HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရေးဘီလူး ကျဆုံးကြောင်း ဖြန့်ဝေနေတဲ့ သတင်းအမှား

မွန်ပြည်နယ် ရေးမြိုနယ်အတွင်း အဓိကလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ရေးဘီလူး ကျဆုံးသွားပြီဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 April 2024 2:09 PM GMT

ဒီအကြောင်းအရာကို ဧပြီ ၂၄ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဖြန့်ဝေနေကြတာ ဖြစ်ပြီး စစ်တပ်ထောက်ခံသူတွေ ကြားမှာ အချက်အလက်အမှားတွေ ဖြည့်စွက်ပြီး ထပ်မံဖြန့်ဝေလာမှုတွေ ရှိနေပါတယ်။

ဖြန့်ဝေရာမှာ တော်လှန်ရေး ရဲဘော်တစ်ဦးရဲ့ ဈာပနပုံနဲ့အတူ ‘ရေးဘီလူးလုပ်ကြံခံရ။ ရေးမြိုနယ်တွင်အဓိကလှုပ်ရှားနေသည့် အင်အား ၂၀၀ ခန့်ရှိ ရေးဘီလူးအဖွဲ ခေါင်းဆောင်သည် ယမန်နေ့က အမညျမသျိ လူသုံးဦး၏ လက်ချက်ဖြင့်သေဆုံးသွားကြောင်းသိရသည်။ စခန်းဒုခေါင်းဆောင်နှင့် လွန်ခဲ့သည့်တစ်ပတ်က အလှူငွေကိစ္စ စကားများကြရာက ယခုကဲသို လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း တပ်ဖွဲဝင်များက ဆိုသည်။ ၎င်းသေဆုံးခြင်းကို လျှိဝှက်ထားချင်သည့်အတွက် သတင်းကိုဖုံးဖိရန် အစပိုင်းက ကြိုးစားသော်လဲ ၎၏ အလောင်းပုံ မွာ လူမှုကွန်ရက်ပေါ် ပြန့်နှံလာခြင်းဖြစ်သည်။ ရေးဘီလူးအဖွဲသည် အကြမ်းဖက် NUG ၏ coc ဖြင့် စစ်ဆေး ဆောင်ရွက်နေသော အကြမ်းဖက်အဖွဲဖြစ်သည်’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ရေးဘီလူးအဖွဲ ခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီပြန့်နှံ့နေတဲ့ သတင်းအမှားနဲ့ ပက်သတ်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ကျန်းမာစွာရှိနေတဲ့အကြောင်း ဖေစ့်ဘွတ်မှာ ဗီဒီယိုတစ်ခု တင်ပြီး ပြန်လည်ဖြေရှင်းထားသလို သတင်းမှားနဲ့ ပတ်သက်ပြီး စိစစ်လိုပါက Facebook မက်ဆင်ဂျာမှ Video Call ဖြင့် မေးမြန်းနိုင်ကြောင်းလည်း အသိပေးထားပါတယ်။


ဗီဒီယိုထဲမှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်နဲ့ ရုပ်ချင်းဆင်တူတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးတဲ့ ဓာတ်ပုံကို သူနဲ့ မှားပြီး ဖော်ပြတာ ဖြစ်နိုင်ကြောင်း၊ စိတ်ပူတဲ့ ဇောနဲ့ တင်တာဖြစ်တဲ့အတွက် စိတ်မဆိုးပါကြောင်း ပြောထားပါတယ်။

ဗီဒီယိုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ရေးဘီလူးအဖွဲ့ဟာ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ စစ်တပ်ထောက်တိုင်တွေကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

Related Stories