HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နာမည်နဲ့ ဖေ့စ်ဘွတ် ပေ့ချ်အတု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်အကောင့် တရားဝင်သုံးစွဲပြီး နောက်ပိုင်းမှာ ဖေ့စ်ဘွတ်ပေ့ချ်အတု ပေါ်လာခဲ့ပါတယ်။

By - Boom Live Myanmar | 6 April 2020 2:32 PM GMT

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတု
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတု

 ဒီ ပေ့ချ်အတုဟာ ဒေါ်အောင်ဆန်းဆုကြည် ဖေ့စ်ဘွတ်အကောင့်မှာ တင်သမျှကို တစ်ပုံစံတည်း ဖြစ်အောင် Copy ရေးတင်ထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဟာ မတ်လ ၃၁ ရက် နေ့မှာ ဖေ့စ်ဘွတ်အကောင့် စတင်သုံးစွဲခဲ့တာ ဖြစ်ပြီး နာရီပိုင်းအတွင်းမှာ Blue Mark ရရှိခဲ့ပါတယ်။ Covid-19 ကာလမှာ ပြည်သူတွေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့ ဖေ့စ်ဘွတ် ကို သုံးစွဲခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ  Follower ၁.၆ သန်း ခန့်ရှိနေပါတယ်။

ဒီပေ့ချ်အတု  မှာတော့ follower တစ်သောင်း ခန့်ရှိနေပါတယ်။


သတင်းဆန်းစစ်ချက်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဟာ တရားဝင် ဟုတ်၊ မဟုတ် သေချာစေဖို့ Boom Myanmar က သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၁) က ကိုနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

"အန်တီရဲ့ ဖေ့စ်ဘွတ်အကောင့်က Comfirm လုပ်ပြီးသား Blue Mark လည်းပါတယ်။ ဒါ Comfirm လုပ်ပြီးသား။ ဒါပေမယ့် ဒီပေ့ချ်က အန်တီ Account မှာတင်သမျှ အကုန်လုံးကို တစ်ပုံစံထဲ လိုက်တင်တာ။ Copy ကူးပြီး အကုန်လိုက်တင်တာ။ Profile လည်း တူတူပဲ။ Cover Photo လည်းတူတူပဲ။

Video က အစ အန်တီ တင်သမျှကို အကုန်လိုက်ပြီးတင်တော့ …..ဆိုလိုတာက…. ဒါက ….ပေ့ချ်အတု လုပ်တဲ့သူတွေ တွေရဲ့ Strategy တစ်မျိုးပဲလေ။ ကျနောတို့ သုံးသပ်ကြည့်သလောက်တော့ ဒီ ပေ့ချ်အတုက ဖေ့စ်ဘွတ်အကောင့်ကို လိုက်ပြီးတော့ ပုံစံတူ လုပ်ထားတဲ့ ပေ့ချ်အတုဖြစ်တယ်ဆိုတာတော့ ပြောလို့ရတယ်။"

ဒေါ်အောင်ဆန်းဆုကြည် နာမည်နဲ့ ပေ့ချ်အတုလုပ်တာနဲ့ ပက်သက်ပြီး "ဖြစ်နိုင်ခြေကတော့ အများကြီးပဲ။ အန်တီရေးတဲ့ စာတွေအကုန်လုံးကို ခုချိန်မှာ Copy ကူးတင်တယ်။ နောက်ပိုင်းကျရင် တစ်လုံးစ၊ နှစ်လုံးစ ပြောင်းလိုက်တာမျိုး။ နောက်ပြီး အန်တီ မပြောဘဲနဲ့ အန်တီပြောသယောင် လုပ်လိုက်တာမျိုး။ ဒါမျိုးတွေက အများကြီး ဖြစ်လာနိုင်တယ်။ အဲ့တော့ ……စောစောစီးစီးထဲက ဒီ ပေ့ချ်ကို ပျက်အောင်လုပ်လိုက်တာ အကောင်းဆုံးပေါ့။ ဒီပေ့ချ်ကို ကျနော်တို့က Pretending to be another နဲ့ပေါ့ report လုပ်လိုက်ထားသင့်တယ်။" လို့ ကိုနေဘုန်းလတ်က ၎င်းရဲ့ အမြင်ကို အခုလို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ follower ၁.၆ သန်းရှိတဲ့ Blue Mark ပါတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ အစစ်ဖြစ်ပြီး follower ၁ သောင်းခန့်ရှိတဲ့ Blue Mark မပါတဲ့ ပေ့ချ်ဟာ အတုဖြစ်ပါတယ်။

Related Stories