BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဂျပန်နိုဘယ်ဆုရှင် Tasuku Honjo...
သတင်းအတု

ဂျပန်နိုဘယ်ဆုရှင် Tasuku Honjo ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှား

Corona ဗိုင်းရပ်စ်ဟာ သဘာဝအလျှောက်ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း ဂျပန်နိုဘယ်လ်ဆုရှင်က ပြောတယ်ဆိုပြီး ကမ္ဘာတလွှားက ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေနေရာက မြန်မာနိုင်ငံက ဖေ့စ်ဘွတ်သုံးစွဲသူတွေကြားထဲမှာလည်း ဖြန့်ဝေမှူတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  1 May 2020 6:48 PM IST
  • ဂျပန်နိုဘယ်ဆုရှင် Tasuku Honjo ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှား

    ဒီလိုဖြန့်ဝေခဲ့တဲ့ မူရင်းရေးသားမှူတွေထဲမှာအခုလိုရေးသားထားတာတွေပါဝင်ပါတယ်။ "ဂျပန်နိုင်ငံ၏ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာပါမောက္ခ ဒေါက်တာ Tasuku Honjoသည် Corona ဗိုင်းရပ်စ်သည်"သဘာဝမဟုတ်သောအရာ"ဟု ယနေ့မီဒီယာများရှေ့တွင်ဖွင့်ဟခဲ့ပါသည်။ အကယ်၍သာ ၎င်းသည်သဘာဝအတိုင်းဖြစ်ပေါ်လာသည်ဆိုပါက ကမ္ဘာတစ်ခုလုံးကိုဆိုးဆိုးရွားရွားထိခိုက် လိမ့်မည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံများတွင် အပူချိန်များသည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပါ သည်"ဆိုတဲ့ စာသားတွေပါဝင်ပြီး အင်္ဂလိပ်- မြန်မာနှစ်ဘာသာ အသုံးပြုဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဒီဖြန့်ဝေမှုဟာ သတင်းမှားသာဖြစ်ပြီး ဒီဟာနဲ့ ပါတ်သတ်လို့ အင်္ဂလိပ်ဘာသာနဲ့ တင်ဆက်နေတဲ့ BOOM ရဲ့ စာမျက်နှာမှာ ဖော်ပြပြီး ဖြစ်သလို သတင်းတုတွေဖော်ထုတ်နေတဲ့ တခြားနိုင်ငံတကာက သတင်းဌာန အချို့မှာလည်း ဖော်ပြပြီးဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒီစာမျက်နှာ တွင်ဖတ်ရှု့နိုင်ပါတယ်။ ခုချိန်မှာ မြန်မာနိုင်ငံက ဖေ့စ်ဘွတ်အသုံးပြုသူတချို့လည်း ဖြန့်ဝေမှုမှာပါဝင်လာပြီး ထပ်ဆင်ဖြန့်ဝေသူအရေအတွက် လည်း များပြားလာတာကြောင့် ဒီသတင်းနဲ့ ပါတ်သတ်တဲ့ အချက်အလက်အမှန်ကို မြန်မာစာဖတ်ပရိတ်သတ် သိရှိစေရန် BOOM Myanmar က သတင်းဆန်းစစ်တင်ပြခြင်းဖြစ်ပါတယ်။

    ဒီသတင်းမှားဟာ ဘယ်ကစတင်ပျံ့နှံ့တယ်ဆိုတာ မသိရပေမယ့် WhatsApp၊ တွစ်တာ နဲ့ ဖေ့စ်ဘွတ်တွေ ပေါ်မှာ ဘာသာစကားအမျိုးမျိုးနဲ့ ပျံ့နှံ့နေတာပါ။

    အောက်မှာဖော်ပြထားတာကတော့ BOOM ရဲ့ WhatsApp လိုင်းပေါ်ကို ပေးပို့လာတဲ့ ပုံဖြစ်ပါတယ်။



    သတင်းဆန်းစစ်ချက်

    ပထမဆုံးအနေနဲ့ ဒီစာထဲမှာ ဂျပန်နိုင်ဘယ်လ်ဆုရှင် ဟွန်ဂျိုက ဝူဟန်ဓါတ်ခွဲခန်းမှာ လေးနှစ်ကြာအလုပ် လုပ်ခဲ့ကြောင်း ပြောထားတဲ့အတွက် BOOM အနေနဲ့ နိုဘယ်ဆုရှင်တွေ ရဲ့ ဝဘ်ဆိုက်နဲ့ ကျိုတိုတက္ကသိုလ်ရဲ့ ဝဘ်ဆိုက်မှာတင်ထားတဲ့ နိုဘယ်လ်ဆုရှင်ရဲ့ ကိုယ်ရေးအကျဉ်း ကို တိုက်ဆိုင်စစ်ဆေးတဲ့ အခါမှာတော့ ဝူဟန်ဓါတ်ခွဲခန်းမှာ တခါမှ အလုပ်မလုပ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

    BOOM အနေနဲ့ ဟွန်ဂျိုနဲ့ ကျိုတိုတက္ကသိုလ်ကို ဒီကိစ္စနဲ့ ပါတ်သတ်ပြီး စာရေးအကြောင်းကြားခဲ့ရမှာတော့ တက္ကသိုလ်က ဒီပြောဆိုနေတဲ့ သတင်းကို ငြင်းဆိုခဲ့ပြီး Honjo ရဲ့ တရားဝင်ကြေငြာချက်ကို ဖြန့်ဝေခဲ့ပါတယ်။ ဟွန်ဂျိုက ကြေငြာချက်ထဲမှာ သူနဲ့ တက္ကသိုလ်နာမည်ကို အသုံးပြုပြီး သတင်းမှားဖြန့်ကြတာဖြစ်တဲ့အတွက်သူတို့အနေနဲ့ အလွန်စိတ်မကောင်းဖြစ်ရကြောင်းရေးသားထားပါတယ်။



    ဟွန်ဂျိုက ကင်ဆာကုထုံးကိုရှာဖွေတဲ့ စီမံကိန်းတစ်ခုမှာ ပါဝင်တဲ့အတွက်နဲ့ ၂၀၁၈ ခုနှစ်မှာ နိုဘယ်ဆုရရှိခဲ့တာပါ။ ဒါက ခုဟွန်ဂျိုပြောတယ်ဆိုတဲ့ COVID -19 ဘယ်လိုကနေ စဖြစ်တယ် (သဘာဝမဟုတ်ပဲ လူလုပ်တယ်) ဆိုတဲ့ အချက်နဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး။ သူနိုဘယ်ဆုရတာက ကင်ဆာကုထုံး ရှာဖွေမှုအောက်ကနေ ရထားတာဖြစ်ပါတယ်။


    Tags

    COVID-19coronavirus is man-madeCoronaviruscoronavirus MyanmarCOVID-19 Myanmarorigin of coronavirus
    Read Full Article
    Claim :   ကိုရိုနာဗိုင်းရပ်စ်က လူလုပ်လို့ ဖြစ်လာတာလို့ ဂျပန်နိုဘယ်ဆုရှင် Tasuku Honjo ပြောတယ်ဆိုပြီးဖြန့်ဝေတဲ့အကြောင်းအရာတွေဟာသတင်းအတုတွေသာဖြစ်ပါတယ်။
    Claimed By :  Social Media
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!