HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG နာမည်သုံးပြီး ထုတ်ပြန်ထားတဲ့ ကြေညာချက်အတု

NUG အစိုးရနာမည်သုံးပြီး မြို့နယ်တစ်ချို့က ဘာသာရေးအဆောက်အဦးတွေနား တိုက်ခိုက်မှု မလုပ်ဖို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အတုတစ်ခု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 6 Jun 2022 3:43 PM GMT

အဆိုပါ ကြေညာချက်အတုကို ဇွန်လ ၁ ရက်နေ့က လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာ ဖြစ်ပြီး ၎င်းထုတ်ပြန်ချက်ရဲ့ ခေါင်းစဉ်မှာ "မေတ္တာရပ်ခံချက်" လို့ ရေးသားထားပြီး အတွင်းပိုင်းမှာတော့ "မြန်မာပြည်တွင်းမှ NLD-CRPH-NUG-PDF များအနေဖြင့် ဖောက်ခွဲဖျက်ဆီးရေး လုပ်ဆောင်မှုများ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် ကျောက်တံတား ပန်းဘဲတန်း မင်္ဂလာတောင်ညွန့် တာမွေ ဒေါပုံ အစရှိသည့် မိမိတို့၏ မိတ်ဘက်ပြည်သူများ နေထိုင်ရာ မြို့ရွာ ရပ်ကွက်များ ဘာသာရေး အဆောက်အဦးများနှင့် နီးစပ်သည့် နေရာများတွက် ဖောက်ခွဲဖျက်ဆီးခြင်း ပစ်ခတ်သတ်ဖြတ်ခြင်းများ လုံးဝ လုံးဝ မပြုလုပ်ကြရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ကြေညာချက်ရဲ့ အောက်ဆုံးမှာတော့ NUG ကာကွယ်ရေး ဝန်ကြီးဌာနလို့ ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ ကြေညာချက်အတုကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ နေရာကိုသာ ကာကွယ်ပေးနေကြောင်း ဆဲဆို ရေးသားမှုတွေ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

NUG အစိုးရ နာမည်သုံးပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်တဲ့ မြို့နယ်တွေမှာ ဗုံးမခွဲဖို့ ရေးသားထားတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ကြေညာချက်အတုဆိုတာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး NUG အစိုးရရော၊ ကာကွယ်ရေးဝန်ကြီးရော ၊ CRPH ဘက်မှာပါ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသလို မည်သည့် သတင်းမီဒီယာမှာမှ ရေးသားဖော်ပြထားခြင်း မရှိပါဘူး။ NUG အစိုးရရဲ့ ထုတ်ပြန်ချက်တွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးတံဆိပ်နဲ့ ကြေညာချက် လုပ်ထားပေမယ့် ကြေညာချက်နဲ့ မတူဘဲ ဖေ့စ်ဘွတ်ပေါ် ကဗျာအတိုအစ ရေးသလို စာစီပြီး ရေးသားဖန်တီးထားတာဖြစ်ပါတယ်။ မူရင်းဖြန့်ဝေသူရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဖေ့စ်ဘွတ်အကောင့် ဖြစ်တာကို တွေ့ရပြီး အဲ့ဒီအကောင့်မှာ ဝါဒဖြန့် သတင်းအမှားတွေ မကြာခဏတင်လေ့ရှိတာကို တွေ့ရပါတယ်။

Related Stories