HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြွေကို ဖားကပြန်မြိုနေတာ ဖြစ်နိုင်ရဲ့လား

နေပြည်တော် လယ်ဝေးမြို့နယ်က ရန်အောင်မြင်ဘုရားမှာ မြွေတစ်ကောင်ကို ဖားကပြန်မြိုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 13 Nov 2022 4:37 AM GMT

ဒီအကြောင်းအရာကို အောက်တိုဘာလကုန်ပိုင်းက စပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေကြတာဖြစ်ပြီး တစ်မိနစ်နီးပါးကြာမြင့်တဲ့ ဗွီဒီယိုထဲမှာ ဖားပါးစပ်ထဲကို မြွေရဲ့ ဦးခေါင်းပိုင်းက ရောက်နေပြီး လှုပ်ရှားနေတာကို ဖုန်းနဲ့ မှတ်တမ်းတင်သူတွေက ဖားက မြွေကိုမြိုနေတာ မျက်မြင်ဖြစ်ကြောင်း ပြောဆိုနေတာလည်း တွေ့ရပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီရုပ်သံဖိုင်ကို အမှတ်တမဲ့ ကြည့်လိုက်ရင် မြွေရဲ့ဦးခေါင်းဟာ ဖားရဲ့ပါးစပ်ထဲကို ရောက်နေတဲ့အတွက် ဖားကမြွေကို မြိုနေတယ်လို့ ထင်မြင်စရာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရုပ်သံဖိုင်ကို မြန်မာနိုင်ငံ မျိုးရင်း တိရစ္ဆာန်များ ဗဟုသုတမျှဝေခြင်းနှင့် အမျိုးအစားခွဲခြားခြင်းတွေ လုပ်ဆောင်နေတဲ့ ဖေစ့်ဘွတ်ဂရုဖြစ်တဲ့ Wildlife of Myanmar မှာ ပိုစ့်တင်မေးမြန်းမှုတွေမှာတော့ ဒါဟာ မြွေက ဖားရဲ့ ကလီစာတွေကို စားသောက်နေတာဖြစ်ပြီး ဖားကမြိုနေတာ မဟုတ်ကြောင်း ပညာရှင်တွေက ပြန်လည်ဖြေကြားထားပါတယ်။

ဒီရုပ်သံဖိုင်ထဲက မြွေက ကြက်ဥခိုးမြွေ (Kukri Snake) ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကြက်ဥခိုးမြွေမျိုးစိတ်ပေါင်း ၁၄ မျိုးတွေ့ရှိထားတယ်လို့ Wildlife of Myanmar မှာ ဖော်ပြထားပါတယ်။


ဒီမြွေဟာ ချွန်ထက်တဲ့ သွားတွေနဲ့ ကြက်ဥအပါအဝင် တခြားသတ္တဝါတွေရဲ့ ဥတွေကို ကိုက်ဖောက်စား သောက်တတ်လို့ ကြက်ဥခိုးမြွေ ဆိုပြီး အမည်တွင်တာဖြစ်ကြောင်း၊ အင်္ဂလိပ်နာမည်မှာလည်း သူတို့ရဲ့သွားတွေဟာ Nepalese kukri ဓါးလို ချွန်ထက်နေတဲ့အတွက် Kukri snake လို့ ခေါ်ခြင်းဖြစ်ကြောင်းနဲ့ ဖားလိုမျိုး သူတို့ရဲ့သားကောင်တွေကို မမြိုပဲ သွားနဲ့ ဝမ်းဗိုက်ကို ကိုက်ဖောက်ပြီး ကိုယ်တွင်းက ကလီစာတွေကို စားတတ်ကြောင်းတွေ ရေးသားထားပါတယ်။

Wildlife of Myanmar ဖေစ့်ဘွတ်ဂရုမှာ ဖော်ပြထားတဲ့ ကြက်ဥခိုးမြွေအကြောင်းကို ဒီနေရာ မှာ ဂရုအဖွဲ့ဝင်ပြီး ကြည့်ရှု့နိုင်ပါတယ်။

Related Stories