HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆွဲကြိုးချသေကြောင်းကြံတဲ့ပုံနဲ့ ဖြန့်ချီတဲ့သတင်းအမှား

အိန္ဒိယနိုင်ငံမှာ ကိုရိုနာကပ်ဘေးကြောင့် Lockdown ချထားစဉ် ဆာလောင်မှုကြောင့် သေဆုံးခဲ့တယ် ဆိုတဲ့ဖေ့စ်ဘွတ်ပို့စ်တစ်ခု လူမှူကွန်ရက်မှာပျံ့နှံ့နေပြီး တကယ်တော့ ဒီသတင်းဟာ သတင်းအဟောင်းတစ်ပုဒ်ကို ပုံဖျက်ပြီးဖြန့်ဝေထားတာ ဖြစ်ပါတယ်။

By - Boom Live Myanmar | 11 April 2020 11:21 AM GMT

ဒီသတင်းအမှားကို Moh Moh Aye Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၁၀ ရက် က ည ၁၂ နာရီခန့်မှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းအမှားထဲမှာ "ကိုဗစ် ၁၉ နဲ့ မသေဘဲ ၊ ဆာလောင်မှုနဲ့ သေဆုံးရပြီ၊ အိန္ဒိယနိုင်ငံ Lockdown" လို့ ရေးထားပြီး ကလေးငယ်သုံးဦး သေဆုံးနေတဲ့ ဓါတ်ပုံနဲ့ မိခင်ဖြစ်သူ ဆွဲကြိုးချသေဆုံးနေတဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။

ဒီသတင်းရေးသာသူဟာ ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီခွဲခန့်မှာ ဒီသတင်းအမှားကို ပြန်လည်ဖြုတ်ချခဲ့ပြီး ၎င်း မဖြုတ်ချခင်မှာ လူပေါင်း ၅ဝဝ ကျော်ခန့်က တဆင့်ပြန်လည်ဝေမျှခဲ့ကြပါတယ်။

သတင်းဆန်းစစ်ချက်

တကယ်တော့ ဒီသတင်းအမှားထဲမှာ အသုံးပြူထားတဲ့ ဓါတ်ပုံဟာ ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က အိန္ဒိယနိုင်ငံ Koppala ခရိုင် Hire Hanchinal ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်ဖွယ်ရာ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ မိခင်ဖြစ်သူဟာ သူမရဲ့ ကလေးငယ်သုံးဦး၏ ဦးခေါင်းများကို ရေးပုံးထဲ နှစ်ကာ သတ်ခဲ့ပြီး သူမကိုယ်တိုင် အိမ်ရဲ့ ထုတ်တန်းကို ကြိုးချည်ပြီး ဆွဲကြိုးချသေဆုံးခဲ့စဉ်က ဓါတ်ပုံတွေဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က India နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီ အဖြစ်အပျက်ကို ဒီ Link တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

Link 1 

Link 2 

ဒီဖေ့စ်ဘွတ်ပိုစ့်ဟာ ကိုရိုနာရောဂါနဲ့ မသက်ဆိုင်တဲ့ သတင်းဓါတ်ပုံကို အသုံးပြုပြီး သတင်းအမှား ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။  

Related Stories