HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓါတ်ပုံအမှားတွေနဲ့ဖြန့်ဝေထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်သတင်း

ဓါတ်ပုံအဟောင်းအသုံးပြုကာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ကို ဧပြီ ၁၂ ရက်နေ့က နေပြည်တော်မှာ ရုံးထုတ်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 27 April 2021 4:49 AM GMT

ဒီဖြန့်ဝေမှုတွေကို စိုးအိမ်သူ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှ ဧပြီလ ၁၂ ရက်နေ့ကတည်းကစတင်ပြီး ဖြန့်ဝေနေရာမှာ ထပ်ဆင့်ဖြန့်ဝေသူ ကိုးထောင်ကျော်အပြင် ကူးယူဖြန့်ဝေသူအမြောက်အများလည်း ရှိနေပါတယ်။

ဖြန့်ဝေနေမှုထဲမှာ "နေပြည်တော်မှာ အမေစု၊ သမ္မတကြီးဦးဝင်းမြင့်နှင့်ဒေါက်တာ မျိုးအောင်တို့အား ရုံးထုတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးစီမံခန့်ခွဲမူဥပဒေ ပုဒ်မ/၂၅ ဖြင့် အမူထပ်တိုးလိုက်ကြောင်း၊ အမေစု၊သမ္မတကြီးနှင့် ဒေါက်တာမျိုးအောင်တို့ ကျန်းကျန်းမာမာ ရှိကြောင်း" ရေးသားထားပြီး မရမ်းရောင်လွှမ်းမိုးတဲ့ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပါအဝင် ယာဉ်ထိန်းရဲ၊ NLD ပါတီ တံဆိပ်ပါ ပင်တီဝတ် အမျိုးသားအပါအဝင် အရပ်ဝတ် လုံခြုံရေးများ ပါဝင်တဲ့ ဓါတ်ပုံတွေကို ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာ BOOM က သတင်းဆန်းစစ်ကြည့်ရာမှာ ဒီပုံတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ဘို့ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ခဲ့စဉ်က ပုံတွေဖြစ်ပါတယ်။

ဒီသတင်းကို အဆိုပါအချိန်က မီဒီယာအသီးသီးမှာ ဖော်ပြထားခဲ့ပြီး အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။


Mizzima သတင်းဌာနမှာ ၂၀၂၀ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဖြန့်ဝေနေမှုမှာ ပါဝင်တဲ့ ပုံထဲမှာ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဝတ်အစားကို တိုက်ဆိုင်ကြည့်ရှု့နိုင်ပါတယ်။

Mizzima သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


ဒီသတင်းကို ဧရာဝတီသတင်းဌာနမှာလည်း ဖော်ပြခဲ့ပါတယ်။ ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories