HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG နဲ့ CRPH နဲ့ တခြားအဖွဲ့တွေကို ပူးပေါင်းတိုက်ထုတ်ဖို့ အာဆီယံမှာ သဘောတူတယ်ဆိုတဲ့ သတင်းအမှား

ဇူလိူင်လအတွင်းကကျင်းပခဲ့တဲ့ အာဆီယံနဲ့ မိတ်ဖက် ၈ နိုင်ငံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ CRPH ၊ NUG ၊ PDF နဲ့ ARSA တို့ကို တိုက်ထုတ်ဖို့ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၉၀ ကျော်က သဘောတူခဲ့တယ် ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 7 Aug 2021 4:11 AM GMT

အဆိုပါ သတင်းအမှားကို "အိုက်ခမန်းရဲ့ငရဲခန်း" ဆိုတဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၃၉ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီးအဆိုပါ သတင်းအမှားအတွင်းမှာ ၈ ကြိမ်မြောက် ADMM+ (အာဆီယံနဲ့ မိတ်ဖက် ၈ နိုင်ငံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေး) မှာ တက်ရောက်ခဲ့တဲ့ နိုင်ငံတွေအကြောင်း ဖော်ပြထားပြီး စစ်ကောင်စီက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို တခြားနိုင်ငံတွေကပါ ဆွေးနွေးထားသယောင် ရေးသားထားပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ စစ်ကောင်စီက ဆွေးနွေးထားတာတွေကိုသာ သဘောတူခဲ့ကြောင်း "မြန်မာပြည်တွင် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း၊ CRPH NUG PDF ARSA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာသို့ စာပို့ကြေညာကြောင်း၊ မိမိတို့နိုင်ငံအတွင်း ခိုလှုံနေသော အကြမ်းဖက်အဖွဲ့များ နှင့် ပတ်သက်နေသူများအား စစ်ဆေးဖမ်းဆီးမည်ဖြစ်ကြောင်း၊ အကြမ်းဖက်များ နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုမရှိစေရေး InterPol အဖွဲ့များထံ မိတ္တူပေးပို့သွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်း အကြမ်းဖက်မှုများအား တန်ပြန်တိုက်ဖျက်ရန် ပူးပေါင်းလက်တွဲ ဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူတွေ ရှိသလို ကူးယူဖော်ပြသူ များစွာလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ် ရေးသားဖြန့်ဝေနေတဲ့ အာဆီယံနဲ့ မိတ်ဖက် ၈ နိုင်ငံ ကာကွယ်ရေးဝန်ကြီးအစည်းအဝေးမှာ NUG ၊ CRPH ၊ PDF နဲ့ ARSA တို့ကို တိုက်ခိုက်ဖို့ သဘောတူခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

ပထမ အချက်အနေနဲ့ သတင်းအမှားထဲမှာ ကိုယ်စားလှယ် အယောက် ၉၀ လို့ ရေးသားထားပေမယ့် တကယ်တက်ရောက်ခဲ့တာ အာဆီယံ ၁၀ နိုင်ငံ နဲ့ မိတ်ဖတ် ၈ နိုင်ငံ အပြင် အာဆီယံ အထွေထွေအတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက အဆိုပါ Online Meeting မှာ ၃ ဦး တက်ရောက်ခဲ့ကာ စုစုပေါင်း ၂၀ ကျော်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။


၎င်း Online Meeting ရဲ့ ဆွေးနွေး မှုတွေဟာ ကိုရိုနာကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့၊ ဒေသတွင်း အကြမ်းဖက်မှုတွေ၊ နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စတွေ၊ ရေကြောင်းလုံခြုံရေးပိုင်းတွေ နဲ့ ရာသီတုဥ ပြောင်းလဲခြင်း ဆိုင်ရာတွေကို အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေ မြန်မာနိုင်ငံက စစ်အာဏာ သိမ်းထားခြင်းတွေ၊ ကိုရီးယားကျွန်းဆွယ်အခြေအနေ၊ အင်ဒို-ပစိဖိတ်ဒေသရဲ့ အရေးပါမှုနဲ့ အင်အားပြိုင်ဆိုင်မှုတွေကို အမြင်ခြင်း ဖလှယ်ခဲ့ကြပြီး၊ အငြင်းပွားစရာ ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်/အနောက်ဖိလစ်ပိုင်ပင်လယ် က တရုတ်ကမ်းခြေစောင့် ဥပဒေနဲ့ ပတ်သက်ပြီး စိုးရိပ်ပူပန်စရာတွေကို တက်ရောက်လာတဲ့ တချို့နိုင်ငံတွေက ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ Online Meeting အကြောင်း ဖိလစ်ပိုင်အစိုးရ Website မှာ တင်ထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

ADMM+ အစည်းအဝေးထဲမှာ NUG, CRPH, PDF နဲ့ ARSA တို့ကို တိုက်ထုတ်ဖို့ ဘုံသဘောတူညီခဲ့တယ် ဆိုတာ မဟုတ်သလို မည်သည့်သတင်းမှာမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ ကမ္ဘောဒီးယား နိုင်ငံ Khmer Times သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကိုလည်း ဒီမှာ ဖတ်နိုင်ပါတယ်။

မြန်မာနိုင်ငံက Global News Light of Myanmar သတင်းစာမှာလည်း စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဦးမြထွန်းဦးက အဆိုပါ Meeting ကို တက်ရောက်ခဲ့ပြီး ဆွေးနွေးခဲ့တာတွေကို ဖော်ပြထားပါတယ်။


Global New Light of Myanmar က ရေးသားထာတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


 


 


Related Stories