HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗီဒီယိုဖိုင်အဟောင်းကို အသုံးပြုပြီး အမေရိကန် ဗုံးကြဲလေယာဉ်အုပ်စုဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ဗီဒီယိုဖိုင်အဟောင်းတစ်ခုကို အသုံးပြုပြီး အီရန်ကိုသွားတဲ့ အမေရိကန် B2 ဗုံးကြဲလေယာဉ်အုပ်စုဆိုပြီး ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 25 Jun 2025 9:32 PM IST

ဒီဗီဒီယိုဖိုင်ကို Zaw Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇွန်လ ၂၂ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၃၀ စက္ကန့်ခန့်သာ ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'B2 ဗုံးကြဲလေယာဉ်အုပ်စု အနီးကပ် မြင်လိုက်ကြရသူ များ @အီရန်' လို့ ရေးသားဖြန့်ဝေထားတာပါ။

ဗီဒီယိုထဲမှာတော့ လူတွေစုဝေးနေတဲ့ ကမ်းခြေတစ်ခုပေါ်ကနေ အမေရိကန် စစ်ဘက်ဆိုင်ရာ လေယာဉ်အုပ် ဖြတ်ပျံ သွားတာကို ရိုက်ကူးထားတဲ့ ပုံရိပ်တေွ မြင်တွေ့ရပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဗီဒိုယိုဖိုင်ထဲက အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသား ထားတဲ့ ဗီဒီယိုဖိုင်အတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီကမ်းခြေမှာ မေလအတွင်းက ပြုလုပ်ခဲ့တဲ့ Hyundai Air & Sea Show နှစ်ပတ်လည် ပြပွဲဖြစ်ပါတယ်။

ဒီပွဲမှာ အမေရိကန် စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေတပ်၊ မရိန်းတပ်၊ ကမ်းခြေစောင့်တပ်နဲ့ အခြားစစ်အင်အားတွေ ပါဝင် ပြသခဲ့တာဖြစ်ပြီး မေလ ၂၄ ရက်ကနေ ၂၅ ရက်အထိ ကျင်းပခဲ့တာပါ။


ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Hyundai Air & Sea Show နှစ်ပတ်လည်ပွဲနဲ့ ပတ်သက်ပြီး ဖလော်ရီဒါပြည်နယ် တောင်ပိုင်းအခြေစိုက် NBC6 မီဒီယာမှာလည်း ဖော်ပြပေးထားတဲ့အတွက် ဒီနေရာ ကနေ အပြည့်အစုံးဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories