HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အင်းတော်မြို့ကို ဝင်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို ဝင်ရောက်သိမ်းပိုက်ပြီး D-day ဒုတိယလှိုင်းစတင်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 18 Nov 2022 10:25 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Ly La ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ 'မီးတောက်ကုန်ပြီ။ အင်းတော်မြို့ကို ဝင်သိမ်းလိုက်ပြီ။ လေတပ်၊ အမြှောက်တပ် မီးကုန်ယမ်းကုန်။ D-day ဒုတိယလှိုင်း တကယ်စပြီ' လို့ ရေးသားကာ ၇ မိနစ်နီးပါရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း နိုဝင်ဘာ ၁၃ နဲ့ ၁၄ ရက်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF တို့ကြား ၂ ရက်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အင်းတော်မြို့ကို ဝင်သိမ်းလိုက်တယ်ဆိုတဲ့အချက်နဲ့ D-day ဒုတိယလှိုင်း တကယ်စပြီဆိုတဲ့ အချက်တွေဟာ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA ၊ PDF တို့ အင်းတော်မြို့နယ် နန်းမကြိုင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းနဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွေမှာ ကမ်းနီကျေးရွာထိပ်မှာ တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကချင်ဒေသသတင်းတွေ ရေးသားဖော်ပြလေ့ရှိတဲ့ Kachin News Group သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒီ ၂ ရက် ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်းကို အင်းတော်ဒေသ တော်လှန်ရေးအဖွဲ့ Indaw Revolution-IR ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာလည်း နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းက ဖော်ပြထားပါတယ်။

သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories