HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

India က ဘုရားပွဲကို အစ္စရေး စစ်ဘေးလို့ သတင်းအမှားဖြန့်

India နိုင်ငံက ဘုရားပွဲ တစ်ခုက Video ကို အစ္စရေး စစ်ဘေးအခြေအနေလို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 Oct 2023 4:35 PM GMT

အဆိုပါ သတင်းအတုကို အောက်တိုဘာလ ၉ ရက်ခန့်က လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဖြန့်ဝေထားကြတာ ဖြစ်ပါတယ်။ ၎င်း Video ဟာ Tik Tok ပေါ်မှာ ဖြန့်ထားကြတဲ့ Video တစ်ပုဒ် ဖြစ်ပြီး Facebook ပေါ် ထပ်ဆင့်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီ Video အတွင်းမှာ ထောင်ပေါင်းများစွာသော လူအုပ်ကြီးဟာ ခြေချစရာ နေရာမကျန်အောင် အလုအယက်တိုးပြီး သွားလာနေတာကို အထက်ဆီးကနေ Video ရိုက်ထားတာ ဖြစ်ပါတယ်။ Video အပေါ်မှာတော့ “ယနေ့ အစ္စရေး စစ်ဘေးအခြေအနေ” လို့ ရေးသားထားပြီး လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ထပ်မံဖြန့်ဝေထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြထားကြပါတယ်။

သတင်းဆန်းစစ်ချက်

အစ္စရေး စစ်ဘေးအခြေအနေလို့ ဖြန့်ထားတဲ့ ထောင်ပေါင်းများစွာသော သူတွေ တိုးဝှေ့ သွားလာနေတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ India နိုင်ငံက Rath Yatra ဆိုတဲ့ ဘုရားပွဲမှာ ပါဝင်ဆင်နွဲသူတွေ ဖြစ်တာကို တွေ့ရပါတယ်။

Video ထဲမှာ မြင်တွေ့ရတဲ့ လူအုပ်ကြီးဟာ India နိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ Rath Yatra ဆိုတဲ့ ဘုရားပွဲက ဖြစ်ပြီး ဒီလူအုပ်ကြီးပါတဲ့ Video နဲ့ အနောက်မှာ လက်နက်တွေ ပစ်ခတ်နေတဲ့ Video ကိုပေါင်းက အစ္စရေး စစ်ဘေးလို့ ဖြန့်ထားတာ ဖြစ်ပါတယ်။

Video ထဲမှာပါတဲ့ Rath Yatra ဘုရားပွဲဟာ India နိုင်ငံရဲ့ အကြီးဆုံး ဘုရားပွဲထဲက တစ်ခုဖြစ်ပြီး နှစ်စဉ်ကျင်းပနေတဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ ဒီဘုရားပွဲကို ၂၀၂၂ ခုနှစ်က ဇူလိုင်လ ၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတာ့ ဇွန်လ ၂၀ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

Rath Yatra ဆိုတဲ့ ဘုရားပွဲ အကြောင်းရေးသားထားတဲ့ သတင်းနဲ့ Video ကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

ဒီဘုရားပွဲဟာ India နိုင်ငံ Odisha ပြည်နယ်၊ ပူရီမြို့မှာ ကျင်းပတာဖြစ်ပြီး နှစ်စဉ်တက်ရောက်သူ ဦးရေဟာ ၁ သန်းနီးပါးရှိတယ်လို့ India နိုင်ငံက သတင်းတွေမှာ ဖော်ပြကြပါတယ်။ Covid လော့ဒေါင်းကာလမှတော့ ကိုဗစ်စည်းကမ်းနဲ့အညီ လူအနည်းငယ်နဲ့သာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Related Stories