HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လူကယ်ပြန် ဝန်ကြီးဌာနရဲ့အစည်းအဝေးကို INGO တွေ တက်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းအမှား

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုလုပ်တဲ့ နေပြည်တော်အစည်းအဝေးကို INGO ၅ ခု တက်ရောက်ကာ MOU ထိုးခဲ့တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေဟာ သတင်းမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 10 March 2021 3:23 PM GMT

ဒီရေးသားဖြန့်ဝေမှုတွေဟာ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၉ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်တဲ့ သတင်းကြောင့် နားလည်မှုလွဲမှားရာကနေ စတင်ပျံ့နှံ့ခဲ့တာပါ။ တကယ်တော့ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ စာအရေးအသားရှင်းလင်းမှုမရှိတာကနေ နားလည်မှုလွဲမှားပြီး သတင်းထဲမှာဖော်ပြထားတဲ့ INGO အဖွဲ့အစည်း ၅ ခုအပေါ် ပြစ်တင်ရေးသား ဖြန့်ဝေနေတာပါ။

လူကယ်ပြန်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


ဒီသတင်းတွေနဲ့ ပတ်သက်ပြီး လူကယ်ပြန်ဝန်ကြီးဌာနရဲ့ သတင်းထဲမှာပါဝင်ခဲ့တဲ့ People In Need ၊ Trocaire ၊ ChildFund Myanmar ၊ Christian Aid နဲ့ Mercy Corps (Myanmar) အဖွဲ့အစည်းအသီးသီးက သူတို့ရဲ့ ဖေစ့်ဘွတ်ပေချ့်တွေကတဆင့် ပြန်လည်ဖြေရှင်းထားတဲ့အချက်တွေထဲမှာ "လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့တဲ့ နေပြည်တော်အစည်းအဝေးကို တက်ရောက်ခဲ့ခြင်းမရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ချုပ်ဆိုထားတဲ့ နားလည်မှုစာလွှာ (MOU) ကလည်း သက်တမ်းကုန်ဆုံးပြီး ဖြစ်ကြောင်းနဲ့ MOU အသစ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိကြောင်း" ရေးသားထားတာ တွေ့ရတယ်။


INGO အဖွဲ့အစည်းတွေရဲ့ ပြန်လည်ဖြေရှင်းထားမှုတွေကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories