HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG ကို တရားဝင် စစ်ရေးထောက်ပံ့မယ်ဆိုတဲ့ သတင်းအမှား

NUG ကို တရားဝင် စစ်ရေးထောက်ပံ့မည်ဆိုပြီး မည်သည့်နိုင်ငံ အဖွဲ့အစည်းက ပြောသည်ကို ဖော်ပြမထားပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Sep 2022 2:41 AM GMT

ဒီအကြောင်းအရာကို 'အချက်အလက်အစစ်အမှန်' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က စက်တင်ဘာလ ၂၅ ရက်နေ့မှာ စတင်ဖြန့်‌ဝေခဲ့တာဖြစ်ပြီး ကြည့်ရှု့သူ သိန်းကျော်ရှိကာ ပိုစ့်အောက်မှာ မှတ်ချက်ပေးသူနဲ့ ပြန်လည်ဖြန့်ဝေသူ အများအပြားလည်း ရှိနေပါတယ်။

ဒီသတင်းအမှားကို 'NUG ကို တရားဝင် စစ်ရေးထောက်ပံ့မည်' လို့ ရေးသားကာ ကြာချိန် ၁၅ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေခဲ့တာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ကို ဖွင့်ကြည့်ရင် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီကနေ ပြင်းပြင်းထန်ထန် အရေးယူခြင်းမရှိတဲ့အပေါ် ဝမ်းနည်းစိတ်ပျက်ရတယ်လို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ အကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောကြားထားခြင်းသာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာထဲမှာ NUG အစိုးရကို တရားဝင် စစ်ရေးထောက်ပံ့မယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပါဘူး။ အခုဖြန့်ဝေနေတာဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်ရေးထောက်ပံ့တာနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်က တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေဆီ စစ်ရေးထောက်ပံ့တာတွေပါတဲ့ R2P မူဝါဒကိုသုံးပြီး ဖြစ်နိုင်တဲ့ အရေးယူတာတွေ အမြန်ဆုံးချမှတ်လုပ်ဆောင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြီးခဲ့တဲ့လအတွင်း တောင်းဆိုမှု ပြုလုပ်ခဲ့ပါသေးတယ်။

Asia Society Policy Institute က ဦးစီးကျင်းပတဲ့ "မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ရက်စက်ဆိုးဝါးသည့် ပဋိပက္ခအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း" ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲမှာ ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံဟာ အလုံးစုံပျက်သုဉ်းတဲ့နိုင်ငံ ဖြစ်လာဖို့ ဦးတည်နေတဲ့အပေါ် အင်မတန် စိုးရိမ်နေတယ်လို့ ပြောပြီး နိုင်ငံတကာ အသိုက်အဝန်းကို အချက် ၆ ချက် တောင်းဆိုခဲ့တာပါ။

Related Stories