်ကို သီးသန့်နေစေတာ ဖြစ်ကြောင်း ရေးထားတာပါ။ ဆိုလိုတာက သူပြောသလို တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံပေါင်းစုံကို ဒီဝူဟန်မြို့ကနေ သွားလာခွင့်တွေ ရရှိနေတယ်ဆိုတဲ့အချက်က လုံးဝမှားယွင်းနေတာဖြစ်ပါတယ်။သူပြောခဲ့တဲ့ ဝူဟန်က လူတွေ ဆိုတာ မြို့ကို Lockdown မလုပ်ခင် တခြားနေရာကိုသွားရောက်နေတဲ့ သူတွေ၊ တနည်းအားဖြင့် မြို့ပြင်ရောက်နေတဲ့ သူတွေကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။

      ဒုတိယအချက်အနေနဲ့ ဗွီဒီယိုရဲ့ 03:40 မိနစ်မှာ သူပြောထားတာက "တရုတ်အစိုးကို တကမ္ဘာလုံးက မုန်းတီးနေချိန်မှာ အဖွဲ့တဖွဲ့က တော့ ဒီတရုတ်အစိုးရကို ချီးကျူးပြီး ကာကွယ်နေတုန်းဖြစ်ပါတယ်။ WHO ပဲဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ Plan ကိုကာကွယ်ဘို့ မရရအောင် ကူညီနေတာဖြစ်ပါတယ်။" လို့ ဆိုထားပါတယ်။အဆိုးရွားဆုံးကတော့ သူပြောဆိုနေစဉ် သက်သေအနေနဲ့ သူ့ဗီဒီယိုမှာ ထည့်သွင်းထားတဲ့ ပုံကိုအောက်မှာ ဖေါ်ပြထားပါတယ်။


      အထက်ပါပုံမှာ ပါဝင်တဲ့ စာသားအရ "WHO ကိုဦးဆောင်မယ့်ကိုယ်စားလှယ်လောင်း ကူးစက်ရောဂါဖြစ်ပွားမှုကို ဖုံးကွယ်တယ်လို့ စွပ်စွဲခံရ" လို့ ရေးသားထားတာဖြစ်ပြီး ဒါနဲ့ပါတ်သတ်ပြီး BOOM က စစ်ဆေးကြည့်ရာမှာတော့ ဒီသတင်းကို The New York Times သတင်းဌာနက ၂၀၁၇ ခုနှစ် မေလ ၁၃ ရက်မှာ ဖော်ပြခဲ့တဲ့သတင်းအဟောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဆိုပါသတင်းကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။

      သတင်းပါအကြောင်းအရ WHO မှာ ဝင်ရောက်အေရွေးချယ်ခံနေတဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက် (လက်ရှိ WHO ဒါရိုက်တာ) သူ့နိုင်ငံ အီသီယိုးပီးယားမှာ ဝမ်းရောဂါနဲ့ ပါတ်သတ်ပြီး သတင်းဖုံးကွယ်ခဲ့တယ်လို့ စွပ်စွဲခံရတာပဲဖြစ်ပါတယ်။ ဒါက ခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိပါဘူး။

      တတိယအချက် အနေနဲ့ ဗွီဒီယိုရဲ့ 04:38 မိနစ်မှာ သူပြောထားတာက "ဒီ ဒေါက်တာတက်ဒရို (Dr Tedros Adhanom) ရဲ့ သမိုင်းကို လေ့လာကြည့်လိုက်တော့ တရုတ်အစိုးရတွေနဲ့ တော်တော်လေးကို ပူးပေါင်းပြုလုပ်မှုတွေအများကြီး ရှိခဲ့ပါတယ်။ ဥပမာတစ်ခုပေးရမယ်ဆိုရင် တလောတုန်းကတရုတ်အစိုးရက လုံးဝမမှန်တဲ့ document တစ်ခုကိုလွှင့်လိုက်တယ်။ အဲ့ဒါကို ဒေါက်တာ တက်ဒရိုက ရှယ်လိုက်ပါတယ်" ဆိုပြီး ပြောဆိုထားပါတယ်။ သူပြောနေစဉ်မှာလည်း ဗွီဒီယိုမှာ ဒေါက်တာတက်ဒရို ရှယ်ထားတဲ့ တွစ်တာက ပို့စ်ကို ပြသနေပါတယ်။ အောက်မှာ ကြည့်ရှု့ပေးပါ။


      သူပြထားတဲ့ ပုံကိုသေချာကြည့်ရှု့ရင်ကို ဒေါက်တာတက်ဒရို ရှယ်ခဲ့တာ တရုတ်အစိုးရထုတ်ပြန်တဲ့ Video ဟာ ဟုတ်လားမဟုတ်လား သိနိုင်ပါတယ်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း ဒါက BBC မီဒီယာရဲ့ မတ်လ ၁၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ သတင်းတစ်ပုဒ်သာဖြစ်ပါတယ်။ အဲ့ဒီသတင်းကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။


      အထက်ပါ ပုံကတော့ ဒေါက်တာတက်ဒရို ရဲ့ တွစ်တာမှာ ဖြန့်ဝေခဲ့ပုံဖြစ်ပြီး မူရင်းလင့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      နောက်ဆုံးအချက်အနေနဲ့ ဗွီဒီယိုရဲ့ 08:19 မိနစ်မှာ သူပြောထားတာက "အခုဆို ဝူဟန်မှာရှိတဲ့ လုံးဝ ရက်စက်တဲ့ လူမဆန်တဲ့ မားကတ်တွေကို WHO က ပြန်ဖွင့်ခွင့်ပေးလိုက်ပါတယ်" ဆိုပြီးပြောဆိုထားပါတယ်။ သူပြောဆိုနေစဉ် သက်သေအနေနဲ့ ဗွီဒီယိုမှာ ပြသထားတဲ့ ပုံကိုအောက်မှာ ဖေါ်ပြထားပါတယ်။


      BOOM အနေနဲ့ ဖော်ပြပါပုံရဲ့ နောက်ခံအကြောင်းကို ဆန်းစစ်ကြည့်ရာမှာတော့ ဒါဟာ ဗြိတိန်အခြေစိုက် The Sun သတင်းဌာနရဲ့ ဧပြီ ၁၅ ရက်နေ့က ဖော်ပြထားတဲ့ သတင်းမှာပါဝင်တဲ့ ပုံဖြစ်ပါတယ်။ သတင်းကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။



      ရှေ့ဆက်မသွားခင် ဒီနေရာမှာ The Sun သတင်းဌာနရဲ့ အကြောင်းကို အနည်းငယ်ပြောချင်ပါတယ်။ ဒီသတင်းဌာက သတင်းတု၊ သတင်းမှားတွေ မကြာခန ဖြန့်ဝေလေ့ရှိပြီး တခါတရံ ပြန်လည်တောင်းပန်ကာ သတင်းတွေ ပြန်ဖြုတ်ချလေ့ ရှိတဲ့ သတင်းဌာနပဲ ဖြစ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနမဟုတ်တဲ့ အတွက် BOOM အနေနဲ့ ဒီသတင်းကို ထပ်မံဆန်းစစ်ခဲ့ပါတယ်။


      အထက်ဖော်ပြပါပုံမှာ ပုံစာရေးထားတာကတော့ "တရုတ်နိုင်ငံ ဝူဟန်မြို့ဈေးထဲက mask ဝတ်ဆင်ထားတဲ့ အကင်ရောင်းသူများ" လို့ရေးထားပါတယ်။ တကယ်တော့ ဒီပုံဟာ FOXNEWS သတင်းဌာနမှာ မတ်လ ၂၃ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းထဲက ပုံဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာဖတ်ရှု့နိုင်ပါတယ်။ အောက်တွင် ပြသထားတဲ့ မူရင်းပုံကို ကြည့်ရှု့ပါ။


      မူရင်းပုံမှာရေးထားတာက "ဇန်နဝါရီ ၁၅ ရက်နေ့က ဘေဂျင်းဈေးတစ်ခုရှိ ဈေးဝယ်သူတွေကို အသားများရောင်းချနေသူ တစ်ဦး" လို့ ရေးထားပါတယ်။ အထက်ပါအချက်တွေအရ အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုမှာပါတဲ့အချက်ဟာတကယ်ပဲဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုမှန်းဆနိုင်မှာဖြစ်ပါတယ်။

      Video ဖန်တီးသူကဘယ်သူလဲ

      ဒီ Video ကိုဖန်တီးသူဟာ အွန်လိုင်းဗီဒီယိုတွေ ဖန်တီးနေသူတစ်ယောက်သာဖြစ်ပါတယ်။ သူ့နာမည်နဲ့ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်Page တစ်ခုအပြင် POP ENT ဆိုတဲ့ Page တစ်ခုကိုဖွင့်လှစ်ထားသူဖြစ်ပြီး You Tube မှာပါ Video တွေတင်ပြီး ဝင်ငွေရှာနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Boom အနေနဲ့ သူဖန်တီးထားတဲ့ Video တွေကိုလေ့လာတဲ့အခါမှာ နိုင်ငံတကာက Youtube Channel တွေပေါ်မှာတင်ဆက်လေ့ရှိတဲ့အကြောင်းအရာတွေဖြစ်တဲ့ သရဲတစေ၊ ဝိဉာဉ်နဲ့ဆက်စပ်တဲ့အကြောင်းအရာမျိူး၊ ထူးခြားပေမယ့် အငြင်းပွားဖွယ်ရာရှိတဲ့ Video အကြောင်းအရာ စတာတွေကို ကူးယူဘာသာပြန်တဲ့ Video တွေဖန်တီးထားတာတွေ့ရပါတယ်။ သူဟာ အချက်အလက်လေ့လာဆန်းစစ်မှူနဲ့ပတ်သက်လို့ ကျွမ်းကျင်သူမဟုတ်သလို၊ သတင်းအတွေ့အကြုံ၊ သုတေသနအချက်အလက်ပြုမှူ ကျွမ်းကျင်သူတစ်ဦးလည်းမဟုတ်ပါဘူး။အခု Video မှာလည်း ကောလဟာလနဲ့သတင်းအတုတွေဖန်တီးလေ့ရှိတဲ့ ဝဘ်ဆိုက်တွေ မယုံကြည်ရတဲ့ သတင်းဌာနတွေက အချက်အလက်တချိူ့ကိုကူးယူဘာသာပြန်ပြီးဖန်တီးထားတဲ့ ပုံစံမျိူးဖြစ်ပါတယ်။ဒီလိုအကြောင်းအရာမျိူးကို ဖန်တီးထားတဲ့ Video မျိူးမှာတောင် တရုတ်ဆိုတဲ့ စကားလုံးကို "တစ်ရုပ်"ဆိုပြီးရေးသားထားတာမျိူးကိုကြည့်ရင်ပဲ ဒီလို Video မှာပါတဲ့ အချက်အလက်တွေဟာဘယ်လောက်တိကျသေချာတယ်၊ မသေချာဘူးဆိုတာကို မှန်းဆနိုင်မှာဖြစ်ပါတယ်။

      Tags

      coronavirusChinaWHOCOVID-19Corona virus
      Read Full Article
      Claim :   ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ သဘာဝအလျှောက်ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပဲ WHO နဲ့တရုတ်အစိုးရက အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို တိုက်ခိုက်ဖို့ တမင်ဖန်တီးခဲ့တာဆိုပြီး ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ကို BOOM Myanmar က အချက်အလက် စုဆောင်းတင်ပြထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!