HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒီ Video က ရုရှား- ယူကရိန်း ဖြစ်စဉ်မဟုတ်ပါ

ရုရှားစစ်သားတစ်ဦးကို ယူကရိန်း ကလေးမတစ်ဦးက ၎င်းတို့နိုင်ငံအတွင်းက ထွက်သွားဖို့ မောင်းထုတ်နေတယ်ဆိုပြီးဖြန့်ဝေထားတဲ့ Video အတိုတစ်ပုဒ်ဟာ လူမှုကွန်ယက်ပေါ် အလွန်းအမင်း ပြန့်နှံ့လာပါတယ်။

By - Boom Live Myanmar | 3 March 2022 5:53 PM GMT

ဒီ Video ဟာ နိုင်ငံတကာ လူမှုကွန်ယက် စာမျက်နှာတွေကနေ မြန်မာနိုင်ငံအထိ ပျံ့နှံ့ရောက်ရှိလာကာ လူပေါင်း သိန်းချီအထိ ဖြန့်ဝေနေကြပါတယ်။ ဒီ Video ထဲမှာ အင်္ကျီအနက်နဲ့ ဘောင်းဘီအနီရောင် ဝတ်ထားတဲ့ ကလေးမလေး တစ်ဦးက သေနတ်ကိုင်ထားတဲ့ စစ်သားတစ်ယောက်ကို လက်သီးနဲ့ထိုးဖို့ လိုက်ရွယ်နေတာကို တွေ့ရပြီး ၎င်း Video နဲ့အတူ "ရုရှားစစ်သားကို ဒေါသတကြီးမောင်းထုတ်နေသော ယူကရိန်း ခလေးငယ်" ၊ "ရုရှားစစ်သားကို ယူကရိန်ကလေးက ဒေါသတကြီးနဲ့ "နင်တို့နိုင်ငံကို ပြန်ကြ"လို့ ပြောနေတာတဲ့ ရုရှားကျူးကျော်မှုကို အကြွင်းမဲ့ရှုံ့ချပါတယ်" စတဲ့ ရေးသားမှုအမျိုးမျိုးနဲ့ ဖြန့်ဝေနေကြပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားဟာ နိုင်ငံတကာ လူမှုကွန်ယက်တွေအပြင် မြန်မာပြည်က လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာပါ လူပေါင်း သိန်းချီအထိ ပျံ့နှံ့ကာ ဖြန့်ဝေမှုတွေ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။

သတင်းဆန်းစစ်ချက်

တကယ်တော့ ရုရှားစစ်သားတစ်ဦးကို ယူကရိန်းကလေးမ တစ်ဦးက နိုင်ငံအတွင်းက ထွက်သွားဖို့ လက်သီးနဲ့ ထိုးဖို့ ရွယ်နေတယ်ဆိုတဲ့ Video ဟာ ယူကရိန်းနိုင်ငံ ဖြစ်စဉ်မဟုတ်ပါဘူး။

၂၀၁၂ ခုနှစ်က ပါလစ္စတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဓါတ်ပုံထဲမှာ ပါဝင်တဲ့ ကလေးမဟာ Ahed Tamimi ဆိုတဲ့ ပါလစ္စတိုင်း တက်ကြွလှုပ်ရှားသူဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ အစ္စရေးစစ်သားတွေက သူ့ရဲ့ အကို ဖြစ်သူကို ဖမ်းဆီးခဲ့တဲ့အတွက် လက်သီးနဲ့ လိုက်ထိုးဖို့ ပြင်နေတဲ့ Video ဖြစ်တယ်။ အဲ့ဒီနောက်ပိုင်းမှာ Tamimi ဟာ နိုင်ငံတကာ မီဒီယာတွေမှာ လူသိများလာပြီး ပြင်သစ်အပါအဝင် တချို့နိုင်ငံတွေမှာ လုပ်တဲ့ ပါလစ္စတိုင်း ထောက်ခံ ဆန္ဒပြပွဲတွေမှာ ဦးဆောင် ပါဝင်လာပြီး ပါလစ္စတိုင်း ကြယ်ပွင့်အဖြစ် အသိအမှတ်ပြုခံလာရတယ်။ ဝန်ကြီးချုပ်တွေရဲ့ အသိအမှတ်ပြု ခေါ်ယူတွေ့ဆုံခြင်းလည်း ခံခဲ့ရတယ်။

၂၀၁၂ နှစ်က Ahed Tamimi နဲ့ အစ္စရေး စစ်သားတွေရဲ့ ဖြစ်စဉ် တွေကို ဒီ Link မှာ အပြည့်အစုံကြည့်နိုင်ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ ဆန္ဒပြပွဲတစ်ခုမှာ အစ္စရေးစစ်သားတွေ တားဆီးရာက အနီးကပ်ချိန်ပြီး ပစ်လိုက်တဲ့ ကျည်ဆန် (ရာဘာလောင်းထားပြီး အထဲမှာ စတီးပါဝင်တဲ့ ကျည်ဆန်) က Tamimi ရဲ့ အကိုဝမ်းကွဲဦးခေါင်းကို ထိပြီး အပြင်းအထန် ဒဏ်ရာရသွားတယ်။ အဲ့ဒီမှာ Tamimi က အစ္စရေးစစ်သား ၂ ယောက်နား ကပ်သွားပြီး ပါးလှမ်းရိုက် ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တယ်။ အဲ့ဒီကန်ခဲ့တဲ့ ဖြစ်စဉ် အတွက် ၂၀၁၈ ခုနှစ်က အစ္စရေးစစ်ဘက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုခံခဲ့ရတယ်။ အဲ့ဒီ အမှုအတွက် ထောင်ဒဏ် ၈ လနဲ့ ဒဏ်ငွေပေးဆောင် ခဲ့ရတယ်။ ၂၀၁၈ ခုနှစ်မှာ The New York Times သတင်းဌာနက ဖော်ပြခဲ့တဲ့ Ahed Tamimi တရားစွဲဆိုခံရပြီး ထောင်ဒဏ်ချခံရတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


လက်ရှိမှာ Ahed Tamimi ဟာ အသက် ၂၁ နှစ် ရှိပြီဖြစ်ပြီး နိုင်ငံတကာ မီဒီယာတွေမှာ လူသိများတဲ့ ပါလစ္စတိုင်းအရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေတဲ့ ယူကရိန်းက ဖြစ်စဉ်ဆိုတဲ့ Video ဟာ ၂၀၁၂ ခုနှစ်က Ahed Tamimi သာ ဖြစ်ပါတယ်။

 


Related Stories