HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
Top Block

ကေအန်ယူ ၊ ဒီကေဘီအေနဲ့ BGF တို့ ပူးပေါင်းတယ်ဆိုတဲ့သတင်းအမှား

ယခင်အစည်းအဝေးတစ်ခုက ဗီဒီယိုမှတ်တမ်းတစ်ခုကိုအသုံးပြုပြီး စစ်ကောင်စီကိုတိုက်ခိုက်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့တွေပူးပေါင်းတယ်ဆိုတဲ့ သတင်းအမှားတစ်ခုပြန့်နှံ့ခဲ့ပါတယ်

By - Boom Live Myanmar | 22 April 2021 10:24 AM GMT

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗီဒီယိုဖိုင်အဟောင်းတစ်ခုကိုအသုံးပြုကာ စစ်ကောင်စီကို တိုက်ခိုက်ဖို့ KNU၊ DKBA နဲ့ BGF အဖွဲ့တို့ပူးပေါင်းလိုက်ပြီဆိုတဲ့ သတင်းအမှားပုဒ်လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

အဆိုပါအကြောင်းအရာကို ဖေ့စ်ဘွတ်အကောင့်တွေနဲ့ပေ့ချ်တွေမှာ အဆင့်ဆင့်ဖြန့်ဝေလျက်ရှိပြီး မူရင်းတင်သူမသိရှိရပေမယ့် အကောင့်ပေါင်းမြောက်များစွာကပါထပ်ဆင့်ဖြန့်ဝေနေတာကြောင့်
လူအများအပြားထံပြန့်နှံ့ခဲ့ပါတယ်

လူကြည့်များတဲ့ပို့စ်တချို့မှာတော့ အဆိုပါ Video ဖိုင်နဲ့အတူ "မအလ နဲ့ သူရဲ့သစ္စာခံ လူတစ်စုကို တိုက်ထုတ်ရန်အတွက် DKBA/ BGF/ KNU တို့ပူပေါင်း"  "KNU DKBA BGF တို့ ပူးပေါင်း" စတဲ့ ခေါင်းစဉ်တွေနဲ့ရေးသားဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ် ။

သတင်းဆန်းစစ်ချက်

ဧပြီလလည်ကတည်းကပြန့်နှံ့ခဲ့တဲ့ အဆိုပါ Video ဖိုင်ဟာ မူရင်းပို့စ်တွေမှာရည်ညွှန်းသလို အထက်ပါအဖွဲ့တွေပူးပေါင်းသွားတာမဟုတ်ပဲ မူရင်း Video ဖိုင်ဟာ ယခင်နှစ်အတွင်းက ကရင်ပြည်နယ် မြဝတီခရိုင် မုလအိတောင်ပေါ်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးက Video ဖိုင်ဟောင်းတစ်ခုသာဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနကလည်းယင်းအစည်းအဝေးကို သိရှိသည့် မူအိလဒေသခံတစ်ဦးထံဆက်သွယ်မေးမြန်းထားပြီး Video ဖိုင်အဟောင်းဖြစ်ကြောင်းနှင့် အစည်းအဝေးအဟောင်းမှ မှတ်တမ်းသာဖြစ်ကြောင်း အတည်ပြုထားသည်။ KIC သတင်းဌာနမှ ထောက်ပြထားသည့် သတင်းကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါရုပ်သံဖိုင်တွင် ယခင်နယ်ခြားစောင့်တပ် (BGF) အမှတ် ၄ တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်ခဲ့သည့် ဗိုလ်မှူးစောမုတ်သုန်၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ၊ DKBA မှ ဗိုလ်ရွှေဝ နှင့် KNLA မှ တပ်မှူးတစ်ဦး တို့ပါဝင်ပြီး၎င်းတို့ချင်းရင်းရင်းနှီးနှီးမှတ်တမ်းတင်ထားသည့်မြင်ကွင်းများပါဝင်သည်။ အထက်ပါ အစည်းအဝေးမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အစည်းအဝေးမှတ်တမ်း Video ဖြစ်ပြီး ယင်း Video ဖိုင်အဟောင်းကို ပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။

Related Stories