HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြန်မာနိုင်ငံကို အမေရိကန်တပ် စေလွှတ်ပြီဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံကို အမေရိကန်တပ်လွှတ်လိုက်ပြီ စစ်ကောင်စီ မျိုးပြုန်းပြီဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 29 Jan 2023 12:51 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Don't worry news ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂၀ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ကာဗာပုံပေါ်မှာ 'မြန်မာပြည်ကို US တပ်လွှတ်ပြီ။ စစ်ကောင်စီမျိုးပြုန်းပြီဟေ့' လို့ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ကို သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၃ ရက်မှာ လက်မှတ်ထိုးအတည်ပြုလိုက်ပြီးနောက်ပိုင်း ဒီလို အမေရိကန်တပ်တွေ မြန်မာနိုင်ငံကို စေလွှတ်ပြီဆိုတဲ့ သတင်းအမှားတွေ အခါခါ ဖြန့်ဝေနေတာပါ။

Burma Act ထဲမှာ မြန်မာနိုင်ငံက အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ကူညီထောက်ပံ့ပေးမယ့် ကိစ္စတွေ ပါဝင်လာတယ်ဆိုပေမယ့် အခုဖြန့်ဝေနေသလို အမေရိကန်က စစ်သားတွေလာပြီး စစ်ကူတိုက်ပေးမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ အမေရိကန်တပ်တွေ မြန်မာနိုင်ငံကို စေလွှတ်ပြီဆိုတဲ့အကြောင်းအရာ ပါဝင်ခြင်းမရှိပါဘူး။ အခြား သတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုလုပ်ထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories