HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ငြိမ်းချမ်းရေးလုပ်ဖို့ စစ်ခေါင်းဆောင်ပြောဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်ကို စင်တင်အသုံးချပြီး ငြိမ်းချမ်းရေးလုပ်ဖို့ စစ်ခေါင်းဆောင်ပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 19 Dec 2023 7:22 AM GMT

ဒီအကြောင်းအရာကို Reports News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၆ မိနစ် နီးပါး ကြာမြင့်တဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နောက်ဆုံးတော့ ဒေါ်စုကို စင်တင်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ စစ်ကောင်စီခေါင်ဆောင် ပြောနေပြီ#ထူးပြီ' လို့ ရေးသားဖြန့်ဝေခဲ့တာပါ။

ဗီဒီယိုဖိုင်ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံအချို့နဲ့အတူ ယခင် လွှတ်တော်အစည်းအဝေးက ပုံဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေရဲ့ အသုံးပြုပြီး ရုပ်သံဖိုင်ပြုလုပ်ထားတာ တွေ့ရပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စင်တင်အသုံးချပြီး ငြိမ်းချမ်းရေးလုပ်ဖို့ စစ်ခေါင်းဆောင်ပြောတယ် ဆိုတဲ့ အကြောင်းအရာ ပါဝင်တာမရှိပါဘူး။

ဗီဒီယိုထဲမှာ တခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

Related Stories