HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
Top Block

သာသနာ့အလံလွှင့်တာကို အရေးယူဖို့ မုံရွာအောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ရက်ပေါ်မှာ မော်တော်ယာဉ်တွေပေါ် ခွင့်ပြုချက်မရှိဘဲ သာသနာ့အလံတွေ စိုက်ပြီး သွားနေတာကို အရေးယူဖို့ မုံရွာအောင်ရှင်က ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။

By - Boom Live Myanmar | 27 Aug 2020 3:29 PM GMT

အဲ့ဒီ သတင်းအမှားကို တိုင်းကျော်သတင်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က သြဂုတ်လ ၂၆ ရက်နေ့ နေ့ခင်း ၁၂ နာရီ ၁၃ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီးတော့ အဆိုပါ သတင်းရဲ့ ခေါင်းစဉ်မှာ "မော်တော်ယာဉ်များတွင်ခွင့်ပြုချက် မရှိပဲ သာသနာ့အလံများ စိုက်ထူပြီး သွားလာနေမှုများကို အရေးယူဖို့ မုံရွာအောင်ရှင်ပြော" လို့ ရေးသားထားပါတယ်။

အဆိုပါ သတင်းရဲ့ အတွင်းပိုင်းမှာတော့ "ရန်ကုန်မြို့အပါအဝင် အခြားမြို့ကျေးရွာရက်ကွက်တွေမှာ မော်တော်ယာဉ်တွေ ဆိုင်ကယ် ဆိုက်ကားအပါအဝင် အချို့ အိမ်များတွင် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အဖြစ် သာသနာ့အလံများစိုက်ထူခဲ့ကြသည့်အပေါ် ကညန လက်အောက် ရှိမော်တော်ဆိုင်ကယ်များမော်တော်ယာဉ်များ နှင့် စည်ပင်သာယာ မှာ ခွင့်ပြုချက်မယူထားတဲ ဆိုက်ကား များကို အရေးယူဖို့ ကညနနဲ့ စည်ပင်ကို ပြောမှဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေ ကော်မတီ အတွင်းရေးမှုး မုံရွာအောင်ရှင်က ပြောကြားလိုက်သည်။ ဒီနေ့ မော်တော်ယာဉ်တွေမှာ တွေ့နေရတဲ့ နိုင်ငံတော်အလံ တွေကို ကညန တို့စည်ပင်တို့က ခွင့်ပြုချက်မရယူပဲ တပ်ဆင်လို့မရကြောင်း မော်တော်ယာဉ်ဥပဒေ စည်ပင်ဥပဒေ တွေနဲ့ညှိစွန်းနေတာကြောင့် စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့တွေကနေ အရေးယူဖို့လိုကြောင်း ဒီမိုကရေစီဆိုတာ စည်းကမ်းလိုက်နာမှ တန်ဘိုးရှိကြောင်း ဒီမိုကရေစီ ဒီမိုကရေစီပြောနေပြီးစည်းမဲ့ကမ်းမဲ့ မလုပ်ဖို့လိုကြောင်း ဒီနေ့ အဲ့ဒီလိုမော်တော်ယာဉ်တွေမှာ သာသနာ့အလံတွေစိုက်ထူပြီးဟိုသွားဒီသွားသွားနေကြတာ ကို သာသနာရေး ဌာနကလည်း ထိမ်းကြောင်းဖို့လိုကြောင်း မိမိအနေနဲ့ အာဏာရပါတီရဲ့ပြောရေးဆိုခွင့်ရှိတဲ့အတွက် ဒါမျိုးတွေကိုအရေးယူဖို့ သက်ဆိုင်ရာ ဌာနတွေကို တိုက်တွန်းချင်ပါတယ်လို့ မုံရွာအောင်ရှင်က ပြောကြားလိုက်ကြောင်းသိရသည် ။ မော်တော်ယာဉ်အချို့နှင့် ဆိုက်ကယ် ဆိုက်ကား အချို့တိုတွင် ဗုဒ္ဓဘာသာ တို့၏ အထွတ်အမြတ် ထားရာ နိုင်ငံတော်ဘာသာနေ့ ကိုဂုဏ်ပြုကြိုဆို သောအထမ်းအမှတ် အဖြစ် သာသနာ့အလံလွင့်ထူခြင်း စတေကာကပ်ခြင်းများကို မနေ့က စပြီးဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်" လို့ ရေးသားထားပါတယ်။

အဆိုပါ သတင်းအမှားကို တိုင်းကျော်သတင်းဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ထပ်ဆင့်ဝေမျှသူ ၃၇၀၀ ကျော် ရှိနေပြီး တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ထပ်ဆင့် ဝေမျှထားကြပါတယ်။


သတင်းဆန်းစစ်ချက်

တိုင်းကျော်သတင်းဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတဲ့ မော်တော်ယာဉ်တွေပေါ်မှာ သာသနာ့အလံတပ်ပြီး မောင်းနှင်နေတာတွေကို မုံရွာအောင်ရှင်က အရေးယူဖို့ ပြောခဲ့တယ် ဆိုတာနဲ့ ပက်သက်ပြီး Boom Myanmar က သတင်းအမှား ဖြန့်ဝေခဲ့ရတဲ့ ကာယံကံရှင် ဖြစ်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီလိုရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပက်သက်ပြီး "ဒါ သတင်းအမှားပါ။ သူတို့ပြောထားသလို သာသနာ့အလံတွေကို Taxi ပဲဖြစ်ဖြစ်၊ အနှေးယာဉ်ပဲဖြစ်ဖြစ်ပေါ့။ ယာဉ်တွေပေါ်မှာ လွှင့်ထူတဲ့ကိစ္စ၊ အလံထောင်တဲ့ကိစ္စ ကျွန်တော် တစ်ခါမှ သတိတောင် မရပါဘူး။ ပြောလည်း မပြောဖူးပါဘူး။ ဒီကြားထဲမှာ ပါတီအလံကို ထောင်ပြီးတော့ သွားတဲ့ကိစ္စတောင်မှ ဒါက ယာဉ်မောင်းတဲ့ဆရာတွေက ကိုယ်ပိုင်အသိနဲ့ ကိုယ်ပိုင်ထောက်ခံချက်နဲ့ လုပ်ကြတာပါ။ ကျွန်တော်တို့ကလည်း ဒါကို မြောက်ပေးတာလည်း မဟုတ်ဘူး။ အတင်းတိုက်တွန်းတာလည်း မဟုတ်ပါဘူး။ အခု သာသနာ့ အလံကိစ္စက ကျွန်တော်လုံးဝ မပြောဖူးပါဘူး" လို့ မုံရွာအောင်ရှင်က Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။ 

Related Stories