HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တိုက်လေယာဉ် ၈ စီး NUG ရသွားတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တိုက်လေယာဉ် ၈ စီး ရရှိသွားပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 8 Aug 2022 3:43 PM GMT

ဒီသတင်းအမှားကို Follower သိန်းကျော်ရှိနေတဲ့ Sai Saw Tun ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ 'တိုက်လေယာဉ် ၈ စီး NUG ရသွားပြီ။ ရက်ပိုင်းပဲ သည်းခံကြပါ' လို့ ရေးသားထားတာ ဖြစ်ပါတယ်။

အချို့ဖြန့်ဝေမှုတွေမှာတော့ 'အမေရိကန်ကပေးတဲ့ တိုက်လေယာဉ် ၈ စီး ရောက်ပြီမို့ ရက်ပိုင်းပဲ သည်းခံကြလို့ သမ္မတကြီးမိန့်' လို့ ရေးသားကာ တစ်မိနစ်ခွဲခန့်ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ဖြန့်ဝေထားတာတွေလည်း ရှိပါတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေသာ ဖြစ်ပြီး NUG အစိုးရ သမ္မတအနေနဲ့ တိုက်လေယာဉ် ၈ စီး ရတယ်ဆိုတဲ့အကြောင်း ပြောကြားထားခြင်း မရှိသလို အမေရိကန်က တိုက်လေယာဉ်တွေပေးတယ်ဆိုတဲ့အကြောင်းအရာမျိုးလည်း သတင်းဌာနတွေမှာ ဖော်ပြထားတာမျိုး မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့တော့ ဧပြီလအတွင်းက တစ်ကြိမ်၊ ယခုလ ၆ ရက်နေ့မှာ တစ်ကြိမ် စစ်ကောင်စီ အသုံးပြုနေတဲ့ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်၊ သံချပ်ကာယာဉ်တွေယူဆောင်လာပြီး ပူးပေါင်းပါက ဆုကြေးငွေ ထိုက်တိုက်တန်တန် ပေးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါပေမယ့် တိုက်လေယာဉ်တွေ လက်ခံရရှိတယ်ဆိုတာတော့ ကြေညာထားတာ မရှိပါဘူး။


ကာကွယ်ရေးဝန်ကြီးဌာရဲ့ ကြေညာချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုု့နိုင်ပါတယ်။

Related Stories