HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အဆိုတော်မျိုးကြီး ကွယ်လွန်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

အဆိုတော်မျိုးကြီး ရုတ်တရက်ကွယ်လွန်သွားပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 21 March 2023 12:33 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Myanmar News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၉ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ‘ရုတ်တရက်ကွယ်လွန်သွားရှာခဲ့ပြီ မလာပါနဲ့ လက်ခံပေးပါ သီချင်းတွေရဲ့ပိုင်ရှင်-မျိုးကြီးရဲ့နောက်ဆုံးရသတင်း’ လို့ ရေးသားကာ အဆိုတော်မျိုးကြီးပုံပါတဲ့ ဘလော့လင့်တစ်ခုပေးထားပြီး ကာဗာပုံပေါ်မှာလည်း ‘ရုတ်တရက်ကွယ်လွန်သွားရှာခဲ့ပြီ။ မျိုးကြီး၊ မလာပါနဲ့၊ လက်ခံပေးပါ သီချင်းတွေရဲ့ ပိုင်ရှင် မျိုးကြီးရဲ့ နောက်ဆုံးရသတင်း’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ လင့်ကိုဖွင့်ကြည့်ပါက ဘလော့စာမျက်နှာတစ်ခုကို ရောက်သွားပြီး ဗွီဒီယိုဖိုင်ထဲမှာ အဆိုတော်မျိုးကြီး ကွယ်လွန်တာမဟုတ်ပဲ မလာပါနဲ့၊ လက်ခံပေးပါ သီချင်းတွေကို ရေးစပ်ခဲ့တဲ့ တေးရေး ရယ်ဂျီကွယ်လွန်တဲ့ သတင်းကို ရေးသားထားတာပါ။

ဒါကိုဖေစ့်ဘွတ်ပေါ်မှာ ကြည့်ရှု့သူများအောင် လူစိတ်ဝင်စားမယ့် အဆိုတော်မျိုးကြီးကွယ်လွန်တယ်ဆိုပြီး တမင်လုပ်ကြံရေး သားဖြန့်ဝေထားတာပါ။

မျိုးကြီးရဲ့ မလာပါနဲ့၊ လက်ခံပေးပါ စတဲ့ သီချင်းတွေအပြင် လေးဖြူရဲ့ ငါ့ရဲ့လမင်းသီးချင်းတွေနဲ့ လူသိများခဲ့တဲ့ တေးရေးရယ်ဂျီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ် ရှိပြီဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories