HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အမေရိကန် ပြည်နယ်အချို့က တောကောင်တွေ နေရာပြောင်းတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ဗီဒီယိုဖိုင်အဟောင်းတွေ၊ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုပြီး အမေရိကန် ပြည်နယ်အချို့နဲ့ Yellowstone အမျိုးသားဥယျာဉ်လို နေရာတွေက တောကောင်တွေ အစုလိုက် အပြုံလိုက် နေရာရွှေ့ပြောင်းနေတယ်ဆိုပြီး ရေးသား ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 24 July 2025 5:46 PM IST

ဒီအကြောင်းအရာကို Ko Win Myint ဖေစ့်ဘွတ်အကောင့်ကနေ ဇူလိုင်လ ၁၉ ရက်မှာ ဖေစ့်ဘွတ်ဗီဒီယိုနဲ့ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ဗီဒီယိုအောက်မှာ comment ထဲမှာ ထပ်မံဖော်ပြခဲ့တဲ့ ပုံတွေကို အသုံးပြုပြီး အခြားဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေက ထပ်မံဖြန့်ဝေနေတာပါ။

ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ် ဝန်ကျင်းရှိတဲ့ ဗီဒီယိုထဲမှာ အမေရိကန်က ပြည်နယ်တစ်ချို့မှာ တောကောင်တွေဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ကြုံတော့မှာမို့လို့ အုပ်စုလိုက် နေရာပြောင်းနေတယ်။ သတင်းတွေမှာ တွေ့နေရတယ် ဆိုပြီး ပြောဆိုနေတာပါ။ ဗီဒီယိုကိုလည်း ‘အမေရိကန် ပြည်နယ်တချို့ကတောကောင်တွေ အစုလိုက်ပြောင်းရွှေ့နေကြပြီ။ ဓါတ်ပုံတွေ’ ဆိုပြီး ရေးသားထားပါတယ်။

သူ့ရဲ့ ဗီဒီယိုအောက်မှာ ထပ်မံ မန့်ထားတဲ့ ပုံနဲ့ ဗီဒီယိုတွေကို အသုံးပြုပြီး အခြားဖြန့်ဝေသူတွေက ‘ကမ္ဘာကြီးက ကြောက်စရာကြီးပါ။ ဘာတွေဖြစ်လာမယ် မသိနိုင်တော့ပါ။ USA Yellowstone မှာ မဟာမီးတောင်ကြီး Super Volcano ရှိပါတယ်။ အဲ့ဒီမီးတောင်ကြီး ပေါက်ရင် အမေရိကန်ပြည်ထောင်စု သုံးပုံတစ်ပုံပဲ ကျန်ပါတော့မယ်။ တစ်ကမ္ဘာလုံး နေမမြင် ရတော့လို့ ဆယ်စုနှစ်များစွာ ရာသီပျောက်ပါမယ်။ ဝက်ဝံတွေ၊ တောင်ပေါ်ခြင်္သေ့တွေ၊ သမင်တွေ၊ ငှက်တွေလဲ Yellowstone နဲ့ ဝေးရာကို ထွက်ပြေးကုန်ကြပြီ။ ဒီမီးတောင်ကြီး ပေါက်ရင် USA နိုင်ငံ ပျက်ပြီ။ ကြောက်စရာကြီးပါပဲ။ ဘယ်တော့ ဘာ‌တွေဖြစ်လာမယ်ဆိုတာ လူတွေမသိနိုင်ပါ။ တိရိစ္ဆာန် တွေကို Interview လုပ်ပြီး မေးကြည့်ဖို့ကလဲ၊ စကားကမပေါက်၊ ခက်တော့ ခက်နေပြီ’ လို့ ရေးသားဖြန့်ဝေနေကြပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ ဗီဒီယိုအဟောင်းတွေ၊ ဓါတ်ပုံ အဟောင်းတွေကို အသုံးပြုပြီး လိုသလို လုပ်ကြံရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

အမေရိကန်နိုင်ငံ Yellowstone အမျိုးသားဥယျာဉ်ရဲ့ တာဝန်ရှိသူတွေက အခုဖြန့်ဝေနေတဲ့ မီးတောင်ပေါက်ကွဲတော့မှာမို့ တိရိစ္ဆာန်တွေ အစုလိုက် အပြုံလိုက်ပြောင်းရွေ့နေတယ်ဆိုတဲ့ ကောလဟလတွေနဲ့ ပက်သတ်ပြီး ငြင်းဆိုလိုက်တယ်ဆိုပြီး USA TODAY သတင်းဌာနမှာ ဇူလိုက်လ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။


USA TODAY သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီဖြန့်ဝေမှုထဲက အချို့ဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာ AI နည်းပညာနဲ့ ဖန်တီးထားတာတွေ ဖြစ်ပြီး အချို့ဗီဒီယိုတွေဟာ ယခင်က ဖြစ်ခဲ့တဲ့ ပုံရိပ်အဟောင်းတွေကို ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။

ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေထဲက ဝက်ဝံ အများအပြား နေရာရွှေ့ပြောင်းနေတယ်ဆိုတဲ့ ပုံဟာ AI နည်းပညာနဲ့ ဖန်တီးထား

တဲ့ ပုံအတုဖြစ်တဲ့ဆိုတဲ့အကြောင်း Snopes သတင်းဌာနနဲ့ LEAD STORIES ဆိုတဲ့ သတင်းဌာနတွေမှာ ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ ကတည်းက သတင်းဆန်းစစ်ထားပြီး ဖြစ်ပါတယ်။


 Snopes သတင်းဌာနနဲ့ LEAD STORIES သတင်းဌာနတွေမှာ သတင်းဆန်းစစ်ထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် Yellowstone အမျိုးသားဥယျာဉ်ထဲက နွားရိုင်းတွေ ထွက်ပြေးနေတဲ့ ဗီဒီယိုဟာလည်း Luke Mccullough ဆိုတဲ့ Youtube ချန်နယ်မှာ လွန်ခဲ့တဲ့ ၈ နှစ် ၂၀၁၇ ခုနှစ် ဖော်ဖော်ဝါရီ ၁၉ ရက်နေ့က ဖြန့်ဝေထားတဲ့ ဗီဒီယိုအဟောင်း ဖြစ်ပါတယ်။


မူရင်း ဗီဒီယိုဖိုင်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရူ့နိုင်ပါတယ်။

ဒါ့ကြောင့် အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူ ထိတ်လန့်အောင် တမင်လုပ်ကြံရေးသား ဖြန့်ဝေနေတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Full View


Tags:

Related Stories