HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဘလော့ဂါ ရေးတဲ့ သတင်းအမှား

မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလင့်တနာရဲ့ ဆောင်းပါးပါအချက်အလက်တွေကို လွဲမှားပြန်ဆို ရေးသားတဲ့ blogger တစ်ဦးရဲ့ ပို့စ်ဟာလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 10 March 2021 3:56 PM GMT

ဒီအကြောင်းအရာကို စာရေးဆရာ လင်းထက်ဆွေက သူ့ရဲ့ဖေစ့်ဘွတ်အကောင့်မှာ မတ်လ ၆ ရက်နေ နေ့လည်ပိုင်းမှာ ရေးသားဖြန့်ဝေခဲ့တာပါ။ သူ့ ရေးသားမှုထဲမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ထင်ရှားတဲ့ ခန့်မှန်းချက်ဟောကိန်း ၂ ခုရှိပြီး တစ်ခုက သတင်းထောက်စာရေးဆရာ ဘာတေးလစ်တနာရဲ့ ဟောကိန်းဖြစ်ကြောင်း၊ ဘာတေးရဲ့အမြင်ဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို စစ်အုပ်စုကသာ ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း နဲ့ နောက် အနှစ် ၃၀-၄၀ လောက်ကျမှပဲ စစ်အုပ်စုထဲကနေ ဒီမိုကရေစီဟာ ပေါက်ဖွားလာပြီး နိုင်ငံရေးကနေ တဖြည်းဖြည်းချင်း ဆုတ်ခွာသွားတဲ့ မိုဒယ်မျိုးကို ရည်ညွှန်းကြောင်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး လိုရာကို ဆွဲယူရေးသားထားတာပါ။

ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီရေးသားဖြန့်ဝေမှုထဲမှာ ကိုးကားရည်ညွှန်းခံရသူ သတင်းစာဆရာ ဘာတေးလစ်တနာက မတ်လ ၆ ရက်နေ့မှာပဲ သူ့ရဲ့ ဖေစ့်ဘွတ်ကနေ လင်းထက်ဆွေရဲ့ပို့စ်မှာ ရေးထားတာတွေဟာ လုံးဝမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းထားတဲ့အပြင် လင်းထက်ဆွေရဲ့ ပိုစ့်အောက်မှာလည်း မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။


ဘာတေးက "လင်းထက်ဆွေဆိုသူရဲ့ ဖေစ့်ဘွတ်အကောင့်မှာ တင်ထားသလို တစ်ခါမှာ မပြောခဲ့ဘူး၊ မရေးသားခဲ့ဘူးဆိုတာ အားလုံးကို သိစေချင်ပါတယ်။ ဒါတွေဟာ လိမ်ညာရေးသားထားတာတွေပါ။ ကျွန်တော် အမှန်တကယ်ရေးခဲ့တာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်" လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

စာရေးဆရာ လင်းထက်ဆွေကတော့ ဘာတေးလင့်တနာ ပြန်လည်ဖြေရှင်းခဲ့ပြီး နောက်ပိုင်း သူ့ရဲ့ ရေးသားမှုမှာပါဝင်တဲ့ သတင်းထောက်စာရေးဆရာ ဘာတေးလစ်တနာရဲ့ ဟောကိန်း ဆိုတဲ့အချက်ကို ပြန်လည်ဖြုတ်ခဲ့ပေမယ့် ပိုစ့်တခုလုံးကိုဖြုတ်ချခြင်းတော့ မရှိသေးပါဘူး။


အထက်ပါပုံမှာ လင်းထက်ဆွေက ပိုစ့်ကို edit ပြုလုပ်ကာ ဖောင့်ပြောင်းပြီး ပြန်လည်တင်ထားတာပဲ ဖြစ်ပါတယ်။

Related Stories