HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါက်တာဝင်းမြတ်အေး ဓာတ်ပုံအဟောင်းကို သုံးပြီး သတင်းအမှားဖြန့်

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေးရဲ့ ဓာတ်ပုံအဟောင်းတစ်ပုံ အသုံးပြုပြီး သတင်းအမှားဖြန့်ဝေမှုတွေ ရှိနေပါတယ်

By - Boom Live Myanmar | 11 Sep 2022 1:22 PM GMT

အဆိုပါ သတင်းအမှားကို ဩဂုတ်လ ၂၈ ရက်ခန့်က လူမှုကွန်ယက်ပေါ် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါက်တာဝင်းမြတ်အေးနဲ့ တပ်မ ၉၉ တံဆိပ်ပါရှိတဲ့ စစ်သားတစ်ဦး လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံကို အသုံးပြုထားပါတယ်။ ၎င်းတို့ နှစ်ဦး ရယ်မော စကားပြောကာ လက်ဆွဲနှုတ်ဆက်နေပုံနဲ့အတူ "လက်နက်ချ အလင်းဝင်ရောက်လာသည့် NLD ဝန်ကြီးဟောင်းအား ရှေ့တန်းတပ်မ ၉၉ နည်းဗျူဟာမှူးမှ လှိုက်လှဲစွာ ကြိုဆို" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

သတင်းဆန်းစစ်ချက်

NLD ဝန်ကြီးဟောင်းတစ်ဦး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

၎င်းတို့ အသုံးပြုထားတဲ့ ဓါတ်ပုံထဲမှာ ပါဝင်သူဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့သူ ဒေါက်တာဝင်းမြတ်အေးဖြစ်ပြီး ၎င်းဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ်က ဓာတ်ပုံသာဖြစ်ပြီး စစ်ကောင်စီ တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက် စကားပြောနေတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်သွားရောက်စဉ်က ဓာတ်ပုံတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


ဒါ့အပြင် ဒေါက်တာဝင်းမြတ်အေးဟာ မည်သည့် စစ်ကောင်စီတပ်ထံမှာမှ လက်နက်ချအညံ့ခံထားခြင်းလည်း မရှိပါဘူး။ လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်အဖြစ် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေဆဲသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ တင်လေ့ရှိတာကို တွေ့ရပြီး NLD ၊ NUG ၊ PDF နဲ့ စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ခိုက်တဲ့ ဝါဒဖြန့် သတင်းအမှားတွေ တင်လေ့ရှိတာကို တွေ့ရပါတယ်။ 

 



Related Stories