HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒီရုပ်သံဖိုင်နဲ့ ဓါတ်ပုံတွေဟာ လတ်တလော အဖြစ်အပျက်က ပုံရိပ်တွေ မဟုတ်ပါ

ရုပ်သံဖိုင်နဲ့ ဓါတ်ပုံအဟောင်းတွေ အသုံးပြုပြီး အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ် ကမ်းရိုးတန်း အလွန်မှာ ဇူလိုင်လ ၁၆ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၃ ရစ်(ခ်)တာစကေးရှိ ငလျင်က ပုံရိပ်တွေဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 29 July 2025 8:21 PM IST

ဒီအကြောင်းအရာကို Ntt Thawnpi ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇူလိုင် ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ယခင်က ဖြစ်ပျက်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှု မှတ်တမ်း ဗီဒီယိုနဲ့ ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး 'Alaska USA အလက်စကာတွင် ငလျင်အပြင်းစား လှုပ်ခတ်။ အနိစ္စ ဒုက္ခ အနတ္တ။ ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ် အနီး Sand Point ဒေသတွင် Richter Scale 7.3 အားရှိသော ငလျင်ကြီး လှုပ်ခတ်ခဲ့ပါသည်။ အမေရိကန် ရာသီဥတုဝန်ဆောင်မှုဌာန (National Weather Service) မှ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် အဆင့်လျှော့ချကာ သတိပေးချက် (Advisory) အဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။ Sand Point သည် အလက်စကာကျွန်းဆွယ် ၏ အနောက်မြောက်ဘက် Popof ကျွန်း တွင် တည်ရှိပြီး၊ အလက်စကာပြည်နယ် Anchorage မြို့ မှ မိုင် ၆၀၀ ခန့် အနောက်တောင်ဘက်တွင် ရှိပါသည်’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အလက်စကာပြည်နယ်မှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှုက အဖြစ်အပျက်တွေ မဟုတ်ပဲ ယခင်က ဖြစ်ပွားခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည် ပြန်ဝေထားတာ တွေ့ရပါတယ်။

ရုပ်သံဖိုင်ရဲ့ ပထမ ၅ စက္ကန့်အထိ ပြသထားတဲ့ ပုံရိပ်တွေဟာ ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။


အထက်ပါ ပုံကို ကြည့်ရင် ဘယ်ဘက်က ပုံမှာ ဗီဒီယိုဖရိန်ကို ဘယ်ညာ လှည့်ထားတယ်ဆိုတာ ပြောင်းပြန်ဖြစ်နေတဲ့ ကားနံပါတ်ကို ကြည့်ပြီး သိနိုင်ပါတယ်။

ဒါ့အပြင် ပုံရိပ်ထဲမှာ ပါတဲ့ ဆိုင်းဘုတ်တစ်ခုနဲ့ ကားနံပါတ်ရဲ့ အပေါ်က ဂျပန်စာတွေအရလည်း ဒါဟာ ဂျပန်နိုင်ငံက အဖြစ်အပျက်လို့ ကောက်ချက်ချနိုင်ပါတယ်။

ဒါ့အပြင် ဖြန့်ဝေထားတဲ့ ဗီဒီယိုရဲ့ ၆ စက္ကန့်နောက်ပိုင်းက အချို့ပုံရိပ်တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက ထိုင်ဝမ်မှာ ဖြစ်ပျက်ခဲ့တဲ့ အင်အား ၇.၄ အဆင့် ငလျင်လှုပ်ခတ်မှုက ပုံရိပ်တွေ ဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်ကို ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားပါတယ်။


ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဖြန့်ဝေမှုမှာ မြင်ရတဲ့ နှင်းတွေ ဖုံးလွှမ်းနေတဲ့ လမ်းမတစ်ခု ပြိုကျနေတဲ့ ပုံတွေကတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချက်တာစကေး ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်တုန်းက ပုံရိပ်တွေ ဖြစ်ပါတယ်။


ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ ပုံဟောင်းတွေကို အသုံးပြုပြီး အများပြည်သူကို အချက်အလက်အမှားတွေ ပေးနေတာပဲ ဖြစ်ပါတယ်။

ဖေစ့်ဘွတ်က ပိုက်ဆံရလိုမှုအတွက် content creator အများစုဟာ ကျင့်ဝတ်ဖောက်ပြီး သတင်းမှားတွေ ဖန်တီးဖြန့်ဝေ နေပါတယ်။

Tags:

Related Stories