HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လက်နက်ချ စစ်သားတွေ လားရှိုးကို သိမ်းမယ်ဆိုတဲ့ သတင်းအမှား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က လက်နက်ချ စစ်သားတွေက လားရှိုးမြို့ကို သိမ်းပြီး ဗိုလ်မှူးချုပ် ၆ ဦးကို ပြန်လည်ကယ်ထုတ်မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 Jan 2024 6:57 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Kyaw Myo Min - Baw Ma Gyi ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘သေနတ်ပြောင်းဝလှည့်ပြီဟေ့။ လောက်ကိုင်မှာ လက်နက်ချတဲ့ စစ်တပ် (၄) ထောင်ကျော် လားရှိုးမြို့ကိုသိမ်းပြီး ဗိုလ်မှူးချုပ် (၆) ဦး ပြန်ကယ်ထုတ်မည်’ လို့ ရေးသားထားတာပါ။

တချို့ သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကတော့ Khit Thit Television လို့ အမည်ပေးထားတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၁၂ ရက်နေ့က ဖြန့်ဝေထားတဲ့ ဗီဒီယိုကို ကူးယူပြီး ပြန်လည်ဖြန့်ဝေနေတာလည်း ရှိပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘လားရှိုးနဲ့ လောက်ကိုင်မှာ စစ်တပ် (၃၀၀၀) ပုန်ကန်ပြီ။ ဗိုလ်မှူးချုပ် (၆) ဦးရဲ့ သစ္စာခံတပ်များ သေနတ်ပြောင်းလှည့်ပြီ’ လို့ ရေးသားထားတာပါ။


ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ တိကျခိုင်မာတဲ့ အချက်အလက် အကိုးအကား မရှိပဲ လုပ်ကြံရေးသားထားတာကို တွေ့ရပါတယ်။

အချို့ဖြန့်ဝေမှုတွေမှာ ပိုစ့်မှာ ရေးထားသလို လက်နက်ချ စစ်သားတွေ လားရှိုးမြို့ကိုသိမ်းပြီး ဗိုလ်မှူးချုပ် ၆ ဦးကို ပြန်လည် ကယ်ထုတ်မယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပဲ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အခြားအကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

အချို့ဖြန့်ဝေမှုတွေမှာတော့ Khit Thit Media မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြခဲ့တဲ့ ‘လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦးကို သစ္စာခံသည့် တပ် တချို့က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည် ၊ စစ်ကောင်စီက ပုန်ကန် သည့် တပ်များကို လိုက်လံ ဗုံးကျဲနေ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


သတင်းထဲမှာ Khit Thit Media က လောက်ကိုင်ဒေသမှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် ၆ ဦး ဖမ်းဆီးခံရပြီးနောက်မှာ သူတို့ကို သစ္စာခံတဲ့ တပ်အချို့က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ စုစည်းမှုတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောတယ်ဆိုပြီး ရေးသားဖော်ပြခဲ့ပေမယ့် ဒီသတင်းနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲသတင်းတွေ ထပ်မံဖော်ပြတာတော့ မတွေ့ရသေးပါဘူး။

ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့ အခြားသတင်းဌာနတွေမှာလည်း ဒီလိုသတင်းမျိုး ဖော်ပြထားတာ မတွေ့ရပါဘူး။

လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေ သေဒဏ်ချမှတ်ခံလိုက်ရပြီလို့ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားနေကြပေမဲ့ ဒီသတင်းတွေ မဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ငြင်းထားပါတယ်။

ဒကစ(လောက်ကိုင်)မှ ဗိုလ်မှူးချုပ် (၆) ဦး လက်နက်ချခဲ့မှုနဲ့ ပတ်သက်ပြီး စစ်ခုံရုံးက အရေးယူလိုက်ပြီဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီလ ၂၃ ရက် က စစ်တပ်လက်အောက်ခံ မီဒီယာတွေကို ပြောဆိုထားပါတယ်။

လက်ရှိမှာ လက်နက်ချ ဗိုလ်မှူးချုပ် (၆) ဦးကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကနေ တဆင့် နေပြည်တော်ကို ပို့ထားလိုက်ပြီ ဖြစ်တယ်လို့ သတင်းဌာနအချို့မှာ ဖော်ပြထားပါတယ်။

Related Stories