HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG ကို လက်နက်နဲ့ စစ်ကူပေးဖို့ ကမ္ဘာ့နိုင်ငံတွေ သဘောတူတယ်ဆိုတဲ့ သတင်းအမှား

UN လုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမှုအပြီး NUG ကို လက်နက်နဲ့ စစ်ကူပေးဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံက သဘောတူလိုက်ပြီလို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 May 2022 12:30 PM GMT

ဒီအကြောင်းအရာကို 25 Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ "UN တံခါးပိတ်ဆွေးနွေးမှု အဖြေထွက်ပြီ။ NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ" လို့ ရေးသားကာ ၃ မိနစ် နီးပါးကြာချိန်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့ တွဲပြီး ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

လတ်တလောဖြန့်ဝေနေတဲ့ UN လုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမှုအပြီး NUG ကို လက်နက်နဲ့ စစ်ကူပေးဘို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံက သဘောတူလိုက်ပြီဆိုတာ သတင်းအမှားသာ ဖြစ်ပါတယ်။ မြန်မာ့အရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပွဲကို မေလ ၂၇ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးမှာ ကျင်းပခဲ့တာမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် မြန်မာ့အရေးကြေညာချက် မထုတ်နိုင်ခဲ့ကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဘို့ မြန်မာစစ်အစိုးရကို တွန်းအားပေးတဲ့ ကြေညာချက် မူကြမ်းတစောင်ကို ဗြိတိန်နိုင်ငံက ဦးဆောင်ပြုစုခဲ့တာဖြစ်ပြီး မူကြမ်းထဲက စာသားအသုံးအနှုန်းတွေနဲ့ ပတ်သတ်ပြီး တရုတ်နဲ့ ရုရှားနိုင်ငံတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories