HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဖေစ့်ဘွတ်ပေချ့်အတုတွေ အသုံးပြုပြီး လိမ်လည်နေတဲ့ အွန်လိုင်းချေးငွေဝန်ဆောင်မှု လုပ်ငန်းတွေ

ဖေစ့်ဘွတ်ပေချ့်အတုတွေ အသုံးပြုကာ ချေးငွေထုတ်ချေးတယ်ဆိုပြီး ကိုယ်ရေးအချက်အလက်နဲ့ ငွေးကြေးလိမ်လည် တောင်းယူနေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 24 March 2023 6:43 AM GMT

ဒီဖေစ့်ဘွတ်ပေချ့်အတုတွေဟာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအယောင်ဆောင်ကာ ပုံစံအမျိုးမျိုး၊ နာမည်အမျိုးမျိုးနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရှိနေတာဖြစ်ပြီး နာမည်ရ ဘဏ်တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဓါတ်ပုံတွေ၊ စာရွက်စာတမ်းတွေနဲ့ နာမည်တွေကို ရယူအသုံးပြု လိမ်လည်နေတာဖြစ်ပါတယ်။

လိမ်လည်ရာမှာ တရားဝင်လိုင်စင်ရ ချေးငွေလုပ်ငန်းတွေရဲ့ လုပ်ငန်းသုံး ဖေစ့်ဘွတ်ပေချ့်တွေ၊ ဝက်ဘ်ဆိုက်တွေမှာ တင်ထားတဲ့ ဓါတ်ပုံတွေ၊ စာရွက်စာတမ်းတွေကို အသုံးပြုပြီး လိမ်လည်နေတာဖြစ်ပါတယ်။

ဒီလိုအဆောင်ဆောင်ထားတဲ့ ပေ့ချ်တစ်ခုကတင်တဲ့ ပို့စ်တစ်ခုမှာတော့ 'ရွှေသမီး လိုင်စင်ရအာမခံ ချေးငွေလုပ်ငန်း မှလူကြီးမင်းတို့ လုပ်ငန်းအတွက် လိုအပ်သလောက် အရင်းနှီးငွေကို Online မှတစ်ဆင့် လွယ်ကူလျှင်မြန်စွာ ချေးယူနိုင်ပါပြီ။ လုပ်ငန်းရှင်များအနေဖြင့် (10)သိန်းကျပ်မှစတင်၍ (500)သိန်းကျပ်အထိ ချေးယူနိုင်ပါတယ်။ အတိုးနှုန်းမှာ (1) ကျပ်တိုးနှုန်းဖြစ်ပါတယ်။ အတိုးကိုတစ်လတစ်ကြိမ် (သို့မဟုတ်) ခြောက်လတစ်ကြိမ်ပုံမှန်ပြန်ဆပ်သွားရပါမည်' ဆိုပြီး လိမ်လည်ရေးသားထားတာပါ။

အချို့ဖြန့်ဝေမှုတွေမှာတော့ "ငွေလိုပါက ချေးယူနိုင်ကြောင်း၊ လူကိုယ်တိုင်လာစရာ မလိုပဲ wave money ဆိုင်မှ ငွေထုတ် ငွေသွင်းလုပ်ပေးကြောင်း၊ တစ်သိန်းမှ သိန်းနှစ်ရာအထိ ချေးယူနိုင်ကြောင်း၊ အတိုးမှာ တစ်သိန်းကို ငါးထောင်ကျပ်ဖြစ်ကြောင်းနဲ့ တစ်လအတိုးသွင်းနိုင်မှ ငွေချေးပေးတာ ဖြစ်ကြောင်း" တွေ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အွန်လိုင်းချေးငွေ ဝန်ဆောင်မှုဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ပတ်သက်ပြီး BOOM က စုံစမ်းရေးသားမှုတွေ လုပ်ခဲ့ပေမယ့် ဒီဖေစ့်ဘွတ်ပေချ့်အတုတွေက မကြာခင်ပြန်ပေါ်လာပြီး ထပ်မံလိမ်လည်မှုတွေ လုပ်နေတာပါ။

ဒီပေချ့်တွေမှာ ဖော်ပြထားတဲ့ ဖုန်းတွေကို ဆက်သွယ်ကြည့်ရာမှာ အများစုက ပိတ်ထားတာ တွေ့ရပါတယ်။ ပြန်လည်ဖြေကြားတဲ့ ဖုန်းအချို့ကလည်း သတင်းမီဒီယာက ဆက်သွယ်ကြောင်း သိရှိတာနဲ့ ဖုန်းချပစ်ခြင်း၊ ဘလော့ခြင်းတွေ ပြုလုပ်တာ တွေ့ရပါတယ်။

ဒီလိမ်လည်မှုတွေနဲ့ ပက်သက်ပြီး ရွှေသမီးရွှေဆိုင်ပိုင်ရှင် ဦးတင်မောင်သန်း ကလည်း သူ့ရဲ့ ဖေစ်ဘွတ်အကောင့်မှာ ရွှေသမီးအာမခံချေးငွေလုပ်ငန်း ဖေစ့်ဘွတ်ပေချ့်ကို report ထု ပေးဘို့ ဆက်တိုက်ပိုစ့်တွေ တင်နေတာလည်း တွေ့ရပါတယ်။

ရွှေသမီး စိန်ရွှေရတနာဆိုင်အနေနဲ့ ချေးငွေလုပ်ငန်း လုံးဝမလုပ်ဆောင်ဘူးလို့ ပြန်လည်ဖြေရှင်းထားပါတယ်။


ရွှေသမီးရွှေဆိုင်ပိုင်ရှင် ဦးတင်မောင်သန်းရဲ့ ပြန်လည်ဖြေရှင်းထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

လက်ရှိအွန်လိုင်းမှာ ချေးငွေဝန်ဆောင်မှုလုပ်ငန်းဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့မှာ SME၊ ဇွဲထက်၊ မြစိမ်းရောင်၊ KBz agent ချေးငွေ၊ ရွှေသမီးအာမခံချေးငွေလုပ်ငန်း၊ ဦးမောင်မောင်၊ ကမ္ဘာရတနာ၊ ချေးငွေလုပ်ငန်း အမှန်အကန်၊ ရွှေမြန်မာ၊ အောင်ရတနာ၊ မိုင်မီတာ၊ အောင်သမာဓိ၊ မြရတနာ၊ အောင်ရတနာ၊ Kbz bank online ချေးငွေ၊ ပြည့်ဖြိုးစံ၊ စိန်သရဖူ၊ ထိုင်း မြန်မာ ချေးငွေ၊ ဦးသိန်းထွန်း၊ စိန်မိသားစုနဲ့ ဦးသိန်းထွန်း ဆိုတဲ့ ပေချ့်တွေ ဖြစ်ပါတယ်။

Related Stories