HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါက်တာဇော်ဝေစိုး အီတလီမှာ ညစာစားနေတယ်ဆို သတင်းမှား

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး အပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှားတစ်ခုဉပီးခဲ့တဲ့ရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 5 Jan 2022 6:45 AM GMT

အဆိုပါ သတင်းအမှားကို ဝဏ္ဏဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး ၎င်း သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါက်တာဇော်ဝေစိုးအပါအဝင် ၄ ဦးဟာ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး မုန့်စားနေတဲ့ ဓါတ်ပုံကို အသုံးပြုပြီး "ခင်ဗျားတို့ကသာ ၊ တောထဲမှာ တိုက်ရင်းသေ၊ သေရင်းတိုက် နေကြတာပါ၊ ဇော်ဝေစိုးကတော့ အီတလီရဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ တွေ့ပြီး အေးအေးလူလူ အနားယာနေလေရဲ့ ၊ တစ်ပတ်တစ်ခါ အွန်လိုင်းပေါ်တက် အေးအေးဆေးဆေး ဆွပေးနေယုံဘဲလေ NUG၊ နောက်ခြောက်လထိ သူတို့ မအောင်မြင်လဲ အေးဆေးပဲလေ ဇော်ဝေစိုးက၊ အ သူတွေခံကြပေါ့၊ ရည်မွန်လဲ အရက်သမားဖြစ်ပြီး ဘဝသာ ဆုံးသွားမယ် တော်လှန်ရေး တော့အောင်မြင်ဖို့ လမ်းစရယ် မရှိတော့ပါလေ" လို့ ဖြန့်ဝေထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ဝဏ္ဏဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သတင်းအမှားကို တခြားဖေ့စ်ဘွတ် အကောင့်ပေါင်းများစွာက ကူးယူဖော်ပြနေကြပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါက်တာဇော်ဝေစိုးဟာ အီတလီက အကောင်းဆုံးစားသောက်ဆိုင်တွေမှာ အပေါင်းအသင်းတွေနဲ့ ညစာ စားနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က ဓါတ်ပုံ အဟောင်းတစ်ပုံကို အကြောင်းအရာပြောင်းပြီးပြန်လည်ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

အဆိုပါ ဓါတ်ပုံဟာ ဒေါက်တာဇော်ဝေစိုး ဆေးတက္ကသိုလ် ၁ ပါမောက္ခအဖြစ်တာဝန်ယူထားစဉ်မှာ ၎င်းရဲ့ မိတ်တွေ ပါမောက္ခတွေနဲ့ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ ရိုထွီကလပ် ရန်ကုန်က တာဝန်ရှိသူတွေ တွေ့ဆုံစဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။၎င်းဓါတ်ပုံ ပျံ့နှံ့ပြီးနောက် Rotary Club of Yangonဟာ ၎င်းတို့ရဲ့ ဖေ့စ်ဘွတ် Page ကို Unpublished ပြန်လုပ်သွားခဲ့ပါတယ်။


ဒါ့အပြင် သတင်းအမှား စဖြန့်တဲ့ ဝဏ္ဏဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ကလည်း ၎င်းပိုစ့်ကို လူမှုကွန်ယက်ပေါ်ကနေ ပြန်လည် ဖြုတ်ချသွားခဲ့ပါတယ်။ ၎င်းသတင်းအမှားကို ထပ်ဆင့်ကူးယူပြီး ဖြန့်ဝေနေသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ အများစုဟာ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး NUG / CRPH ကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။

 


Related Stories