HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအတု

မြန်မာအိုင်စီဂျေ အမှုကို အိုင်စီဂျေတရားရုံးက ကန့်ကွက်လွှာပယ်ချတဲ့ အမိန့်ချမှတ်ပြီးချိန်မှာပဲ စစ်ခေါင်းဆောင်ကို ဖမ်းမိန့်ထုတ်ပြီ၊ ဒေါ်ဇင်မာအောင် ကြေငြာပြီ စတဲ့ ဒီအမှုနဲ့ ပတ်သတ်တဲ့ သတင်းအမှားတွေ ပေါ်ထွက်လာခဲ့ပါတယ်။

By - Boom Live Myanmar | 24 July 2022 4:14 AM GMT

ဒီအကြောင်းအရာကို ခမာဘာသာနဲ့ ရေးသားထားတဲ့ "ម៉ាលីស ណារី" ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ၂၄ နာရီမပြည့်မီ ကြည့်ရှု့သူ သုံးသိန်းနီးပါးနဲ့ ထပ်ဆင့်ဖြန့်ဝေမှု နှစ်ထောင်ကျော် ရှိနေပါတယ်။

ဖြန့်ဝေရာမှာ "မအလ ကို ဖမ်းဖို့ အမိန့်ထုတ်ပီ ဒီနေ့ ဒေါ်ဇင်မာအောင်ကြေငြာပြီ။ ICC အမိန့်ချပြီ၊ မအလ ပြေးမလွတ်တော့ဘူး" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ကာဗာပုံနဲ့အတူ ကိုးမိနစ်နီးပါး ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေထားတာပါ။

ဒီဖေစ့်ဘွတ်ပေချ့်မှာပဲ "မအလ ရှုံးပါက အင်တာဗိုရဲတပ်ဖွဲ့က ဖမ်းချုပ်ပြီး တရားဆက်လက်ရင်ဆိုင်ရမည်" ဆိုတဲ့ ပိုစ့်တစ်ခုကိုလည်း မိနစ်ပိုင်းအတွင်း ထပ်မံဖြန့်ဝေခဲ့ပြီး ၂၄ နာရီမပြည့်မီ ကြည့်ရှု့သူ နှစ်သိန်းကျော်နဲ့ ထပ်ဆင့်ဖြန့်ဝေမှု တစ်ထောင်ကျော် ရှိနေပါတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို စတင်ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ Page ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်တွေကို ဝင်ကြည့်ရင် တခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတာသာ ဖြစ်ပြီး ဗွီဒီယိုဖိုင်ရဲ့ ကာဗာပုံမှာရေးသားထားတဲ့ အကြောင်းအရာနဲ့ ဆက်စပ်မှုမရှိတာ တွေ့ရပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲထားတဲ့အပေါ် မြန်မာဘက်က ကနဦးကန့်ကွက်လွှာနဲ့ပတ်သက်ပြီး ကန့်ကွက်ချက်အားလုံးကို ပယ်ဖျက်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံဟာ အစ်စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား တရားစွဲခဲ့တာဖြစ်လို့ တရားစွဲလို့ မရဘူးဆိုတဲ့ ဖေဖေါ်ဝါရီလက မြန်မာဘက်က တောင်းဆိုချက် ၄ ခုစလုံးကို တရားရုံးက ပယ်ချခဲ့တာဖြစ်ပါတယ်။

ဒီအမိန့်ချမှတ်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက် အမှုကြီးတစ်ခုလုံး မဆုံးဖြတ်ခင် ဒုတိယမြောက် ကြားဖြတ်ဆုံးဖြတ်ချက်လို့ ဆိုနိုင်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဒီရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သတ်တဲ့ အမှုကို ဆက်လက်ရင်ဆိုင် သွားရဦးမှာ ဖြစ်ပါတယ်။

Related Stories