HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လူမှုကွန်ရက်မှာဖြန့်ဝေထားတဲ့ အရေးပေါ်ဖုန်းနံပတ်တွေက တကယ်အလုပ်ဖြစ်သလား

အရေးပေါ်အခြေအနေတွေမှာ ဖမ်ဆီး၊ ခြိမ်းခြောက်ခံရတာတွေရှိရင် ဆက်သွယ်ပြောဆိုလို့ရတယ်ဆိုပြီး ဒီဖြန့်ဝေထားတဲ့ အဖွဲ့အစည်းတွေနဲ့ သတင်းထောက်တချို့ရဲ့ဖုန်းနံပတ်တွေထဲမှာ အမှားအယွင်းတွေပါဝင်နေသလို ဖုန်းအများစုဟာလည်းဆက်သွယ်မရနိုင်တဲ့ဖုန်းနံပတ်တွေသာဖြစ်နေပါတယ်။

By - Boom Live Myanmar | 11 Feb 2021 11:27 AM GMT

မူရင်းရေးသားသူမသိရတဲ့ ဒီဖြန့်ဝေမှုဟာ ဆန္ဒပြလှုပ်ရှားမှုတွေကို ပံ့ပိုးကူညီသူတွေနဲ့ လူမှုကွန်ရက်အကောင့်တွေမှာ အဆင့်ဆင့်ဖြန့်ဝေကြတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ အများအပြားလည်း ရှိနေပါတယ်။ဒီလိုဖြန့်ဝေရာမှာ "ကိုယ့်မိသားစုဝင်တွေ ဖမ်းခံရ၊ ခြိမ်းခြောက်ခံရတာရှိရင် ဒီသတင်းဌာနကို ပြောလို့ရပါတယ်။" လို့ ရေးသားထားပြီး VOA၊ RFA နဲ့ BBC သတင်းဌာနက သတင်းသမားတွေရဲ့ ဖုန်းနံပါတ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာတာဝန်ယူထားသူဆိုသူတွေရဲ့ဖုန်းနံပတ်တွေဆိုတာကို ရေးသားထားတာပါ။

ဒီအကြောင်းအရာတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီရေးသားမှုမှာပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ဖုန်းနံပတ်တွေအပေါ်စိစစ်ဖို့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ကြည့်တဲ့အခါပါဝင်တဲ့ ဖုန်းအကုန်လုံးက စက်ပိတ်ထားတာကြုံရပါတယ်။

ဒီဖြန့်ဝေမှုမှာ သူမနံပတ်ပါဝင်နေတဲ့ BBC က မအိမ့်ခိုင်ဦးကို BOOM က ဆက်သွယ်မေးမြန်းရာမှာ " ဒီဖြန့်ဝေနေမှုတွေက မဟုတ်ပါဘူး။ ကျွန်မတို့လည်း အဲ့လိုပြောထားတာ မရှိပါဘူး။ အခုလို ပြန့်သွားတဲ့အတွက် ညထဲက ဖုန်းကိုပိတ်ထားလိုက်ရတယ်။" လို့ ပြန်လည်ဖြေကြားထားပါတယ်။ 

အလားတူဖြန့်ဝေမှုမှာပါဝင်တဲ့ UN၊ ICRC စတဲ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်ဆိုသူတွေရဲ့ဖုန်းတွေကလည်း ဆက်သွယ်မရနိုင်တဲ့ဖုန်းတွေသာဖြစ်ပြီးဖုန်းအားလုံးဟာစက်ပိတ်ထားကြပါတယ်။

လက်ရှိပြည်တွင်းက လူမှုကွန်ရက်မှာဖြန်ံဝေကြတဲ့ပို့စ်တွေထဲမှာ ပါလေ့ရှိတဲ့ UN ရုံးကမြန်မာစကားပြောဆိုတတ်တဲ့ဆရာမ မီချီကိုဆိုတာတကယ်ရှိမရှိဆိုတာနဲ့ပတ်သက်လို့လည်း Boom က ရန်ကုန် UN ရုံးက သတင်းပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆိုပါအမျိုးသမီးတကယ်ရှိမရှိနဲ့ သူနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုထုတ်ပြန်ပြောဆိုခြင်းမရှိသလို အဆိုပါအမျိုးသမီးကိုဆက်သွယ်နိုင်တယ်ဆိုတဲ့ထုတ်ပြန်ပြောဆိုမှုတွေကိုလည်း UN ရုံးရဲ့ဝဘ်ဆိုက်နဲ့ လူမှုကွန်ရက်မှာလည်းသတင်းထုတ်ပြန်ထားတာမျိုးမရှိပါဘူး။

Related Stories