BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည်...
      သတင်းအတု

      Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ပြောကြားထားခြင်းမရှိ

      လူမှုကွန်ယက်ပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Project K အဖွဲ့ကို ကာကွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။

      By - Boom Live Myanmar |
      Published -  13 Oct 2020 7:26 PM IST
    • Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ပြောကြားထားခြင်းမရှိ

      အဲ့ဒီသတင်းအမှားကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ NLD ပါတီကို ဆန့်ကျင်တိုက်ခိုက်တဲ့ Group တွေထဲမှာ ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "ဘုရားပုံ ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော" (စာလုံးပေါင်းသတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ အဲ့ဒီ သတင်းအမှားရဲ့ အတွင်းပိုင်းမှာတော့ "ပြီးခဲ့သည့်အောက်တိုဘာလ ၉ ရက်နေ့က Project k အဖွဲ့မှ ရွှေတိဂုံပုံရိပ် ကိုနင်းပြီး ကကွက်တစ်ခုကို ပုံဖော်ပြု လုပ်ခဲ့သည့် အတွက် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့သည့် အပေါ် ပန်းချီကားလို LED မီတွေနဲ့ ပုံဖော်ထားတဲ့ ပုံပေါ်မှာကတာဟာ တကယ့်ဘုရားပေါ်တက်နင်းပြီး ကနေတာ မဟုပ်တဲ့အတွက် သူတို့မှာအပြစ်မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်" လို့ ရေးသားထားပါတယ်။

      အဆိုပါ သတင်းအမှားရဲ့ အောက်ဘက်မှာတော့ Project K အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာအဆင့်မီ အဖွဲ့တစ်ခုဖြစ်အောင် သင်တန်းတွေ ခေါ်ယူသင်ကြားပေးဖို့ ကိုရီးယား သမ္မတထံ တင်ပြပေးခဲ့တယ်လို့ ရေးသားထားပြီး လက်ရှိမှာ Project K အဖွဲ့ဟာ ၂၀၂၀ NLD ပါတီ အောင်နိုင်ရေးအတွက် အထောက်အကူပေးနေတဲ့ အဖွဲ့လည်း ဖြစ်တယ်လို့ ရေးသားထားကာ အဲ့ဒီအဖွဲ့နဲ့ ကပြခဲ့တာဟာ ပန်ချီးကားပေါ်မှာသာဖြစ်တဲ့ အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က အကာအကွယ်ပေး ပြောဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို ဖြန့်ဝေသူတွေဟာ NLD ပါတီအကြောင်း သတင်းအမှားဖြန့်လေ့ရှိတဲ့ Group တွေထဲကို ထပ်ဆင့်ဝေမျှခဲ့ကြပြီး အဲ့ဒီပိုစ့်ဟာ လက်ရှိမှာ လူပေါင်း သိန်းဂဏာန်းအထိ ပျံနှံ့နေပါတယ်။


      သတင်းဆန်းစစ်ချက်

      ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ရေးသားဖြန့်ဝေနေတဲ့ Project K အဖွဲ့မှာ အပြစ်မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ ဒီအကြောင်းအရာဟာာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်ဖို့ လှုံ့ဆော်ရေးသားထာတဲ့ သတင်းဖြစ်ကြောင်း တွေ့ရပါတယ်။

      ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ်က "ဒါတွေက အချိန်ကိုက်ဖွတာပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ အခုချိန်မှာ Covid ကို အောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားနေရတဲ့အချိန် ပြီးတော့ ရွေးကောက်ပွဲလည်း ရှိတဲ့အချိန် ဒီလောက်အရေးကြီးတဲ့ အချိန်တွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလိုမျိုး မှတ်ချက် စကားတွေ ပြောဖို့ အချိန်တောင် ရှိမှာ မဟုတ်ပါဘူး" လို့ Boom Myanmar ကို ပြောပါတယ်။

      Project K အဖွဲ့ဟာ ကိုရီးယားအကနဲ့ မြန်မာအကကို ပေါင်းစပ် ကပြမှုတွေနဲ့အတူ နာမည်ကြီးလာတဲ့ အဖွဲ့ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ရာမှာ ဒုတိယဆု ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားနိုင်ငံကို အစည်းအဝေးတက်ရောက်ဖို့ သွားခဲ့စဉ်မှာ အဆိုပါ အကအဖွဲ့ကို နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ဖြစ်အောင် သင်ကြားပေးဖို့ တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်းဂျေအင်း နဲ့ တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့ပါတယ်။

      NLD ပါတီနဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့် ချိ သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကူညီအားပေးခဲ့တဲ့ အဖွဲ့ဖြစ်တဲ့အတွက် အခုလို သတင်းအမှားဖြန့်ပြီး လူထုအထင်အမြင် မှားအောင် ဘာသာရေးအသုံးချပြီး ဝါဒဖြန့်ချိထားတာလို့ ယူဆရပါတယ်။

      ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်သာ ဆောင်ရွက်နေတာ ဖြစ်ပြီး ဒီလို ကာကွယ်ပြောကြားထားခြင်း မရှိသေးပါဘူး။


      Tags

      False newsProject K dance teamShwe Dagon PagodaState Counsellor Myanmarဒေါ်အောင်ဆန်းစုကြည်ကာကွယ်ပြောဆိုသတင်းအမှား
      Read Full Article
      Claim :   ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ရေးသားဖြန့်ဝေနေတဲ့ Project K အဖွဲ့မှာ အပြစ်မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!