HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

Project K ကပွဲနှင့် မီးလောင်သည့်နေရာ ဆက်စပ်မှုမရှိ

လူမှုကွန်ယက်ပေါ်မှာ ကိုရီးယားနိုင်ငံက မီးလောင်ထားတဲ့ အဆောက်အဦးတစ်ခုရဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး Project K အဖွဲ့ ဖျော်ဖြေခဲ့တဲ့ အတွက် ကံကြီးထိုက်တယ်လို့ ရေးသားဝေမျှထားတဲ့ အကြောင်းအရာတချို့ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 15 Oct 2020 11:43 AM GMT

ဒီလိုဖြန့်ဝေမှုတွေကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက အောက်တိုဘာလ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ကြတာဖြစ်ပြီးတော့ အဲ့ဒီ ရေးသားဖြန့်ဝေမှုထဲမှာ "အကုသိုလ်ကံအကျိုးပေးပီပြောရမှာပေါ့နော်။ ရွှေတိဂုံပုံတော်ကို ခြေနဲ့နင်းခဲ့တဲ့ Project K ဖျော်ဖြေမှု့အပြီး တောင်ကိုရီးယားနိုင်ငံ အူးလ်ဆန်တာဝါ မီးလောင်နေမှုတိုက်ဆိုင်တာလား? ထူးခြားတာလား?" လို့ ရေးသားပြီး ဖြန့်ဝေနေကြပါတယ်။ အဲ့ဒီရေးသားဖြန့်ဝေမှုတွေမှာ Project K အဖွဲ့ ကပြဖျော်ဖြေနေတဲ့ ဓါတ်ပုံတစ်ပုံနဲ့ ကိုရီးယားနိုင်ငံက အဆောက်အဦးတစ်ခု မီးလောင်နေတဲ့ ဓါတ်ပုံတွေကို ထည့်သွင်း အသုံးပြုထားပါတယ်။

မူရင်း ရေးသားမှုကို ဒီမှာ ကြည့်ပါ။

ဒီ သတင်းမထွက်ပေါ်ခင်မှာ NLD ပါတီကို တိုက်ခိုက်လေ့ရှိတဲ့ Radio Free Myanmar ဆိုတဲ့ အဖွဲ့က အောက်တိုဘာလ ၁၁ ရက်နေ့မှာ "ဒေါ်ဆုကြည် ကိုယ်တိုင် မြေတောင် မြှောက်ပေးထားသူတွေရဲ့ ပထမဆုံး ပွဲဦးထွက်က ရွှေတိဂုံ စေတိတော်ကို ကြမ်းခင်းပမာ သဘောထား၍ ဗုဒ္ဓဘာသာကို ထပ်မံစော်ကားလိုက်ပြီ ဖြစ်သည်" လို့ လှုံ့ဆော်ရေးသားမှု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ နောက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် နာမည်အသုံးပြုပြီး နောက်ထပ် သတင်းအမှား တစ်ပုဒ်ပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒီ သတင်းအမှားထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Project K အဖွဲ့မှာ အပြစ်မရှိဘူးလို့ ကာကွယ်ပြောဆိုထားတယ် ဆိုပြီး သတင်းတစ်ပုဒ် ပုံစံနဲ့ ရေးသားဖြန့်ဝေခဲ့ပါတယ်။


သတင်းဆန်းစစ်ချက်

ကိုရီးယား နိုင်ငံမှာ Project K အဖွဲ့ ကပြဖျော်ဖြေ ခဲ့ပြီးနောက်ပိုင်း အဆောက်အဦး မီးလောင်ခဲ့တယ် ဆိုတဲ့ ရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နေ့ရက် အချိန်တွေ လွဲမှားစွာ ဖြန့်ဝေနေကြောင်း တွေ့ရပါတယ်။

Ulsan မြို့မှာ တည်ရှိတဲ့ အဆိုပါ (၃၃) ထပ် မြင့်တဲ့ အဆောက်အဦးဟာ အောက်တိုဘာလ (၈) ရက်နေ့ ညပိုင်းမှာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အောက်တိုဘာလ (၉) ရက်နေ့ သောကြာနေ့ မနက်ပိုင်းမှာ မီးငြိမ်းသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Project K အဖွဲ့ဟာ အောက်တိုဘာလ (၁၀) ရက်နေ့မှာ ကပြဖျော်ဖြေခဲ့တာ ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားပြီး နောက် ၂ ရက်မှသာ Project K အဖွဲ့က ကပြခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါ့အပြင် Asian Song Festival ကျင်းပခဲ့တာဟာ Gyeongju မြို့မှာ ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာဟာ Ulsan မြို့မှာ ဖြစ်ပါတယ်။ အဆိုပါ မြို့ (၂) မြို့ဟာ ၃၆.၂ ကီလိုမီတာ (၂၂ မိုင်ခွဲခန့်) ကွာဝေးပါတယ်။

အဆိုပါ မီးလောင်မှုမှာ (၈၈) ယောက်ခန့် ဒဏ်ရာရှိခဲ့ပြီး အဆောက်အဦး မှာ ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလို မီးလောင်ကျွမ်းမှုဟာ Project K အဖွဲ့၏ ကပြဖျော်ဖြေအပြီး ဒဏ်ခတ်ခံရသည့် အကျိုးအဆက်အဖြစ် ရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။

Project K ပြသနာကို အသုံးချပြီး သတင်းအမှားတွေ ဖြန့်တဲ့ Radio Free Myanmar ကလည်း Project K အဖွဲ့ကို တိုက်ခိုက်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဦးတည်ပြီး တိုက်ခိုက်ထားသလို နောက်ထပ်မံ ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာ တိုက်ခိုက်ထားပါတယ်။

အဲ့ဒီထွက်ပေါ်ခဲ့တဲ့ သတင်းအမှားအကြောင်း Boom က အချက်အလက်စစ်ဆေးမှုကို အောက်မှာဖတ်ပါ။

Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ပြောကြားထားခြင်းမရှိ


 


Related Stories