HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကာကွယ်ရေးဦးစီးချုပ်က သံရုံးတွေကို သတိပေးတယ်ဆိုတဲ့သတင်းအမှား

နိုင်ငံခြားသံရုံးများမှ သဘောထား ကြေငြာချက်များ ထွက်ပေါ်လာပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မကော်ကာကွယ်ရေးဦးစီးချုပ်၏ သတိပေးကြေငြာချက်တစ်စောင် ချက်ချင်း ထုတ်ပြန်လိုက်တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 30 Jan 2021 1:06 PM GMT

မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက်ကို ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန် ကြေငြာခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲစေဖို့ ဒါမှမဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေဖို့ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်း ထုတ်ပြန်တောင်းဆိုထားတာပါ။

အခုဖြန့်ဝေနေမှုတွေဟာ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေရဲ့ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပြီး ရေးသားထားရာမှာတော့ "နိုင်ငံခြားသံရုံးများမှ သဘောထား ကြေငြာချက်များ ထွက်ပေါ်လာပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း) မှ တပ်မကော်ကာကွယ်ရေးဦးစီးချုပ်၏ သတိပေးကြေငြာချက်တစ်စောင် ချက်ချင်း ထုတ်ပြန်လိုက်ကြောင်း၊ နိုင်ငံခြားသံရုံးများအနေနှင့် သံတမန်ကျင့်ဝတ်နှင့် ပြောဆိုဆက်ဆံကြရန် မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည့်အတွက် မည်သည့်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ မဟုတ်ကြောင်း၊ မိမိနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအား အခြားနိုင်ငံများမှ ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း၊ သံတမန်များအနေနဲ့ မိမိနိုင်ငံအား သံတမန်ရေးရာကိစ္စရပ်များ တာဝန်ထမ်းဆောင်ရန် လက်ခံထားခြင်းဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံထားရှိရမည့် နိုင်ငံရေးကျင့်ဝတ်သိက္ခာအား လိုက်နာသွားကြရန် သတိပေး ကြေငြာချက် ထုတ်ပြန် ထားကြောင်း" ရေးသားထားတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းနဲ့ ပါတ်သတ်ပြီး အတည်ပြုချက်ရယူရန် 'တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့' ရဲ့ တရားဝင်ဖေစ့်ဘွတ် စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်စစ်ဆေးကြည့်ရှုပေမယ့် ထိုသို့ထုတ်ပြန်ထားခြင်း တစ်စုံတရာ မတွေ့ရှိရပါဘူး။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ နောက်ဆုံးတင်ထားခဲ့တဲ့ သတင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ "ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်" ဖြစ်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက်ကတော့ ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်တဲ့ အတွက် ဒီသတင်းဟာ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ 


တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့' ရဲ့ တရားဝင်ဖေစ့်ဘွတ် စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်ကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories